ရွှေကူနယ် စီသောင်ကျေးရွာအနီးမှာ လုပ်ငန်းရှင်တစ်ချို့ သတ္တုခိုးတူးနေ

ရွှေကူနယ် စီသောင်ကျေးရွာအနီးမှာ လုပ်ငန်းရှင်တစ်ချို့ သတ္တုခိုးတူးနေ
စီသောင်ကျေးရွအနီး သတ္တုတူးဖော်နေတဲ့နေရာ
စီသောင်ကျေးရွအနီး သတ္တုတူးဖော်နေတဲ့နေရာ

ကချင်ပြည်နယ် ရွှေကူမြို့နယ် စီသောင်ကျေးရွာအထက်ဘက် (ဒေသအခေါ် )ရွှေတောင်ဆိုတဲ့ တောင်ကုန်းပေါ်မှာလုပ်ငန်းရှင်လူတစ်စုက သတ္တုခိုးတူးတာတွေလုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လကုန်ပိုင်းလောက်ကနေ စီသောင်ကျေးရွာနဲ့ ၄ မိုင်ကျော်ဝေးတဲ့ ရွှေတောင်ဆိုတဲ့ တောင်ကုန်းပေါ်မှာ အမည်မသိလူတစ်စုက ဒေသခံတွေကိုညှိနှိုင်းအသိပေးတာမျိုးမရှိပဲ သတ္တုတူးဖော်နေတာဖြစ်ပြီး လက်ရှိမှာတော့စက်ယန္တရားကြီးတွေအသုံးပြုပြီး ကြီးကြီးမားမားလုပ်ဆောင်နေတယ်လို့စီသောင်ကျေးရွာနေအမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။

''ရွှေတောင် တောင်ကုန်းပေါ်မှာလုပ်နေတာ ဘတ်ဖိုးတွေမြေသယ်ကားကြီးတွေနဲ့ကိုလုပ်စားနေတာ ဘယ်ကခွင့်ပြုချက်နဲ့လုပ်နေလဲတော့မသိဘူး။ ရွာကိုလည်းအသိမပေးဘူး ရပ်ရွာအတွက်လည်း ဘာအကြိုးမှမပြုဘူးတူးနေတာ''လို့ အသက် ၅၀ ကျော်အရွယ်ရှိတဲ့ စီသောင်ဒေသခံအမျိူးသားတစ်ဦးက ပြောပါတယ်။

လက်ရှိတူးဖော်နေတဲ့အဲ့ဒီသတ္တုတွင်းတွေကနေ ရွှေ၊ကြေးနီ၊ ရွှေဖြူတွေအပါအဝင် စုစုပေါင်းကျောက်မျက် ၇ မျိုးလောက်ထွက်ပြီး ဗန်းမော်ဘက်က လုပ်ငန်းရှင်တစ်ချို့ဖြစ်တယ်လို့ သိရပါတယ်။

''ကျနော်တို့စုံစမ်းကြည့်တော့အခုလာတူးနေတဲ့လုပ်ငန်းရှင်တွေဟာ ဗန်းမော်ဘက်ကလို့သိရပါတယ်။ တရုတ်တွေနဲ့ပေါင်းပြီးတူးနေတာတဲ့တခြားဘယ်အဖွဲ့အစည်းပါသေးလဲတော့မသိဘူး''လို့ အထက်မှာဖော်ပြခဲ့တဲ့ ဒေသခံအမျိုးသားက ထပ်ပြောပါတယ်။

လက်ရှိသတ္တုတူးဖော်နေတဲ့ ရွှေတောင်ဆိုတဲ့တောင်ကုန်းဟာ စီသောင်၊စီသာ၊ စီမူကြီးနဲ့အနီးဝန်းကျင်ကျေးရွာက ဒေသခံတွေရဲ့ သစ်၊ဝါး၊ သက်ကယ်စတဲ့ နေအိမ်နဲ့အခြားဆောက်လုပ်ရေးအတွက် အဓိအားထားရတဲ့နေရာဖြစ်ပြီး အခုလိုသတ္တုကြီးကြီးမားမားတူးဖော်လာပြီး သစ်တောပြုန်တီးမှု နဲ့မြေယာပျက်စီးသွားမှာကိုဒေသခံတွေ စိုးရိမ်နေကြတယ်လို့လည်း အသက် ၃၀ ကျော်အရွယ် နောက်ထပ်ဒေသခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။

 ''စီသောင်ကော၊တခြားရွာတွေကကော အိမ်ဆောက်ဘာဆောက်ဖို့အတွက် သစ်၊ဝါးလိုလာရင်ဒီတောင်ပေါ်ကနေပဲခုတ်ယူကြရတာ ဒီတောင်တစ်တောင်ပဲ ကျန်တာလည်းတခြားနေရာမရှိဘူးအခုတောင်ဒီလူတွေ သစ်တွေဝါးတွေအတော်လည်းခုတ်ပလိုက်ကုန်ပြီ သူတို့၊မြေတွေလည်းအတော်တူးထားကုန်ပြီကြာရင်တော့ဘာမှကျန်မှာမဟုတ်ဘူး''လို့ သူကပြောတယ်။

ခုလိုရွှေတောင်ဆိုတဲ့ တောင်ကုန်းပေါ်မှာ သတ္တုခိုးတူးနေတာနဲ့ပတ်သက်ကြီး စီသောင်ကျေးရွာ အုပ်ချုပ်ရေးမှူးဆီမှာလည်း လာရောက်ပြောဆိုတာတွေမရှိဘူးလို့ စီသောင်အုပ်ချုပ်ရေးမှူးကလည်း ခုလိုပြောပါတယ်။

''ဒီကိစ္စကကျွန်တော်တို့ကျေးရွာအုပ်ချုပ်ရေးပိုင်းတွေကစမသိရဘူးအသိပေးညှိနှိုင်းတာမျိုးလည်းမရှိဘူးဗျပြောရရင်ဒီဘက်စီသောင် အုပ်စုထဲက ရွာပေါင်း ၁၂ ရွာရှိတယ်ဘယ်သူကမှမသိကြဘူး ဘယ်သူတွေဘယ်ဝါတွေလာတူးနေတယ် ဘယ်သူ့ခွင့်ပြုချက်နဲ့လာတူးနေတယ်ဆိုတာမျိုးကို''လို့သူကပြောပါတယ်။

လက်ရှိသတ္တုတူးနေတဲ့ တောင်ကုန်းဘက်မှာ ယာခင်းလုပ်ကိုင်တဲ့သူတွေလည်းရှိပြီးအခုလို သတ္တုတူးဖော်မှုကြောင့်ယာခင်းတွေထိခိုက်ပျက်စီးပြီးမြေဆီလွှာပျက်စီးသွားမှာကိုလည်း ဒေသခံတွေစိုးရိမ်နေကြတယ်လို့ဆိုပါတယ်။

ဒါကြောင့်ဒေသခံတွေကတော့ သက်ဆိုင်ရာဘယ်အဖွဲ့အစည်းကမဆို ဒီသတ္တုတူးဖော်မှုကိုထိထိရောက်ရောက်တားစီးပေးဖို့လည်း လိုလားနေကြတာဖြစ်ပါတယ်။

Most read this week

မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့ကို ဆက်သွယ်ထားသည့် ဗလမင်းထင်တံတား မြင်ကွင်း။
September 12, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့သို့ အခြေခံ စားသောက်ကုန်များ ဝင်ရောက်ရာ ဗလမင်းထင်တံတားမှ ကုန်ပစ္စည်း...
ရှေ့တန်းတစ်နေရာတွင် မြင်တွေ့ရသည့် KIA နှင့် PDF ပူးပေါင်းတပ်များ
September 11, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးဒေသတွင် စစ်အုပ်စုတပ်၊ ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်အဖွဲ့နှင့် ကချင်လွတ်လပ်ရေး...
September 11, 2026
ကချင်ပြည်၊ ပူတာအို - မြစ်ကြီးနား ကားလမ်းပိုင်းတွင် အသက် ၁၅ နှစ်အထက်နှင့် အသက် ၄၀ အောက် ခရီး သွား...
ဓါတ်ပုံ – (SNA) က ပိတ်ထားသည့် ဖားကန့်–ဟုမ္မလင်း ရေကြောင်းလမ်း အခြေအနေ။
September 10, 2026
ရှမ်းနီအမျိုးသားများတပ်မတော် (SNA) က ပိတ်ထားသည့် ဖားကန့် - ဟုမ္မလင်း ရေကြောင်းလမ်းကို အမြန်ဆုံး...