မိုးကောင်းမြို့အတွင်း စစ်တပ် စခန်း KIA, KPDF တိုက်ခိုက်သိမ်းပိုက်ပြီး စစ်တပ်က အင်အားထပ်ဖြည့်နေ

မိုးကောင်းမြို့အတွင်း စစ်တပ် စခန်း KIA, KPDF တိုက်ခိုက်သိမ်းပိုက်ပြီး စစ်တပ်က အင်အားထပ်ဖြည့်နေ

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ဆားမှော်အရှေ့တောင်ကြောမှာရှိတဲ့(ဒေသအခေါ်) စပါးကုန်းစစ်တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA,PDF ဘက်က တိုက်ခိုက်သိမ်းပိုက်လိုက်တဲ့ နောက် ဆားမှော် မှာ စစ်တပ်ဘက်က အင်အားဖြည့်တင်းတာတွေ ဆက်တိုက်လုပ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

နိုဝင်ဘာလ ၁၀ ရက်နေ့ မနက် ၆နာရီကနေ KIA,PDF တပ်တွေက စပါးကုန်းစစ်တပ်စခန်းကို စတင်တိုက်ခိုက်ခဲ့ရာ နိုဝင်ဘာလ ၁၁ ရက်နေ့ နေ့လည် ၁၂ နာရီကျော်မှာ တိုက်ခိုက်သိမ်းပိုက်လိုက်နိုင်ခဲ့ပြီး တစ်ဆက်တည်းမှာပဲ ဆားမှော် ခလရ ၁၀၅ တပ်စခန်းနဲ့ ရွာအဝင်မှာရှိတဲ့ ပြည်သူ့စစ်ဂိတ်ကိုလည်း ဒရုန်းနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ မိုးကောင်းပြည်သူ့ ကာကွယ်ရေးတပ်က မနေ့ ညမှာထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာလ ၁၁ ရက်နေ့ ဆားမှော်ရွာနီးက ခလရ ၁၀၅ တပ်စခန်းတိုက်ခိုက်ခံရချိန် စစ်တပ်ဘက်က အရာရှိတစ်ဦးနဲ့ တပ်သားအဆင့်တစ်ဦး ပျူစောထီး ၃ဦးအပါအဝင် နောက်ထပ် ၄ ဦးထိခိုက်ဒဏ်ရာပြင်း ထန်ရရှိခဲ့ပြီးနောက် စစ်တပ်ဘက်က ခုလိုအင်အားဖြည့်တင်းလာတာဖြစ်တယ်လို့ ဆားမှော်ဒေသခံတစ်ဦးက ခုလိုပြောပါတယ်။

“ခုဆားမှော်မှာ စစ်ကောင်စီဘက်က ကား ၃ စီးနဲ့အင်အား ၆၀ လောက် မနေ့က နေ့လည် ၁ နာရီလောက်က အဲဒီ ၁၀၅ တပ်ထဲကို ပို့ထားတယ်။ အဲဒီတပ်စခန်းဒရုန်းနဲ့ပစ်ချခံလိုက်တဲ့နောက် ၁၁ ရက်နေ့ကနေ မနေ့က ၁၂ ရက်နေ့ညအထိ နာရီဝက်ခြား တစ်နာရီခြား ဆားမှော်အရှေ့ဘက်ကွင်းကို လက်နက်ကြီးပစ်နေတာ ခုထိလည်းပစ်တာတွေရှိနေတုန်း ဟုတ်တယ်” လို့ ပြောပါတယ်။

Most read this week

မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့ကို ဆက်သွယ်ထားသည့် ဗလမင်းထင်တံတား မြင်ကွင်း။
September 12, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့သို့ အခြေခံ စားသောက်ကုန်များ ဝင်ရောက်ရာ ဗလမင်းထင်တံတားမှ ကုန်ပစ္စည်း...
ရှေ့တန်းတစ်နေရာတွင် မြင်တွေ့ရသည့် KIA နှင့် PDF ပူးပေါင်းတပ်များ
September 11, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးဒေသတွင် စစ်အုပ်စုတပ်၊ ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်အဖွဲ့နှင့် ကချင်လွတ်လပ်ရေး...
September 11, 2026
ကချင်ပြည်၊ ပူတာအို - မြစ်ကြီးနား ကားလမ်းပိုင်းတွင် အသက် ၁၅ နှစ်အထက်နှင့် အသက် ၄၀ အောက် ခရီး သွား...
ဓါတ်ပုံ – (SNA) က ပိတ်ထားသည့် ဖားကန့်–ဟုမ္မလင်း ရေကြောင်းလမ်း အခြေအနေ။
September 10, 2026
ရှမ်းနီအမျိုးသားများတပ်မတော် (SNA) က ပိတ်ထားသည့် ဖားကန့် - ဟုမ္မလင်း ရေကြောင်းလမ်းကို အမြန်ဆုံး...