ဆဒုံးစုပေါင်းဂိတ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးကို KIA ဖမ်းဆီးသွား

ဆဒုံးစုပေါင်းဂိတ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးကို KIA ဖမ်းဆီးသွား
ဆဒုံးလမ်းတစ်နေရာ(Crd- LGNA)
ဆဒုံးလမ်းတစ်နေရာ(Crd- LGNA)

ကချင်ပြည်နယ် ဆဒုံးမြို့ စစ်တပ်ရဲ့စုပေါင်းဂိတ်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၃ တပ်ဖွဲ့ဝင်တွေ ဒီကနေ့မနက်ပိုင်း လာရောက်ပစ်ခတ်တိုက်ခိုက်သွားတယ်လို့ ဆဒုံးဒေသခံတွေဆီကနေ သိရပါတယ်။

အောက်တိုဘာလ ၃ ရက်နေ့ ဒီမနက် ၇ နာရီဝန်းကျင်လောက်မှာ KIA ဘက်က လာရောက်ပစ်ခတ်တိုက်ခိုက်သွားပြီး ဂိတ်စောင့်နေတဲ့ ရဲနဲ့စစ်သား ၃ ဦးကို ဖမ်းဆီးသွားတယ်လို့လည်း ဆဒုံးဒေသခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။

“ဒီမနက် ၆ နာရီကျော် ၇ နာရီလောက်မှာလာပစ်ပြီးဖမ်းသွားတာ။ အပြန်အလှန်ပစ်တာမျိုးတော့ မဟုတ်ဘူး တပ်ရင်း ၃ နယ်မြေဘက်ဂိတ်မှာပစ်ပြီး လာဖမ်းသွားတာလို့ သိရတယ်။

ပစ်ခတ်ခံရတဲ့စုပေါင်းဂိတ်က ဆဒုံးမြို့ ရပ်ကွက် ၃ မှာရှိပြီး ရဲနဲ့စစ်သားတွေပေါင်းပြီး ဂိတ်ကြေးကောက်စားနေတဲ့ နေရာတစ်ခုလည်း ဖြစ်တယ်လို့သိရပါတယ်။

"အဲဒီဂိတ်က အရင်ကတည်းက ဂိတ်ဟုတ်တယ် ခါတိုင်းစစ်သား ၁၅ ယောက်လောက်ရှိတယ်။ဘီးခွန် ကုန်ကားအခွန်တွေကောက်တာ" လို့ ဆဒုံးဒေသခံအမျိုးသမီးတစ်ယောက်က ပြောပါတယ်။

ဒါ့အပြင် ဂိတ်နားမှာစျေးရောင်းနေတဲ့ စျေးသည် ၃ ဦးကိုလည်း KIA ဘက်ကဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သတင်းထွက်ပေါ်နေတဲ့အတွက် KIA တပ်ရင်း ၃ တာဝန်ရှိသူတွေကို KNG သတင်းဌာက ဆက်သွယ်နေပေမယ့် ဆက်သွယ်လို့မရသေးပါဘူး။

ဆဒုံး- ကန်ပိုက်တီလမ်းမှာ ပြီးခဲ့တဲ့ဇွန်လမှာလည်း စစ်ကောင်စီတပ် ရဲ့ ခမရ ၃၈၄တပ် နဲ့ရွှေမင်းပြည်သူ့စစ်ပူးပေါင်းတပ်တွေဟာ နယ်မြေရှင်းလင်းရေးခေါင်းစဉ်နဲ့ KIA တပ်ရင်း ၃နယ်မြေဘက်ကို စစ်ကြောင်းထိုးဝင်လာရောက်လာတဲ့အပြင် စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်လာတဲ့အတွက် KIA တပ်စွဲနေထိုင်တဲ့ လဂတ်ကောင် တပ်စခန်းကို နောက်ဆုတ်ပေးလိုက်ရတဲ့ဖြစ်စဥ်လည်း ရှိခဲ့ပါတယ်။

ပုံ- ဆဒုံးလမ်းတစ်နေရာ(Crd- LGNA)

Most read this week

မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့ကို ဆက်သွယ်ထားသည့် ဗလမင်းထင်တံတား မြင်ကွင်း။
September 12, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့သို့ အခြေခံ စားသောက်ကုန်များ ဝင်ရောက်ရာ ဗလမင်းထင်တံတားမှ ကုန်ပစ္စည်း...
ရှေ့တန်းတစ်နေရာတွင် မြင်တွေ့ရသည့် KIA နှင့် PDF ပူးပေါင်းတပ်များ
September 11, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးဒေသတွင် စစ်အုပ်စုတပ်၊ ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်အဖွဲ့နှင့် ကချင်လွတ်လပ်ရေး...
September 11, 2026
ကချင်ပြည်၊ ပူတာအို - မြစ်ကြီးနား ကားလမ်းပိုင်းတွင် အသက် ၁၅ နှစ်အထက်နှင့် အသက် ၄၀ အောက် ခရီး သွား...
ဓါတ်ပုံ – (SNA) က ပိတ်ထားသည့် ဖားကန့်–ဟုမ္မလင်း ရေကြောင်းလမ်း အခြေအနေ။
September 10, 2026
ရှမ်းနီအမျိုးသားများတပ်မတော် (SNA) က ပိတ်ထားသည့် ဖားကန့် - ဟုမ္မလင်း ရေကြောင်းလမ်းကို အမြန်ဆုံး...