ဖားကန့်မြို့၊လုံးခင်းကျေးရွာအဝင်က လယ်ပြင်စုပေါင်းဂိတ်ကို စစ်ကောင်စီရုတ်သိမ်း

ဖားကန့်မြို့၊လုံးခင်းကျေးရွာအဝင်က လယ်ပြင်စုပေါင်းဂိတ်ကို စစ်ကောင်စီရုတ်သိမ်း

ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအဝင်က စစ်ကောင်စီရဲ့ လယ်ပြင်စုပေါင်းဂိတ်ကို ဒီကနေ့မနက် ၁၀ နာရီလောက်က ရုတ်သိမ်းလိုက်တယ်လို့ သိရပါတယ်။

ဖားကန့် မြို့အဝင်က မြို့ဝင်ဂိတ်ကြေးကောက်တဲ့ တိုးဂိတ်တော့ မပါဘဲ စုပေါင်းဂိတ်ပဲ ရုတ်သိမ်းတာလို့ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

“ဘာကြောင့်လဲတော့ မသိဘူး။ ဂိတ်ကိုအပြီး ဖြုတ်သိမ်းတာ“လို့ အထက်ပါ အမျိုးသားက ပြောပါတယ်။

အဲဒီလယ်ပြင်စုပေါင်းဂိတ်ကို ဖားကန့်တပ်မမှူးရဲ့ အမိန့်နဲ့ ရုပ်သိမ်းလိုက်တာလို့ နောက်ထပ်ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီလယ်ပြင်ဂိတ်ဟာ ပြည်သူတွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးနေတဲ့ ဂိတ်ဖြစ်ပြီးတော့ နှစ်ပေါင်း ၂၀ ထက်မနည်း သက်တမ်းရှိပြီလို့လည်း သိရပါတယ်။

"လယ်ပြင်ဂိတ် အဲဒီ စုပေါင်းဂိတ် ရုတ်သိမ်းသွားပြီဆိုတာ ဟုတ်တော့ ဟုတ်တယ်။ ဘယ်လို ဆက်လုပ်လာမလဲ။ ဘယ်လို ဖြစ်လာမလဲဆိုတာ ဆက်ပြီး စောင့်ကြည့်ရမှာပေါ့။ ဘယ်လို အခြေအနေကြောင့် ရုပ်သိမ်းသွားတယ်ဆိုတာ အတိအကျတော့ မသိရသေးဘူး "လို့ ဖားကန့်မြို့နယ်အတွင်းမှာရှိတဲ့ KIA အရာရှိတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၀ ရက်နေ့ကလည်း ဖားကန့်မြို့အဝင်က ပန်းတင်တံတား စစ်ကောင်စီရဲဂိတ်ကို KIA၊KPDFပူးပေါင်းတပ်တွေ သွားရောက်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

ဓါတ်ပုံ- ပုံဟောင်းဖြစ်ပါသည်။

Most read this week

စက်တင်ဘာလ ၂ ရက်က စစ်အုပ်စု၏ စစ်သင်္ဘောပေါ်မှ ပါရှိသူများ လက်နက်ချနေစဉ်
September 9, 2026
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်ဖွဲ့များက စစ်အုပ်စုတပ်၏ စစ်သင်္ဘောပေါ်မှ ဖမ်းဆီးရမိ...
September 2, 2026
ယနေ့ စက်တင်ဘာလ ၂ ရက် နံနက် ၆ နာရီဝန်းကျင်မှ နေ့လယ်ပိုင်းအထိ ရွှေကူနှင့် ဗန်းမော်မြို့နယ်ကြား...
ဓာတ်ပုံ - (Banmaw Scout Team)
September 1, 2026
ကချင်ပြည်၊ ရွှေကူအထက် မြစ်ကျဉ်းမရောက်မီ ဇင်းဘုံကျေးရွာအနီး စစ်အုပ်စုတပ် လုံခြုံရေးယူ စခန်းချနေ...
ဓာတ်ပုံ - WFP
August 28, 2026
မြန်မာနိုင်ငံမှ လူများအတွက်မူ အသင့်စား ခေါက်ဆွဲခြောက်သည် အာသာပြေ စားရန် သို့မဟုတ် ထမင်းဟင်း...