သိမ်းဆည်းရမိသည့်လက်နက် များပြားလွန်း၍ စာရင်းပြုစုရန်ခက်ခဲနေဟု MNDAA ပြော

သိမ်းဆည်းရမိသည့်လက်နက် များပြားလွန်း၍ စာရင်းပြုစုရန်ခက်ခဲနေဟု MNDAA ပြော

ရှမ်းမြောက်တိုက်ပွဲတွေမှာ သိမ်းမိတဲ့ လက်နက်တွေ များနေလို့ စာရင်းလုပ်ဖို့ အခက်တွေ့နေတယ်လို့ မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ရဲ့ ပြောရေးဆိုခွင့်ရှိသူ လီကျားဝင်းက မြစ်ကြီးနား သတင်းဂျာနယ်ကို ပြောပါတယ်။

“အတည်ပြုလို့ မရသေးပါဘူးဗျ။ အရမ်းများတော့ စာရင်းဇယားလုပ်ရမှာ နည်းနည်းခက်တယ်။ ပြီးတော့ တိုက်ပွဲ တွေလည်း တောက်လျှောက်ဖြစ်နေတော့” လို့ လီကျားဝင်းက ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေး ထုတ်ပြန်ချက်တွေ အရတော့ ညီနောင်မဟာမိတ် ၃ ဖွဲ့ဟာ စစ်ကောင်စီရဲ့ သံချပ်ကာယာဉ် ၆ စီး၊ လက်နက်ငယ်ရာချီ၊ ဗုံးသီးရာချီနဲ့ ဒါဇင်နဲ့ချီတဲ့အမြောက်တွေ သိမ်းနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။

အခုအချိန်မှာတော့ စစ်ဆင်ရေး ၇ ရက်မြောက်နေ့မှာ ရှမ်းမြောက်က စစ်ကောင်စီရဲ့ စခန်း ၈၉ ခု ကို သိမ်းနိုင်ခဲ့ တယ်လို့ ဆိုပါတယ်။

ညီနောင်အဖွဲ့တွေဆီ အလင်းဝင်လာတဲ့ စစ်ကောင်စီ တပ်သားတွေဟာလည်း အယောက် ၁၀၀ ကျော်ရှိနေပြီး အဲဒီထဲမှာ အရာရှိဘယ်နှစ်ယောက်ပါလဲ ဆိုတာကိုတော့ လုံခြုံရေးကြောင့် ပြောလို့မရသေးဘူးလို့ လီကျားဝင်း က ဆိုပါတယ်။

ကိုးကန့်ဒေသကို ရာခိုင်နှုန်းအရ ဘယ်လောက်ထိန်းချုပ်နိုင်ပြီလဲဆိုတဲ့ မြစ်ကြီးနား သတင်းဂျာနယ်ရဲ့ မေးမြန်းမှု ကိုတော့ သူတို့အနေနဲ့ ချင်းရွှေဟော်ကို ပိုင်ပိုင်နိုင်နိုင် သိမ်းထားတယ်လို့ပဲ ပြန်ဖြေကြားခဲ့ပါတယ်။

စစ်ကောင်စီရဲ့ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ သူတို့အနေနဲ့ ကြူကုတ် ပန်ဆိုင်း၊ ဖောင်း ဆိုင်နဲ့ ချင်းရွှေဟော်မြို့တို့ကို လက်လွှတ်လိုက်ရတယ်လို့ ဝန်ခံထားပါတယ်။

ညီနောင် ၃ ဖွဲ့ဟာ အွန်လိုင်းလောင်းကစား လိမ်လည်မှု ပပျောက်ရေးနဲ့ စစ်အာဏာရှင် အမြစ်ပြတ်ရေး အတွက် ဆိုပြီး ‘၁၀၂၇’ နာမည်နဲ့ စစ်ဆင်ရေးကို အောက်တိုဘာ ၂၇ ရက်နေ့ မနက် ၄ နာရီအချိန်မှာ ရှမ်းပြည်နယ် မြောက် ပိုင်းထဲ စတင်ခဲ့တာ ဖြစ်ပါတယ်။

ဓါတ်ပုံ - WHO
July 17, 2026
ကချင်ပြည်အတွင်း ငှက်ဖျားရောဂါ ကူးစက်ဖြစ်ပွားမှု မြင့်မားနေပြီး အချို့ဒေသများတွင် ဆေးဝါးများ...
July 16, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်နှင့် စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်အစပ်ရှိ ဆယ်ဇင်းဒေသဘက်တွင်...
July 15, 2026
ကချင်ပြည်၊ ချီဖွေမြို့ရှိ အထက်တန်းကျောင်းတွင် တက်ရောက်နေသည့် ကျောင်းသူ၊ ကျောင်းသားများမှာ...
July 10, 2026
ကချင်ပြည်၊ ကန်ပိုက်တီမြို့နှင့် ဆဒုံးမြို့အကြား မိုးရက်ဆက်ရွာသွန်းမှုကြောင့် တောင်ပြို၊...