အိန္ဒိယနယ်စပ်အနီးရှိ ခမ်းပါတ်မြို့ကို ထပ်မံတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီဟု NUG ထုတ်ပြန်

အိန္ဒိယနယ်စပ်အနီးရှိ ခမ်းပါတ်မြို့ကို ထပ်မံတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီဟု NUG ထုတ်ပြန်

အိန္ဒိယနယ်စပ်အနီးရှိ စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ တမူးမြို့နယ်ထဲက  ခမ်းပါတ် (ခန်းပတ်) မြို့ကို ယနေ့ နိုဝင်ဘာ ၇ ရက်တွင် ထပ်မံတိုက်ခိုက်သိမ်းယူနိုင်ခဲ့ပြီဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

အမှတ်(၁) စစ်ဒေသ၊ တမူးခရိုင် ကွပ်ကဲမှုအစီအစဥ်ဖြင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊   ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နှင့်တော်လှန်ရေး အဖွဲ့များက ယနေ့နံနက်ပိုင်းတွင် အပြည့်အဝ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။

၎င်းပြင် အဆိုပါ မြို့သိမ်းတိုက်ပွဲတွင် တမူးခရိုင် တပ်ရင်း (၂) ၊ စစ်ဒေသအထူး တပ်ရင်း (၂) ၊ အမှတ် ၁ စစ်ဒေသ လက်နက်ကြီး အဖွဲ့ ၊ ရှေ့တန်းကွပ်ကဲရေး အဖွဲ့ ၊ CNDF ၊ TDA ၊ RCDF နှင့် KNA-Burma စသည့် တော်လှန်ရေး အဖွဲ့များပူးပေါင်းပါဝင်ခဲ့ကြောင်း ဖော်ပြထားသည်။

ခမ်းပါတ်မြို့ကို နိုဝင်ဘာလ (၃) ရက်မှ စတင်၍ ဝိုင်းပတ်တိုက်ခိုက်ခဲ့ရာ ယနေ့ နံနက်တွင် နယ်မြေလုံခြုံရေးအတွက် ရှင်းလင်းမှုများ ဆောင်ရွက်လျက် အပြီးသတ် သိမ်းယူနိုင်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

အဆိုပါ အမှတ် (၁) စစ်ဒေသသည် C3C ၏ အစီအစဉ်ဖြင့် KIA စစ်ဦးစီးချုပ်က စစ်ဒေသမှူး အဖြစ် လည်းကောင်း၊ KIA အရာရှိများက ခရိုင်ကွပ်ကဲရေးမှုးများ အဖြစ်လည်းကောင်း တာဝန်ယူလျက် PDF တပ်ရင်းများနှင့် ပကဖ အဖွဲ့များကို လေ့ကျင့်ပျိုးထောင်ကာ အနီးကပ်ကွပ်ကဲမှု ရယူထားသော စစ်ဒေသဖြစ်ကြောင်း သိရသည်။

ယမန်နေ့ နိုဝင်ဘာ ၆ ရက်တွင် စစ်ကိုင်းတိုင်းက ခရိုင်မြို့တစ်မြို့ဖြစ်သော ကောလင်းမြို့ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့်မဟာမိတ်တပ်ဖွဲ့များမှ သိမ်းပိုက်ပြီးနိုင်ခဲ့သည်။

April 24, 2026
ရခိုင်ပြည်၊ရမ်းဗြဲမြို့နယ်နှင့် တောင်ကုတ်မြို့နယ်ဖက်ကို ကမ်းကပ်ရန်ချဉ်းကပ်ခဲ့သည့် ...
ဓာတ်ပုံ - ရက္ခဝဏ္ဏစာပီကဗျာ
April 23, 2026
ကျော်သီဟ — အာရက္ခတပ်တော်(AA)တည်ထောင်ခြင်း (၁၇)နှစ်မြောက်မွေးနေ့ကို ဂုဏ်ပြုကြိုဆိုသည့်အနေဖြင့်...
April 22, 2026
ဆောင်းဦးမာန် — ရန်ကုန်မြို့မှ ရခိုင်ပြည်၊ မာန်အောင်မြို့သို့ ပြေးဆွဲမည့် လေကြောင်းခရီးစဉ်ကို...
April 21, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ကမ်းရိုးတန်းမှတစ်ဆင့် တောင်ကုတ်နှင့်ရမ်းဗြဲမြို့နယ်များအား...