မူဆယ်မြို့ တစ်လအတွင်း နေအိမ် ၂၀ ထက်မနည်း ဖောက်ထွင်းခံရ

မူဆယ်မြို့ တစ်လအတွင်း နေအိမ် ၂၀ ထက်မနည်း ဖောက်ထွင်းခံရ

သျှမ်းပြည် မူဆယ်မြို့ အောက်တိုဘာလအတွင်း နေအိမ် ၂၀ ထက်မနည်း ဖောက်ထွင်းခိုးယူမှုများ ဖြစ်ပွားခဲ့ကြောင်း  ဒေသခံများက ပြောသည်။

သျှမ်းပြည် မူဆယ်မြို့တွင် အမည်မသိ အမျိုးသားသုံးဦးသည် အဖြူရောင် (Crown) ကားဖြင့် ရပ်ကွက်တိုင်း နီးပါးရှိ ပြည်သူ့ နေအိမ်များကို အောက်တိုဘာလအတွင်း ဝင်ရောက်ဖောက်ထွင်းနေကြောင်း မူဆယ်ဒေသခံများ က သျှမ်းသံတော်ဆင့်ကို ပြောပြသည်၊။

မူဆယ်မြို့ တောင်ရပ်ကွက်နေ အမျိုးသမီးတစ်ဦးက “ကျမရဲ့  အမနေအိမ်ဝင်တုန်းက အိမ်မှဘယ်သူမှမရှိဘူး။ ကျမတို့ အိမ်ပြန်ရောက်တော့ အဝတ်ဗီဒိုတွေ၊ အခန်းတွေ ရှုပ်ပွထားတာ။ CCTV ကနေ ကြည့်တော့ အဖြူရောင် Crown ကားနဲ့ အမျိုးသား၃ဦးဝင်ပြီး ဖောက်ထွင်းသွားတာ” ဟု သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၅ ရက်နေ့၊ ည ၆ နာရီခွဲဝန်းကျင် အချိန်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက်တွင် နေအိမ် ကို ဖောက်ထွင်းသွားပြီး အမျိူးသမီးတစ်ဦးကို သေနတ်ဖြင့်ထောက်ပြီး ငွေကျပ် ၅ သိန်းကို ခိုးယူသွားကြောင်း  အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အလားတူ အောက်တိုဘာလ ၃၀ ရက်နေ့၊ နံနက် ၂နာရီဝန်းကျင်တွင် မူဆယ်မြို့ တောင်ရပ်ကွက်ရှိ နေအိမ် တစ်အိမ်ကိုလည် နေအိမ်ဖောက်ထွင်းခံရပြီး ဆိုင်ကယ်တစ်စီး ခိုးယူသွားခဲ့သည်။

မူဆယ်မြို့နယ်ထဲ အောက်တိုဘာ ၃၀ ရက်နေ့ တစ်ရက်တည်းတွင် နေအိမ် (၃)လုံး ဖောက်ထွင်းခံရပြီး၊ ယခု (အောက်တိုဘာလ) အတွင်း ပြည်သူနေအိမ် အလုံး (၂၀) နီးပါး ဖောက်ထွင်းခံထားရသည်။

“သူတို့ လာဖောက်ထွင်း၊ လာခိုးတဲ့ အချိန်မှာ အိမ်ထဲမှာ လူရှိနေရင် သေနတ်နဲ့ ခြိမ်းခြောက်တယ်။ တရုတ်စကား တွေပဲ ပြောတယ်။ ဒီဘက်က တရုတ်လေသံတော့ မဟုတ်ဘူး” ဟု မူဆယ်မြို့ မြောက်ရပ်ကွက်နေ အမျိုးသမီးက ပြောသည်။

မူဆယ်မြို့သည် မြန်မာ-တရုတ်နယ်စပ်မြို့ဖြစ်ပြီး၊ လူမျိုးစုံ၊ လက်နက်ကိုင်ပေါင်းစုံ လှုပ်ရှားသည့်နယ်မြေဖြစ်ကာ မကြာခဏ ဓားပြတိုက်ခြင်း၊ လုယက်ခြင်၊ ဒုစရိုက်သမားများပေါများသည့် ဒေသလည်းဖြစ်သည်။

ထို့ကြောင့် မူဆယ်မြို့တွင် နေထိုင်သည့် ပြည်သူများသည် အပြင်သွား အလုပ်လုပ်ခြင်း၊ ခရီးသွားခြင်းနှင့် အလုပ် သွားရာတွင်လည်း အိမ်ကို စိတ်မချဘဲ စိုးရိမ်နေကြရသည်။

သျှမ်း-ကရင်နီ နယ်စပ်တစ်နေရာတွင် စစ်ရေးလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့။ / Credit
September 15, 2026
သျှမ်း-ကရင်နီနယ်စပ်တစ်ကြော၌ စစ်အုပ်စုတပ်က လေကြောင်းတိုက်ခိုက်မှုနှင့် ဒရုန်းအသုံးပြု...
မုဒိမ်းကျင့်ခံရပြီး ရိုက်နှက်ခံရသည့် မိန်းကလေးငယ် / Crd
September 14, 2026
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် အသက် ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦး...
ဓာတ်ပုံ - အင်းလေး ဖောင်တော်ဦး ဘုရားပွဲတော်။
September 11, 2026
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် လာမည့် အောက်တိုဘာလ၌ ကျင်းပမည့်...
ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၂၈) သင်တန်းဖွင့်ပွဲပုံ။ / (ဓါတ်ပုံ - CINCDS Myanmar)
September 10, 2026
စစ်အုပ်စုတပ်ဖွဲ့ဝင်များသည် ယခုရက်ပိုင်းအတွင်း လူမြင်ကွင်းတွင် ပေါ်တင် ပေါ်တာဆွဲမှုများ...