ယိုးတရုတ်ရထားဘူတာ မိုင်းပေါက်ကွဲ၊ စစ်ရှောင် ကလေးတစ်ဦးသေ/နှစ်ဦး ပြင်းထန်ဒဏ်ရာရ

ယိုးတရုတ်ရထားဘူတာ မိုင်းပေါက်ကွဲ၊ စစ်ရှောင် ကလေးတစ်ဦးသေ/နှစ်ဦး ပြင်းထန်ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ဂဏန်းတောင် (ယိုးတရုတ်) ဘူတာ စစ်ဘေးရှောင်စခန်းအနီးတွင် မိုင်းပေါက်ကွဲမှု ဖြစ် ပွား၍ အသက် ၁၀ နှစ် အရွယ်ကလေး တစ်ဦးသေဆုံးပြီး ကလေးနှစ်ဦး ဒဏ်ရာအပြင်းအထန် ရရှိသွား ခဲ့သည်။

သေဆုံးသူ ပုဏ္ဏားကျွန်းမြို့နယ်၊ ဆင်သည်ကျေးရွာမှ ဦးဇော်နိုင်၏သား မောင်နေတိုးဟိန်း (၁၀)နှစ် ဖြစ်သည်။

ဒဏ်ရာရရှိသွားသူများမှာ မောင်မျိုးဇော်ဟိန်း(၈)နှစ်နှင့် မောင်မျိုးချစ်ဦး(၆)နှစ်တို့ ဖြစ်သည်။

အောက်တိုဘာ ၈ ရက်၊ မွန်းတည့် ၁၂ နာရီခန့်တွင် စခန်းအနီး ကလေးများ ဆော့ကစားနေစဥ် မိုင်းအား တစ်ခု ခုဖြင့် ပစ်ပေါက်ခဲ့သည့်အတွက် ပေါက်ကွဲခဲ့ခြင်းဖြစ်နိုင်ကြောင်း ယိုးတရုတ်ရွာအုပ်ချုပ်ရေးမှူးက ပြောသည်။

ယိုးတရုတ်ရွာအုပ်ချုပ်ရေးမှူးက “မျိုးဇော်ဟိန်း၊ နေတိုးဟိန်း၊ မျိုးချစ်ဦး ကစားနေကြစဥ် မိုင်းကို ကျောက်ခဲလို မျိုး တစ်ခုခုနဲ့ ပစ်ပေါက်ရာကနေ ပေါက်ကွဲတာထင်ပါတယ်” ဟု ပြောသည်။

လက်ရှိတွင် ဒဏ်ရာအပြင်းအထန်ရရှိသွားသည့်ကလေးနှစ်ဦးကို ပုဏ္ဏားကျွန်းဆေးရုံမှတဆင့် စစ်တွေဆေးရုံသို့ ယူဆောင်လာခဲ့သည်။

ယခုပေါက်ကွဲမှုဖြစ်ခဲ့သည့်နေရာအနီးတွင် စစ်ကောင်စီတပ်သည် ၂၀၂၂ ခုနှစ်က တကျော့ပြန် တိုက်ပွဲ ကာလ အတွင်း တပ်စွဲနေထိုင်ခဲ့ဖူးသည်ဟု ဒေသခံများက ပြောသည်။

ရခိုင်တွင် ၂ဝ၁၈ ခုနှစ်၊ နိုဝင်ဘာလမှ ၂ဝ၂၁ ခုနှစ်၊ အောက်တိုဘာလအထိ မြေမြှုပ်မိုင်းနှင့် စစ်လက်နက် အကြွင်း အကျန် ပစ္စည်းပေါက်ကွဲမှုကြောင့် ဒေသခံ ၄၉ ဦးသေဆုံးပြီး ၇ဝ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ရခိုင် တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး (REC) က ထုတ်ပြန်ခဲ့ဖူးသည်။

September 16, 2026
အာရက္ခတပ်တော် (AA) နှင့် စစ်အုပ်စုတပ်တို့အကြား တိုက်ပွဲများသည် ရွှေမင်းဂံ ရေတပ်စခန်းအနီး ချောင်း...
နတ်ရေကန်စခန်း - ပုံဟောင်း / Credit
September 15, 2026
မကွေးတိုင်း၊ ပဒါန်းအနီးရှိ နတ်ရေကန်သို့ စစ်ကြောင်းထိုးနေသည့် စစ်အုပ်စုတပ်၏ ဒရုန်းများကို...
ဓာတ်ပုံ - PBS News
September 14, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်အစပ် အမြင့်ကျွန်းမှ ရွှေမင်းဂံချောင်းဝအထိ...
စစ်တွေလေဆိပ် - ဓာတ်ပုံ - နိရဉ္စရာ
September 14, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ရှိ စစ်တွေလေဆိပ်တွင် လက်ရှိ စစ်ရေးအခြေအနေများကြောင့် စစ်အုပ်စုက...