စယ်လန့်ကျေးရွာ စစ်ကောင်စီ လက်နက်ကြီးဖြင့် ပစ်ခတ်မှုပြုလုပ်၊ ကလေးများကျောင်းပြန်ပိတ်ရ

စယ်လန့်ကျေးရွာ စစ်ကောင်စီ လက်နက်ကြီးဖြင့် ပစ်ခတ်မှုပြုလုပ်၊ ကလေးများကျောင်းပြန်ပိတ်ရ

မြန်မာ-တရုတ်နယ်စပ်ဒေသ မူဆယ်မြို့နယ် စယ်လန့်ရွာတွင် စစ်ကောင်စီသည် ဆုတောင်းပြည့်တောင်ပေါ် စခန်းချမှနေပြီး လွိုင်တေးမိန်းတောင်ပေါ် ဘုရားသို့ လက်နက်ကြီးဖြင့် ၁၀ လုံးထက်မနည်း ပစ်ခတ်နေကြောင်း ဒေသခံတစ်ဦးက ပြောသည်။

အောက်တိုဘာလ ၁၉ ရက်နေ့၊ နံနက်ပိုင်း အချိန်မှစပြီး ဆုတောင်းပြည့်တောင်ပေါ် ဘုရားနေမှ နေ၍ စစ်ကောင်စီ သည် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ရှိရာ ယူဆသည့် လွိုင်တေးမိန်း တောင်ပေါ်ဘုရားသို့ လက်နက်ကြီးဖြင့် ၂ လုံးဖြင့် စတင်ပစ်ခတ်ခဲ့ကြောင်း စယ်လန့်ဒေသခံ တစ်ဦးက ပြော သည်။

“ဆုတောင်းတောင်ပေါ်ကနေ လက်နက်ကြီး ၂ လုံးနဲ့ လွိုင်တေးမိန်းတောင်ပေါ်ကို စပစ်တယ်။ အဲ့အနီး တောင် ကုန်းကိုလည်း ပစ်တယ်။ လူထိခိုက်ဒဏ်ရာရတာတော့ မသိရသေးဘူး။ တစ်နေ့ကုန် နီးပါးလောက် ပစ်နေတာ အလုံး ၁၀ လုံးလောက် ရှိနေပြီ” ဟု ၎င်းဒေသခံက ပြောသည်။

စစ်ကောင်စီဘက်မှ ပစ်ခတ်သော လက်နက်ကြီးအသံသည် တစ်ဖက်သက်သာ ကြားနေရပြီး နှစ်ဖက်တပ်ဖွဲ့ အကြား အပြန်အလှန် ပစ်ခတ်တာမျိုး မကြားရသေးကြောင်း ၎င်းက ဆက်ပြောသည်။

အဆိုပါ လက်နက်ကြီး ပစ်ခတ်သံများ ဆက်တိုက်ကြားနေရသောကြောင့် စယ်လန့်ကျေးရွာ (အ.ထ.က) ကျောင်း မှ ကျောင်းသား/ကျောင်းသူများ ထိတ်လန့်မှုဖြစ်ပြီး ကျောင်းကို ချက်ချင်း ပြန်ပိတ်လိုက်သည်။

စယ်လန့်ကျေးရွာနေ ဒေသခံအမျိုးသားတစ်ဦးက “လက်နက်ကြီးပစ်ခတ်သံ စကြားပြီဆိုတာနဲ့ မိဘတွေကလည်း ကျောင်းက ကလေးတွေ ပြေးကြိုလာရတယ်။ ကလေးတွေလည်း လန့်နေကြတာ။ စယ်လန့်ကကျောင်းနဲ့ အနီး အနားက အပြင်ကျောင်းတွေလည်း ချက်ချင်း ပိတ်လိုက်ရတယ်။ တိုက်ပွဲပြန်ဖြစ်မှာကို စိုးရိမ်နေရတယ်” ဟု ပြောသည်။

တိုက်ပွဲကြောင့် ပိတ်ထားသည့် အဆိုပါ စယ်လန့်ကျေးရွာရှိ စာသင်ကျောင်းမှာ အောက်တိုဘာလ ၁၉ ရက်နေ့ ပြန်လည်ဖွင့်လှစ်ခဲ့ရာ ထိုနေ့တွင်ပင် စစ်ကောင်စီဘက်မှ ပစ်ခတ်လိုက်သော လက်နက်ကြီးများကြောင့် ထိတ်လန့်မှုဖြစ်ပြီး ကျောင်းကို ပြန်ပိတ်လိုက်ရခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ထို့အပြင် စယ်လန့်ကျေးရွာအတွင်း စစ်ကောင်စီနှင့် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ် မတော် (TNLA) တို့အကြား တိုက်ပွဲသည် (စက်တင်ဘာလ နောက်ဆုံးပတ်) ၌ နောက်ဆုံးဖြစ်ပွားခဲ့ပြီး  အောက် တိုဘာလ ၂၀ ရက်နေ့တွင်လည်း စစ်ကောင်စီဘက်မှ လက်နက်ကြီးဖြင့် ပစ်ခတ်နေသည်ဟု ဆိုသည်။

April 25, 2026
စိုင်းဟန်လင်း — စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီက...
လားရှိုးမြို့ရှိ ခလရ(၄၁) တပ်ရင်းအား ၂၀၂၄ ဇူလိုင်လအတွင်း MNDAA သိမ်းပိုက်ခဲ့စဉ်
April 24, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည် လားရှိုးမြို့အဝင်ရှိ စစ်တပ်လက်အောက်ခံ ခြေလျင်တပ်ရင်း ခလရ-(၄၁) ထဲ...
April 23, 2026
စိုင်းဆိုင်အိုက် — သျှမ်း-ကရင်နီနယ်စပ်ဒေသတွင် လှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့များ...
April 22, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးကန် ပြုပြင်ထိန်းသိမ်းမှု...