မူဆယ်တွင် နာမကျန်းသူအချို့ကို ဆေးရုံအချိန်မီ မပို့နိုင်သဖြင့် သေဆုံးမှုများရှိနေ

မူဆယ်တွင် နာမကျန်းသူအချို့ကို ဆေးရုံအချိန်မီ မပို့နိုင်သဖြင့် သေဆုံးမှုများရှိနေ

သျှမ်းပြည်မြောက်ပိုင်း တိုက်ပွဲများ‌ကြောင့် မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီး ပိတ်ထားခံရသဖြင့် မူဆယ်မြို့မှ နာမကျန်းသူအချို့ကိုလားရှိုးနှင့် မန္တလေး ဆေးရုံသို့ အချိန်မီ မပို့‌နိုင်၍ သေဆုံးမှုများ ရှိနေကြောင်း မူဆယ်မြို့ခံများထံမှ သိရသည်။

မန္တလေး- လားရှိုး- မူဆယ်လမ်းပိုင်းကို အောက်တိုဘာလ ၂၇ ရက်မှ စတင်၍ ညီနောင်မဟာမိတ်သုံးဖွဲ့မှပိတ်ထားခဲ့ပြီး သိန္နီမြို့ရှိ နမ္မတူချောင်းတံတားပါ ပျက်စီးနေသောကြောင့် အရေးပေါ် နာမကျန်းဖြစ်နေသူများကို လားရှိုးနှင့် မန္တလေးဆေးရုံများသို့ ပို့ဆောင်နိုင်ခြင်းမရှိ၍ သေဆုံးမှုများ ဖြစ်ပေါ်နေရကြောင်းသိရသည်။

“ ပြီးခဲ့တဲ့ ရက်က နေမကောင်းဖြစ်နေတဲ့ လူနာနှစ်ဦး ဆေးရုံမပို့နိုင်လို့ ဆုံးသွား တယ်ဗျာ။ လမ်းတွေကပိတ်၊ တိုက်ပွဲကြားက သွားဖို့ကလည်းမဖြစ်၊တတ်နိုင်တဲ့သူတွေကတော့ ရွှေလီဘက်ကို သွားကုကြတာပေါ့။ မတတ်နိုင်တဲ့သူတွေကတော့ ဒီအတိုင်း ကြိတ်ခံနေရတယ်၊၊ ပုံမှန်သောက်နေကျ ဆေး‌ကုန်သွားလို့ ပြန်ဝယ်ဖို့တောင်မလွယ်တော့ဘူး အားလုံးရှားပါးကုန်ပြီ ” ဟု ဒေသခံတစ်ဦးမှ သျှမ်းသံတော်ဆင့် သို့ ပြောကြားသည်။

မူဆယ်မြို့တွင် စက်သုံးဆီ တစ်လီတာလျှင် တသောင်းလေးထောင်ကျပ်အထိ ပေးဝယ်ရနေပြီး လိုသလောက်မရဖြစ်နေ၍ သွားလာရေးခက်ခဲမှုများဖြစ်ပေါ်နေကြောင်းသိရသည်။

မူဆယ်မြို့မှ ဗန်းမော်-ရွှေကူ-ကသာ-မတ္တရာလမ်းအတိုင်း လှည့်ပတ်‌သွား‌ရ၍ မန္တလေးမြို့သို့ ရောက်ရန် နှစ်ညအိပ် သုံးရက်ခရီးသွားနေရကြောင်းလည်း စုံစမ်းသိရှိရသည်။

“မနက်သွားညရောက်တဲ့ခရီးက အခု ဗန်းမော်ဘက်ကလှည့်သွားနေရလို့ နှစ်ညအိပ် သုံးရက်ခရီး ဖြစ်သွားတာပေါ့ဗျာ။ လူတယောက်ကို ကားခက နှစ်သိန်းခွဲလောက်ကျတယ် လိုက်ပေးတဲ့ကားရှိလို့ ညှိပြီးသွား‌နေကြတာ။ နာမကျန်းဖြစ်နေသူဆို မလွယ်ဘူး” ဟု မူဆယ်မြို့မှ မန္တလေးသို့ပြန်လာသည့် ခရီးသည်တစ်ဦးမှ ပြောကြားသည်။

လက်ရှိတွင် သျှမ်းပြည်မြောက်ပိုင်း၌ တိုက်ပွဲအရှိန်များ ဆက်လက်မြင့်တက်လာမှုနှင့်အတူ အခြေခံစားသောက်ကုန် ဈေးနှုန်းများပါ အဆမတန်မြင့်တက်လျှက်ရှိပြီး စားနပ်ရိက္ခာပြတ်လပ်မှုများပါ ဖြစ်ပေါ်လာမည်ကို စိုးရိမ်နေကြရကြောင်းလည်း ဒေသခံများထံမှ သိရှိရသည်။

ဓာတ်ပုံ - Crd
August 24, 2026
သျှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်းများကို...
ဓာတ်ပုံ - (RCSS/SSA) RCSS/SSA တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်
August 24, 2026
သျှမ်းပြည်အရှေ့ပိုင်း၊ မိုင်းပျဉ်းမြို့နယ်အတွင်းရှိ သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/...
ဓါတ်ပုံ - ဟိုပုံးမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်ဒီဂေါလ်
August 21, 2026
သျှမ်းပြည်အတွင်း စစ်ရေးပဋိပက္ခများနှင့် စီးပွားရေး ကျပ်တည်းမှုများကြောင့် ယခု ၂၀၂၆-၂၀၂၇...
(တာချီလိတ် - မယ်ဆိုင် ချစ်ကြည်ရေးအမှတ် ၁ တံတား နယ်စပ်ဂိတ် မြင်ကွင်း။)
August 21, 2026
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ကို ဆက်သွယ်ထားသည့်...