ကောလင်းမြို့ကို သိမ်းပိုက်လိုက်ကြောင်း ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အတည်ပြု

ကောလင်းမြို့ကို သိမ်းပိုက်လိုက်ကြောင်း ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အတည်ပြု

စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေထိုင်ထားတဲ့ တပ်စခန်း၊ ရဲစခန်း၊ ထွေအုပ်ရုံး နဲ့ စာသင်ကျောင်းတွေကို KIA၊ AA နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေပူးပေါင်းပြီး တိုက်ခိုက်ခဲ့ရာဒီကနေ့ မှာတော့ ကောလင်းမြို့ကို သိမ်းပိုက်ထိန်းသိမ်းလိုက်ပြီလို့ကောလင်းခရိုင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီကနေ သိရပါ တယ်။

“ ကျနော်တို့ ခရိုင်ကွပ်ကဲရေးမှူးနဲ့ ခရိုင်အတွင်းက PDF နဲ့ ပကဖတွေပူးပေါင်းပြီးထိန်းသိမ်းလိုက်ပါပြီဗျ မြို့တစ်မြို့လုံးကိုထိန်းသိမ်းလိုက်တာဖြစ်ပါတယ် မြို့မှာရှိတဲ့တပ်ဖွဲ့တွေလည်း အလံဖြူတင်အရှုံးပေး ထွက်ပြေးသွားကြတယ်လို့ သိရပါတယ်” လို့ ကောလင်းခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အတည်ပြုပါတယ်။

ကောလင်းမြို့သိမ်းတိုက်ပွဲကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၁ ရက်နေ့ မနက်အစောပိုင်းကစတင်ပြီး ကာကွယ်ရေး ပူးပေါင်းတပ်တွေပူးပေါင်း ဖော်ဆောင်ခဲ့ကြတာဖြစ်ပြီး မြို့တွင်း တိုက်ပွဲတွေ ၃ ရက်ဆက်တိုက်ပြင်းထန် ခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီတိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်ဘက်က လေကြောင်းအသုံးပြုပြီး တိုက်ခိုက်မှုတွေဆက်တိုက် ပြုလုပ်ခဲ့ပြီးတော့ အရပ်သား၃ ယောက်သေဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။

“လောလောဆယ်တော့ ကျနော်တို့ကယ်ဆယ်ရေးလုပ်ငန်းတွေမလုပ်နိုင်သေးပါဘူး နယ်မြေရှင်းလင်းရေးပဲ အရင်လုပ်နေရပါတယ် အထပ်မြင့်အဆောက်အဦတွေတော့လေယာဥ်ပစ်ခတ်ခံရမှုရှိတယ် ရပ်ကွက်တစ်ချို့ လည်းမီးလောင်ပျက်ဆီးမှုလည်းရှိပါတယ်။ အရပ်သား၃ ယောက်သေပြီးတော့ ထိခိုက်ဒဏ်ရာရရှိ သူတွေ လည်း များတယ်လို့သိရပါတယ် အသေးစိတ်ကိုတော့မသိရှိနိုင်သေးပါဘူး” လို့ ကောလင်းခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ကောလင်းမြို့နယ် ပြင်ဦးလွင်ရပ်ကွက်နဲ့ ကျော်ဇေယျာရပ်ကွက်က နေအိမ် တွေ မီးလောင်ပျက်ဆီးခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အဲ့ဒီတိုက်ပွဲအတွင်း ကောလင်းခရိုင်တပ်ရင်း ၁ က တပ်စုမှူး တစ်ယောက်ကျဆုံးခဲ့ပြီး ထိခိုက် ဒဏ်ရာ ရရှိသူ ၅ ဦးအထိရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနကလည်း ကောလင်းမြို့မှာ စစ်ကောင်စီတပ်ဖွဲ့တွေတပ်စွဲထားတဲ့ ကောလင်းရဲစခန်း၊ အထွေထွေအုပ်ချုပ်ရေးမှုးရုံး၊ အထက်တန်းကျောင်း၊ မြေစာရင်းရုံး၊ မြန်မာ့စီးပွားရေးဘဏ် တို့ကို တိုက်ခိုက်နိုင်ခဲ့ပြီး ကောလင်းမြို့ကို သိမ်းပိုက်နိုင်ပြီလို့ ထုတ်ပြန်ထားပါတယ်။

April 24, 2026
စစ်ကိုင်းတိုင်း၊ ကသာမြို့မှာ စစ်ကောင်စီတပ်ရဲ့စည်းရုံးရေးတပ်လို့ဆိုကာ ဧရာဝတီမြစ်နံဘေး...
April 23, 2026
ဖားကန့် မှာ စစ်ကြောင်းထိုးပြီး စစ်ရေးလှုပ်ရှားနေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေ...
April 22, 2026
စစ်ကိုင်းနဲ့ကချင်အစပ်မှာရှိတဲ့ ကသာမြို့ကို ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က...
April 21, 2026
စစ်အစိုးရ ကြေညာသော လွတ်ငြိမ်းချမ်းသာခွင့်ပေးသူ ကိန်းဂဏန်းမှာ အတုအယောင်သာဖြစ်ဟု...