စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်ငါးခုမှာ ပါတီရုံးခန်းဖွင့်ရန် SSP ပါတီ ပြင်ဆင်နေ

စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်ငါးခုမှာ ပါတီရုံးခန်းဖွင့်ရန် SSP ပါတီ ပြင်ဆင်နေ

စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်ငါးခုမှာ ပါတီရုံးခန်း ဖွင့်လှစ်ဖို့အတွက် ရှမ်းနီ(တိုင်းလျန်) သွေးစည်းညီညွှတ်ရေး ပါတီ (SSP) က ပြင်ဆင်မှုတွေ ပြုလုပ်နေပြီလို့ ပါတီတာဝန်ရှိသူက ပြောပါတယ်။

“ကျွန်တော်တို့ ဒီဘက်မှာကျတော့ လုံခြုံရေးအနေအထား မြေပြင်အနေအထားကတော့ ဖွင့်နိုင်ဖို့ရာက တမူး ဆို ရင် တမူးမြို့ပေါ်မှာ သွားမဖွင့်နိုင်ဘူး။ လုံခြုံရေးနည်းနည်း စိတ်ချရတယ်ဆိုတဲ့ မြို့သစ်မှာပဲဖွင့်မှာဗျ ဖောင်းပြင် ဆိုလည်း ဖောင်းပြင်မြို့ပေါ်မှာပဲ ဖွင့်လို့ရမှာ” ဟု ပါတီခေါင်းဆောင်တစ်ဦးက ရှမ်းနီအသံကို ပြောပါတယ်။

SSP ပါတီရုံခန်း ဖွင့်လှစ်ဖို့အတွက် ဟုမ္မလင်း၊ ခန္တီး၊ ဖောင်းပြင်၊ တမူး၊ မုံရွာ စတဲ့မြို့နယ်တွေမှာ ပြင်ဆင်မှုတွေ ပြု လုပ်နေတာ ဖြစ်ပြီး ဗန်းမောက်မြို့နယ်အတွင်းမှာတော့ စစ်ရေးအခြေအနေများကြောင့် ဖွင့်လှစ်နိုင်မည့် အနေ အထား အလွန်နည်းနေသေးကြောင်း ဆိုပါတယ်။

SSP ပါတီက တာဝန်ရှိသူက “ကျွန်တော်တို့က မုံရွာနဲ့ဗန်းမောက်ကျ အခက်အခဲရှိနေတယ်။ ဖွင့်မရဘူး ဖြစ်နေ တယ်။ မုံရွာမှာက ပါတီဝင် အင်အားနည်းတာပေါ့ဗျာ။ ဗန်းမောက်က လုံခြုံရေးမရ စစ်မြေပြင်ခြေနေကြောင့် မဖွင့်နိုင်သေးဘူး။ ဆက်သွယ်ရတာ တော်တော်ခက်တာလေ” ဟု ဆက်ပြောပါတယ်။

ဟုမ္မလင်းမြို့တွင် ဗဟိုဌာနချုပ် အပြင် ခရိုင်အဆင့်နှင့် မြို့နယ်အဆင့် သုံးခုကိုထားရှိပြီး ဗဟိုဌာနချုပ်နှင့် ခရိုင် အဆင့်တွင် အဖွဲ့ဝင်၁၅ ဦး၊ မြို့နယ်အဆင့်တွင် အဖွဲ့ဝင် (၁၉) ဦးတို့ကို ဖွဲ့ဝင်ထားကြပါတယ်။

ယခု အောက်တိုဘာလကုန်မှာ ပါတီရုံးခန်းဖွင့်လှစ်ဖို့ နောက်ဆုံး သတ်မှတ်ရက် ဖြစ်ကြောင်း စစ်ကောင်စီရဲ့ ရွေး ကောက်ပွဲ ကော်မရှင်က ပြောဆိုထားပါတယ်။

စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်ထံ နိုင်ငံရေးပါတီများ မှတ်ပုံတင် ပြန်လျှောက်ထားရာမှာလည်း SSP ပါတီ က ပြီးခဲ့တဲ့ မေလ ၂ ရက်နေ့မှာ ပါတီမှတ်ပုံတင် ရရှိထားတာလည်း ဖြစ်ပါတယ်။

SSP ပါတီဟာ ၂၀၁၅ ခုနှစ်မှာ ရှမ်းနီ (တိုင်းလိုင်)နှင့် မြောက်ပိုင်းရှမ်းမျိုးနွယ်စုများ သွေးစည်းညီညွတ်ရေး ပါတီ ကနေ ပါတီအမည်ပြောင်းထားတာ ဖြစ်ပါတယ်။

May 30, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်အတွင်း  ဖြစ်ပွားခဲ့တဲ့...
May 29, 2026
ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်းများ တင်သွင်းခြင်းမရှိဘူးဟုဆိုကာ...
May 26, 2026
စစ်ကိုင်းဒေသကြီးအထက်ပိုင်းမှာ တိုက်ပွဲများပြန်လည်ပြင်းထန်လာတာကြောင့် ထီးချိုင့်- ကသာ...
May 25, 2026
မြစ်ကြီးနားမြို့ပေါ်မှာ လေပြင်းတိုက်ခိုက်မှုကြောင့် ရွှေပြည်သာရပ်ကွက် ရှိ...