မိုင်းဆတ်မြို့နယ် အွန်လိုင်း ငွေလိမ်ဂိုဏ်း အများအပြားကို “ဝ” တပ်ဖွဲ့ ဝင်ရောက် စီးနင်းဖမ်းဆီး

မိုင်းဆတ်မြို့နယ် အွန်လိုင်း ငွေလိမ်ဂိုဏ်း အများအပြားကို “ဝ” တပ်ဖွဲ့ ဝင်ရောက် စီးနင်းဖမ်းဆီး
အွန်လိုင်း ငွေလိမ်ဂိုဏ်းနေထိုင်သည့်နေရာ
အွန်လိုင်း ငွေလိမ်ဂိုဏ်းနေထိုင်သည့်နေရာ

သျှမ်းပြည် မိုင်းဆတ်ခရိုင် မိုင်းယွင်း ကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ်ဂိုဏ်း လုပ်ကိုင်သူများ နေထိုင် အလုပ်လုပ်သည့် နေရာကို ‘ဝ’ တပ်ဖွဲ့ဖြစ်သည့် ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA) အဖွဲ့က ဝင်ရောက်စီးနင်းပြီး ဖမ်းဆီးသွားသည်။

အဆိုပါ ဖြစ်စဥ်သည် အောက်တိုဘာလ ၁၄ ရက်နေ့၊ နံနက် ၃ နာရီဝန်းကျင်တွင် မိုင်းဆတ်မြို့နယ် မိုင်းယွင်းကျေး ရွာအုပ်စု ပိန်းခမ်းရွာအတွင်း အွန်လိုင်းဖြင့် ငွေလိမ်လည်ခြင်း၊ လောင်းကစားပြုလုပ်နေသောဂိုဏ်းကို ‘ဝ’ တပ်ဖွဲ့ က ဝင်ရောက်ဖမ်းဆီးကြောင်း မိုင်းဆတ်မြို့ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဖမ်းခံရသွားတဲ့ သူတွေက အရမ်းများတယ်။ ခန့်မှန်းရခက်တယ်။ တရုတ်နိုင်ငံဘက်က သူဌေးတွေရော အလုပ် လုပ်နေတဲ့ မြန်မာနိုင်ငံသားရော၊ အဲ့ထဲမှာနေတဲ့သူတွေ အားလုံးပါသွားတယ်” ဟု ပြောသည်။

“ဝ”တပ်ဖွဲ့ ဝင်ရောက်စီးနင်းသည့် အွန်လိုင်း ငွေလိမ်ဂိုဏ်း နေထိုင်သည့်နေရာသည် တိုက်တန်းလျား တစ်ခု ဖြစ် ပြီး၊ ထိုထဲတွင် တရုတ်လူမျိုး အများအပြားနေထိုင်ပြီး  အခြားလူမျိုးဖြစ်သည့် သျှမ်း၊ လီဆူ၊ အာခါ နှင့် ‘ဝ’ လူ မျိုးများလည်း နေထိုင်ပြီး အလုပ်လုပ်နေကြသည်။

ဖမ်းဆီးခံရသူများသည် ၃၀၀ ကျော်ရှိပြီး၊ ထိုထဲတွင် တရုတ်လူမျိုး (၁၀၀) ကျော် အပါအဝင် မြန်မာအလုပ်သမား စုစုပေါင်း ၃၀၀ ကျော် ခန့်ရှိကြောင်း  RFA သတင်းတွင် ရေးသားထားသည်။

“အဲ့နေရာက အရင်ကတည်း တရုတ်တွေ ရောက်နေပြီးသား။ နောက် အိပ်ဖို့နေရာ၊ အွန်လိုင်းလုပ်ဖို့ စားဖို့ အဲ့မှာ အကုန်လုံးလုပ်ထားတယ်။ ‘ဝ’ က ဝမ်ဟုန်ဘက်ကို ခေါ်သွားတယ်လို့ ပြောတာပဲ” ဟု အထက်ပါ အမျိုးသားက ထပ်လောင်းပြောသည်။

မိုင်းယွင်းကျေးရွာအုပ်စုသည် မိုင်းဆတ်မြို့မှ ကား၊ ဆိုင်ကယ်ဖြင့် နှစ်နာရီနီးပါး ခရီးသွားရသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံရေး အခြေအနေ မငြိမ်မှုကြောင့် စီးပွားရေး၊ ပညာရေး နှင့် အလုပ် အကိုင် အခွင့်အလမ်း ရှားပါးလာရာ လူငယ်များသည် ဝင်ငွေများသည်ဟု ယူဆသည့် အွန်လိုင်းဂိမ်းအလုပ်ကို ပိုလုပ်ကိုင်လာ ကြသည်။

ယခုလပိုင်းအတွင်း မြန်မာ - တရုတ်နယ်စပ်တလျှောက် ကိုးကန့် ဒေသ၊ ‘ဝ’ ဒေသ နှင့် မူဆယ်မြို့ နယ်အတွင်း အွန်လိုင်း ငွေလိမ်ဂိုဏ်း များကို တရုတ် - မြန်မာ - ထိုင်း (၃) နိုင်ငံ ပူးပေါင်းပြီး ဖမ်းဆီးမှု ပြုလုပ်သွားမည်ဟု ကြေညာထားသည်။

ယခုလ (အောက်တိုဘာလ) ၁၆ ရက်နေ့တွင်လည်း မြန်မာနယ်စပ် တလျှောက်တွင် အွန်လိုင်း ငွေလိမ်ဂိုဏ်း နှင့် ဆက်စပ်သည့် သံသယရှိသူ ၄၆၀၀ ကျော် ဖမ်းဆီးရမိကြောင်း တရုတ်နိုင်ငံ ပြည်သူ့ လုံခြုံရေးဌာန ထုတ်ပြန် ချက်အရ သိရသည်။

ဟိုပုံးမြို့နယ်အတွင်းတွေ့ရသည့် စစ်အုပ်စု၏ စစ်မှုထမ်းသင်တန်းဆင်းပွဲ မြင်ကွင်းတစ်ခု။ / Credit
September 16, 2026
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၌ စစ်အုပ်စုတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) အတွက်...
သျှမ်း-ကရင်နီ နယ်စပ်တစ်နေရာတွင် စစ်ရေးလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့။ / Credit
September 15, 2026
သျှမ်း-ကရင်နီနယ်စပ်တစ်ကြော၌ စစ်အုပ်စုတပ်က လေကြောင်းတိုက်ခိုက်မှုနှင့် ဒရုန်းအသုံးပြု...
မုဒိမ်းကျင့်ခံရပြီး ရိုက်နှက်ခံရသည့် မိန်းကလေးငယ် / Crd
September 14, 2026
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် အသက် ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦး...
ဓာတ်ပုံ - အင်းလေး ဖောင်တော်ဦး ဘုရားပွဲတော်။
September 11, 2026
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် လာမည့် အောက်တိုဘာလ၌ ကျင်းပမည့်...