အာဏာသိမ်းပြီးနောက် ကျေးလက်နေ ချင်းပြည်သူတို့ဘဝ

အာဏာသိမ်းပြီးနောက် ကျေးလက်နေ ချင်းပြည်သူတို့ဘဝ

“ကျနော်တို့ရွာဖက်မှာ ကျောင်းလည်းမဖွင့်နိုင် ဆေးပေးခန်းလည်းမရှိ။ ဘာအထောက်အပံ့မှလည်း မရ၊ အစိုးရ လည်း မရှိသလိုဖြစ်နေတာ ၂ နှစ် ကျော်ပြီ“ လို့ မိုခါမုန်တိုင်းဒဏ်ခံရတဲ့ ချင်းပြည်နယ်တ နေရာက ကျေးရွာ လူကြီးတစ်ဦးက ပြောပါတယ်။

၂၀၁၄ ပြည်လုံးကျွတ် သန်းခေါင်စာရင်းအရ ချင်းပြည်နယ်မှာ လူဦးရေ ၄၇၈,၈၀၁ ဦးရှိကာ မြို့ပေါ်နေလူဦးရေ ၉၉,၈၀၉ ဦး (၂၁ %) ရှိကာ ကျေးလက် နေလူဦးရေ ၃၇၈,၉၉၁ ( ၇၉ %) ရှိပါတယ်။ ချင်းပြည်နယ်က ပြည်သူ အများစုဟာ မြို့ပေါ်မှာထက် ကျေးလက်မှာ နေထိုင်သူအများစု ဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ် ချင်းပြည်နယ် အစိုးရ အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ချင်းပြည်နယ်မှာ အိမ်ခြေ (၉၆,၆၉၆)၊ အိမ်ထောင်စု (၉၆,၄၈၄)၊ ကျား (၂၅၅,၅၉၂)ဦး၊ မ (၂၆၄,၄၄၀) ဦး၊ ပေါင်း (၅၂၀,၀၃၂) ဦး နေထိုင်ကြပါတယ်။

၂၀၁၄ ပြည်လုံးကျွတ် သန်းခေါင်စာရင်းအရ ချင်းပြည်နယ်မှာ မြို့နယ် ၉ မြို့နယ် ရှိပြီး ကျေးရွာပေါင်း ၁,၃၅၅ ကျေးရွာ ရှိပါတယ်။ ချင်းပြည်နယ်ရဲ့ လူဦးရေအများစု ဖြစ်တဲ့ ၃ သိန်း ၇ သောင်းကျော်ဟာ ကျေးရွာပေါင်း ၁,၃၅၅ ရွာမှာ နေထိုင်သူတွေ ဖြစ်ပါတယ်။

၂၀၂၁ မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီးနောက် နိုင်ငံရေး အပြောင်းအလဲဖြစ်ပြီး နောက်မှာ အရင်ကနဲ့ မတူတဲ့ ပြောင်းလဲမူဖြစ်လာတဲ့ ဒေသထဲမှာ ချင်းပြည်နယ်လည်း ပါ ပါတယ်။ အာဏာသိမ်းပြီးနောက် အစိုးရဝန် ထမ်းတွေ ပြုလုပ်ကြတဲ့ CDM လှုပ်ရှားမူမှာလည်း အားအကောင်းဆုံး ပြည်နယ်ဟာ ချင်းပြည်နယ် ဖြစ်ပြီး

အရင်နဲ့မတူ မျိုးနွယ်စုအလိုက် ဒေသအလိုက် တော်လှန်ရေး လက်နက်ကိုင်အဖွဲ့ အများအပြား ပေါ်ပေါက်လာတဲ့ ချင်းပြည်နယ်လည်း ဖြစ်ပါတယ်။

ချင်းပြည်နယ်အတွင်း ကျေးရွာ ၁ ရွာမှာ ပျဉ်းမျှ အိမ်ခြေ ၃၀ က နေ ၅၀ အကြားရှိကာ အိမ်ခြေ ၁၀၀ ကျော်တဲ့ ရွဆိုရင် ရွာကြီးလို့ သတ်မှတ်လို့ ရပါတယ်။ တောင်ယာစိုက်ပျိူးအသက်ရှင် နေထိုင်တဲ့ ကျေးလက်နေ ပြည်သူ အများစုရှိပြီး တောတောင်ထူထပ်ကာ လူနေကျဲပါးတဲ့ ချင်းပြည်နယ်ဟာ လွန်ခဲ့တဲ့နှစ် ပေါင်းများစွာကနေ ၂၀၂၁ အာဏာမသိမ်းခင်အချိန်အထိ  မြို့ပေါ်တွေမှာသာ ဌာနပေါင်းစုံ အစိုးရ လုပ်ငန်း လည်ပတ်နိုင်တာ ဖြစ်ပါတယ်။

ကျေးရွာအများစုမှာ အစိုးရရဲ့ အခြေခံပညာ မူလတန်းကျောင်း၊ အလယ်တန်းကျောင်း၊ ကျေးလက် ဆေးပေးခန်း၊ ကျေးရွာအုပ်ချုပ်ရေးမှု စတဲ့ ပညာရေး၊ ကျန်းမာရေးအပိုင်း ကျေးလက်နေ လူထုရဲ့အခြေခံ လိုအပ်ချက်တွေနဲ့သာ ကျေးရွာတွေဟာ လည်ပတ်နေတာ ဖြစ်ပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်မှာ မြို့ပေါ်တွေမှာပဲ အစိုးရလုပ်ငန်းလည်ပတ်ပြီး ကျေးရွာတွေဖက်မှာ အရင်က လည်ပတ်နေတဲ့ အစိုးရရဲ့ ပညာရေး၊ ကျန်းမာရေး လုပ်ငန်းတွေ ဘာမှ မလည်ပတ်တော့တာကြောင့်  သားသမီး ပညာတတ်စေချင်လို့ နီးစပ်ရာမြို့ပေါ် ဒါမှမဟုတ် ရန်ကုန်ဖက်က အမျိုးတွေဆီ သားသမီးတွေကို ပို့ထားရတဲ့ မိသားစုတွေ များလာတယ်လို့ ကျေးလက်နေ ပြည်သူတချို့က ဆိုပါတယ်။

“အရင်က ရွာမှာရှိတဲ့ ကျေးလက် ဆေးပေးခန်းလည်း ဆရာမ မရှိတော့ ပိတ်ထားတယ်၊ ရွာက အလယ်တန်း ကျောင်းလည်း ပိတ်ထားတယ်။ သားနဲ့သမီးကို ဟားခါးမြို့ပေါ်ကအကိုအိမ်မှာပို့ပြီးကျောင်းထားရတယ်” လို့ ဟားခါးမြို့နယ်က ကျေးလက်နေပြည်သူ ၁ ဦးက ပြောပါတယ်။

အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်မှာ ကျေးလက် ဒေသတွေကို စစ်ကောင်စီက သူတို့နယ်မြေလို့ မသတ်မှတ် တော့ဘဲ မြို့ပေါ်တွေကိုပဲ ထိန်းချုပ်လည်ပတ် နေတာကြောင့် ကျေးလက် နေပြည်သူတွေ ပိုခက်ခဲလာတယ်လို့ ဆိုကြပါတယ်။ ကျေးလက် နေပြည်သူတွေရဲ့ ဘဝဟာ မလုံခြုံမူကို ခံစားရင်းအသက်ရှင် နေရတယ်လိုလည်း ဆိုပါတယ်။

“ရွာဖက်မှာနေရတာ သူပုန်နယ်မြေလို့ သူတို့သတ်မှတ်ထားသလိုပဲ တခါတလေ လက်နက်ကြီးနဲ့ လှမ်းပစ်တာမျိုး ခံ ခံနေရလို့ သတိထားနေရတယ်” လို့ မင်းတပ်မြို့နယ်က ကျေးလက်နေ ပြည်သူ ၁ ဦးက ပြောပါတယ်။

ချင်းပြည်နယ်က မြို့နယ် ၉ ခုမှာ အဓိကအားဖြင့် မတူပီ၊ မင်းတပ်၊ ကန်ပက်လက်၊ ထန်တလန်၊ ဟားခါး၊ ဖလမ်း မြို့နယ်က ကျေးလက်ဒေသဖက်တွေမှာတော့ ပညာရေး၊ ကျန်းမာရေး ကဏ္ဍတွေမှာ အကျိုးခံစားခွင့် ဆုံးရှုံးနေ တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲတွေအကြား မြို့ပျက်ဆီးသွားတဲ့ ထန်တလန်မြို့နယ်မှာတော့ ကြားကာလပညာရေး ရုံးအဖွဲ့ က ကျေးရွာ ပေါင်း ၅၁ ရွာမှာ ကျောင်းသူ/သား ၇,၂၀၀ ဝန်းကျင်အတွက် ကျောင်းဖွင့် ပညာသင်ကြားပေးနေတာတွေ ရှိပေ မယ့် ကိုယ့်သားသမီးကို ဒီလိုကျောင်းတွေထက် မြို့ပေါ်က ကျောင်းတွေမှာ ကျောင်းပြန်ထားတာမျိုးပဲ စိတ်ပါ တယ်လို့ ကျေးလက်နေ ကျောင်းသားမိဘ တချို့က ဆိုပါတယ်။

ချင်းပြည်နယ်မှာရှိတဲ့ ကျေးရွာပေါင်း ၁,၃၅၅ ရွာတွေမှာ ၂ နှစ်ကျော် ကာလအတွင်း တိုက်ပွဲကြောင့် လူနေအိမ် တွေ ပျက်ဆီးထိခိုက်လို့ လူမနေတော့တဲ့ ကျေးရွာတချို့ရှိသလို ကျန်တဲ့ကျေးရွာ အတော်များများမှာလည်း ရွာမှာရှိတဲ့ ကျောင်း၊ ဆေးပေးခန်းလည်းပိတ်၊ ဘယ်သွားရမှန်းမသိ၊ ဘာအကူအညီမှလည်းမရ၊ သွားလာရခက်လို့ ပိတ်မိသလို ဖြစ်နေကြပါတယ်။

ဒါ့အပြင် တောလမ်း တောင်ယာလမ်းတွေထဲမှာလည်း ဘယ်အဖွဲ့က ထောင်ထားတာမှန်းမသိတဲ့ မြေမြုပ်မိုင်း တွေကိုပါ သတိထားနေရပြီး ကျေးလက်မှာ ဖြစ်သလို စားသောက် နေထိုင်နေရတဲ့ ပြည်သူတွေ အများအပြားရှိ နေပါတယ်။

၂၀၂၀ ခုနှစ် နှစ်စမှာ လူဦးရေ ၅ သိန်းကျော်ရှိကာ မြို့နေ ၃၀ ရာခိုင်နှုန်း ကျေးလက်နေ ၇၀ ရာခိုင်နှုန်းရှိတယ်လို့  ချင်းပြည်နယ် အစိုးရက ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်းပြီး ၂ နှစ် ကျော်ကာလအတွင်းမှာ ချင်းပြည်နယ်က ပြည်သူ ၁ သိန်းကျော်ဟာ နေရပ်စွန့်ခွာပြီး နယ် မြေချင်း ထိစပ်နေတဲ့ မီဇိုရမ်ပြည်နယ်နဲ့ မြန်မာနိုင်ငံက မြို့ကြီးတချို့ကို ရွှေ့ပြောင်းခဲ့ပြီလို့ ချင်းအရပ်ဖက်အဖွဲ့ အစည်းတွေက ခန့်မှန်းထားပါတယ်။

ချင်းပြည်နယ်မှာ ၂ နှစ် ကျော်ကာလအတွင်း နိုင်ငံရေး ပြဿနာတွေကြောင့် နေရပ်စွန့်ခွာသူ လူဦးရေ ၁ သိန်း ကျော်ရှိပြီ ဖြစ်ပေမယ့် မြို့ပေါ်နေ လူဦးရေ ရာခိုင်နှုန်းနဲ့ ကျေးလက်နေ လူဦးရေ ရာခိုင်နှုန်းက အများကြီး ပြောင်း လဲမူ မရှိနိုင်ပါဘူး။

အာဏာမသိမ်းခင်အချိန်ရော အာဏာသိမ်းပြီး ၂ နှစ်ခွဲအကြာ လက်ရှိအချိန်မှာပါ ကျေးလက်မှာ နေထိုင်တဲ့ လူဦး ရေက ရာခိုင်နှုန်းအများဆုံးဖြစ်နေဆဲ ဖြစ်ပါတယ်။

ဒီမိုကရေစီ အသွင်ကူးပြောင်းတဲ့ ၂၀၁၁-၂၀၂၁ အကြား ၁၀ နှစ်တာကာလအတွင်း ချင်းပြည်နယ်က ကျေးလက် နေ ပြည်သူတွေရရှိခဲ့တဲ့ ကျောင်း၊ ဆေးခန်း၊ လမ်း စတဲ့ အရာတွေဟာ အခုတော့ အဆောက်အအုံ သာသာပဲ ကျန် ပါတော့တယ်။

တောတောင်ထူထပ်ပြီး လူနေကျဲပါးတဲ့ ချင်းတောင်တန်းကြီးတွေက ကျေးလက်တောရွာမှာ နေထိုင်တဲ့ ချင်းပြည် သူတွေက အာဏာသိမ်းပြီးနောက် ပျောက်ဆုံးသွားတဲ့ လုံခြုံမူ၊ အခြေခံပညာကျောင်း၊ ဆေးပေးခန်းတွေနဲ့ လမ်း တွေကို ပြန်မြင်ချင် ရချင်နေကြပါတယ်။

ချင်းပြည်နယ်က လူများစုဖြစ်တဲ့ ကျေးလက် နေပြည်သူတွေရဲ့ ဘဝတွေဟာ လစ်လျူရှုခံထားရတာ ၂ နှစ် ကျော် ကြာလာပြီ ဖြစ်တယ်။

Most read this week

May 3, 2024
စစ်ကိုင်းတိုင်း ကလေးမြို့ မြောက်ပိုင်း ကလေး - လက်ပံချောင်း လမ်းမဘေးမှာတည်ရှိတဲ့...
April 29, 2024
မလေးရှားနိုင်ငံမှာ ပြီးခဲ့တဲ့ ဧပြီ(၂၆)ရက်နေ့ တစ်ရက်အတွင်း အထောက်အထားမဲ့ ရွေ့ပြောင်းအလုပ်သမား ၂...
April 26, 2024
ချင်းပြည်နယ် မင်းတပ်မြို့နယ် တိုက်နယ် (၂)က ဝမ္မသူးဆေးရုံကို ယမန်နေ့ည ဧပြီလ(၂၅) ရက်နေ့ ...