ကရင်နီပြည်တွင် စစ်ကောင်စီလက်အောက်ခံမဟုတ်သည့် ကျောင်းဝန်ထမ်းများကို လစဉ်ကြေး ထောက်ပံ့

ကရင်နီပြည်တွင် စစ်ကောင်စီလက်အောက်ခံမဟုတ်သည့် ကျောင်းဝန်ထမ်းများကို လစဉ်ကြေး ထောက်ပံ့

ကရင်နီပြည်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံမဟုတ်တဲ့ စာသင်ကျောင်း(၂၃၈) ကျောင်းက ဝန်ထမ်းတွေကို ဆယ်သဲဖောင်းဒေးရှင်း (STF) ကနေ လစဉ် ထောက်ပံ့ကြေးတွေပေးနေတယ်လို့ ဆယ်သဲဖောင်ဒေးရှင်း (STF ) ရဲ့ ဒု – ညွှန်ကြားရေးမှူး ခူးမောတခဲက ကန္တရဝတီတိုင်း(မ်)ကို ပြောပါတယ်။

ကရင်နီပြည်မှာရှိတဲ့ ရပ်ရွာ အခြေပြုစာသင်ကျောင်းနဲ့ ကိုယ်ထူကိုယ်ထကျောင်းတွေမှာ ပညာသင်ကြားပေးနေသူတွေကို ထောက်ပံ့ပေးနေတာဖြစ်ပါတယ်။

“ဆရာ၊ ဆရာမတွေကို ထောက်ပံ့ကြေးအနေနဲ့ လစာမဟုတ်ဘဲနဲ့ ထောက်ပံ့ကြေးအနေနဲ့ပေါ့နော်၊ ထောက်ပံ့ပေးမယ်ဆိုရင် ဆရာ ဆရာမတွေက သူတို့ရဲ့ စားဝတ်နေရေး တဖက်တလမ်းအတွက်လည်း ပြေလည်သွားမယ်။ နောက်ပြီးတော့ ပညာရေးပေါ့ ကလေးကို ပညာသင်ကြားပေးတဲ့အချိန်မှာ သူတို့နည်းနည်း ပိုပြီးတော့မှ စိတ်ပါဝင်စားလာအောင်ဆိုတဲ့ ရေရှည်ပေါ့နော်၊ ခဏတဖြုတ်မဟုတ်ဘဲနဲ့ ရေရှည်လုပ်ဆောင်လာမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျနော်တို့ ထောက်ပံ့ပေးရခြင်းဖြစ်ပါတယ်” လို့ ခူးမောတခဲက ပြောပါတယ်။

ဖရူဆို ၊ဒီးမော့ဆို၊ ရှားတော ၊လွိုင်ကော်နဲ့ မော်ချီးစတဲ့ ဒေသက ကိုယ်ထူကိုယ်ထကျောင်းနဲ့ ရပ်ရွာအခြေပြုကျောင်း ကျောင်းပေါင်း (၂၃၈) ကျောင်းက ဝန်ထမ်း စုစုပေါင်း( ၁၆၀၀) ဦးကို ထောက်ပံ့ပေးနေတယ်လို့ သိရပါတယ်။

STF အနေနဲ့ စစ်ကောင်စီအာဏာမသိမ်းခင်က ကရင်နီပြည်မှာ ရပ်ရွာအခြေပြုကျောင်း ကျောင်းပေါင်း ၄၀ ဝန်းကျင်ကိုသာ ထောက်ပံ့ပေးခဲ့ပေမဲ့ လက်ရှိမှာတော့ ရပ်ရွာအခြေပြုကျောင်းအပြင် ကိုယ်ထူကိုယ်ထကျောင်း ၂၀၀ ကျော်ကို ထောက်ပံ့ပေးလျှက်ရှိတယ်လို့ သိရပါတယ်။

ဓါတ်ပုံ – (ဒီးမော့ဆိုမြို့နယ် အရှေ့ပိုင်းရှိ စစ်ဘေးရှောင် စာသင်ကျောင်းတစ်ကျောင်းကို တွေ့ရစဉ်။)
September 10, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် (အရှေ့ပိုင်း) ဒေသအတွင်း ဖွင့်လှစ်ထားသည့် စာသင်ကျောင်းအချို့ကို...
September 10, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ရှောင်စခန်း စာသင်ကျောင်းတစ်ခုတွင် ကျောင်းလခ...
September 9, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်များ စုပေါင်းနေထိုင်ရာ စခန်းတစ်ခုတွင်...
စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော နေအိမ်များ။ / Crd
September 7, 2026
ကရင်နီပြည်၊ ရှားတော (ဆိုမိုဖရေစိုးလေး) မြို့နယ်နှင့် လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းရှိ...