မာန်အောင်အပါအဝင် ရခိုင်၏ နေရာ ၄ ခုတွင် ဆောင်းဦးပွဲတော်ကျင်းပမည်

မာန်အောင်အပါအဝင် ရခိုင်၏ နေရာ ၄ ခုတွင် ဆောင်းဦးပွဲတော်ကျင်းပမည်

မာန်အောင်အပါအဝင် ရခိုင်၏ နေရာ ၄ ခုတွင် ခရီးသွားလုပ်ငန်းမြှင့်တင်ရန်အတွက် ဆောင်းဦးပွဲတော်ကို ယခုလတွင် ကျင်းပသွားမည်ဟု သတင်းရရှိသည်။

ဆောင်းဦးပွဲတော် ကျင်းပနိုင်ရေးအတွက် နိုဝင်ဘာလ ၄ ရက်နေ့‌ က မာန်အောင်မြို့နယ် ဘောလုံးကွင်းတွင် တောင်ကုတ်ခရိုင်အုပ်ချုပ်ရေးမှူးနှင့် စီးပွားရေးလုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာများ ပါဝင်သည့် အဖွဲ့တစ်ခုက အစည်းအဝေးပြုလုပ်ခဲ့‌ကြောင်း သိရသည်။

မာန်အောင်ဒေသခံ တစ်ဦးက “ မာန်အောင်မြို့မှာ ပထမဆုံးအကြိမ် ဆောင်းဦးပွဲတော်ကို ၅ ရက် တိုင်တိုင် ကျင်းပမှာ ဖြစ်ပါတယ်။ အဲဒီပွဲတော်ကို ဟိုတယ်ဇုန်ရှိရာ ကအီးကမ်းခြေ သဲသောင်ပြင်မှာ ကျင်းပမှာဖြစ်ပါတယ်။ အဓိကတော့ ခရီးသွားလုပ်ငန်း တိုးတက်ရေးအတွက် ရည်ရွယ်တာပေါ့။ ဖူဆယ်ဘောလုံးပြိုင်ပွဲ၊ ပြပွဲတွေလည်း  ထည့်သွင်းကျင်းပမယ်လို့ သိရပါတယ်” ဟု ပြောသည်။

ယခုပွဲတော်သည် မာန်အောင်မြို့တွင် ပထမဆုံးအကြိမ် ပြုလုပ်မည့် ဆောင်းဦးပွဲတော်ဖြစ်ပြီး စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်မည်ဖြစ်ကြောင်း သတင်းထွက်ပေါ်နေသည်ဟုလည်း အမည်မဖော်လိုသူ တစ်ခြားဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မာန်အောင်သို့ လာရောက်ခြင်းမှာ ရခိုင်လူထုကို စည်းရုံးရန်နှင် ရခိုင်ပြည် အေးချမ်းနေကြောင်း ဝါဒဖြန့်ရန်အတွက် ဖြစ်နိုင်သည်ဟု ၎င်းကဆက်လက် ပြောဆိုသည်။

" စသုံးလုံးအဖွဲ့နဲ့ ခရိုင်မှူးတွေရောက်နေတာ ကြာပြီကြားတယ်။ မာန်အောင်မှာ ဆောင်းဦးပွဲတော်က ဒါပထမဆုံးပါပဲ။ အဓိကတော့ ရခိုင်လူထုကို စည်းရုံးရေးဘဲထင်ပါတယ်"ဟုပြောသည်။

ယခုကဲ့သို့ ဒေသခံ တစ်ဦးက စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဆောင်းဦးပွဲတော်သို့ တက်ရောက်မည်ဟု ပြောသော်လည်း နိရဉ္စရာသတင်းဌာနအနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါ။

ရခိုင်ပြည်နယ်တွင် ဆောင်းဦးပွဲတော်ကို မာန်အောင် အပါဝင် စစ်တွေ၊ ကျောက်ဖြူ၊ ငပလီ (သံတွဲ) တို့တွင် ကျင်းပသွားမည်ဟု သိရသည်။

သံတွဲ ငပလီကမ်းခြေတွင် ကျင်းပမည့် ဆောင်ဦးပွဲတော်အတွက် စျေးရောင်းချကြမည့် စျေးဆိုင်များအားဆိုင်ခန်းနေရာများအား  စတင်ရောင်းချနေပြီဟု သတင်းရရှိသည်။

Most read this week

ဓာတ်ပုံ - အာရက္ခတပ်တော် / ပုံဟောင်း
September 12, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ အဝတောင်ကျေးရွာ အနီးတွင် အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားသည့်...
ဓါတ်ပုံ - Arakan Princess Media
September 11, 2026
ရခိုင် (အာရက္ခ) ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို စစ်အုပ်စုတပ်က လေကြောင်းမှ...
စစ်တွေမြို့ပေါ်ရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်းတစ်ခုမှ စစ်ဘေးရှောင် ပြည်သူအချို့။ / Narinjara
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ပေါ်ရှိ ရခိုင် စစ်ရှောင်ဒုက္ခသည်စခန်းများသို့ ပြည်တွင်း၊ ပြည်ပ...
September 9, 2026
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ ညောင်ကျိုးနှင့် ပွိုင့် ၆၆၆ ကုန်း...