NDAA မိုင်းလားတပ်ဖွဲ့ဝင် ကေဒါ အရာရှိငယ် ၁၀၀ ကျော် သင်တန်းဆင်းပွဲ ပြုလုပ်

NDAA မိုင်းလားတပ်ဖွဲ့ဝင် ကေဒါ အရာရှိငယ် ၁၀၀ ကျော် သင်တန်းဆင်းပွဲ ပြုလုပ်
Credit ( မိုင်းလားတပ်ဖွဲ့ဝင် ကေဒါ အရာရှိငယ် ၁၀၀ ကျော် သင်တန်းဆင်းပွဲပြုလုပ်)
Credit ( မိုင်းလားတပ်ဖွဲ့ဝင် ကေဒါ အရာရှိငယ် ၁၀၀ ကျော် သင်တန်းဆင်းပွဲပြုလုပ်)

သျှမ်းပြည်အရှေ့ပိုင်း အထူးဒေသ (၄) မိုင်းလားမြို့ အခြေစိုက် အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (NDAA) မိုင်းလား တပ်ဖွဲ့ဝင် ၁၀၀ ကျော်အတွက် စတုတ္ထအကြိမ်မြောက် ကေဒါအရာရှိငယ် သင်တန်းဆင်းပွဲ ပြုလုပ်ကျင်းပခဲ့သည်။

အောက်တိုဘာလ ၁ ရက်နေ့တွင် NDAA တပ်ဖွဲ့ အခြေစိုက် လှုပ်ရှားရာ အထူးဒေသ (၄) မှ  မိုင်းလား တပ်ဖွဲ့ဝင် ၁၀၀ ကျော်ပါဝင်သည့် ကေဒါအရာရှိငယ် သင်တန်းဆင်းပွဲ အခမ်းအနားကို စစ်သင်တန်းကျောင်းခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း NDAA အတွင်းရေးမှူး ဦးကြည်မြင့်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒါက စတုတ္ထအကြိမ်မြောက် ဖြစ်သွားပြီ၊ သူတို့ဟာ တပ်ထဲမှာ ဒေသထဲမှာ လုပ်ငန်းတွေ ထူးချွန်တဲ့ သူတွေဖြစ် တယ်။ အလားအလာကောင်းတယ် ဆိုပြီးတော့ ဒီသင်တန်းကို တက်ရတယ်။ သူတို့ သင်တန်းတက်ပြီး အရည် အချင်း မြင့်တင်ပြီးတဲ့အခါ သူတို့ကို တခြားပိုပြီး အရေးကြီးတာဝန်တွေ ပေးအပ်တဲ့ အခါ သူတို့လုပ်နိုင်အောင် သင်တန်းပေးတဲ့ သဘောပေါ့” ဟု NDAA အတွင်းရေးမှူး ဦးကြည်မြင့်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

NDAA ၏ ကေဒါ အရာရှိငယ် သင်တန်းသည် ၂၁ လကြာမြင့်ပြီး တပ်ဖွဲ့မှ တာဝန်ရှိ ပုဂ္ဂိုလ်များမှ အလှည့်ကျဖြင့် စာတွေ့၊ လက်တွေ့ သင်ကြားပေးသည့် သင်တန်းဖြစ်ကြောင်းလည်း ဦးကြည်မြင့်က သျှမ်းသံတော်ဆင့်ကို ဆက် ပြောသည်။

အဆိုပါ NDAA မိုင်းလားတပ်ဖွဲ့ဝင် ကေဒါအရာရှိငယ် သင်တန်းဆင်းပွဲကို ဒုတိယ ဥက္ကဋ္ဌ Wu SnagBai၊ လက် ထောက်တပ်မှူး Li ZhengLong၊ အထူးဒေသ အုပ်ချုပ်ရေး အစိုးရ Yan Xiang La နှင့် အထွေထွေ အတွင်းရေး မှူး Ah Liu နှင့် တခြားတာဝန်ရှိ ပုဂ္ဂိုလ်များစွာလည်း တက်ရောက်ခဲ့ကြသည်။

ယင်း ကေဒါ အရာရှိငယ် သင်တန်းဆင်းပွဲတွင် ဒုတိယ ဥက္ကဋ္ဌ Wu SangBai မှ အရေးကြီး လမ်းညွှန်စကား ပြော ကြားပြီး၊ သင်တန်းသားများမှ ကိုယ်စားလှယ်တစ်ဦး ကျေးဇူးတင်စကား ပြောဆိုခဲ့ကြောင်း မိုင်းလား Wechat Channel လူမှုကွန်ယက်စာမျက်နှာကလည်း ထုတ်ပြန်ထားသည်။

“သင်တန်းသား ၁၄၁ ဦး အားလုံး သင်တန်းကို အောင်မြင်စွာ ပြီးဆုံးခဲ့ပါတယ်။ အဲ့ထဲက သင်တန်းသား ၂ ဦးက စံပြ ထူးချွန်ဆု ချီးမြှင့်ခံရပြီး၊ နောက်ထပ် သင်တန်းသား ၁၆ ဦးက ထူးချွန်ဆု ချီးမြှင့်ခံရတယ်။ ကျန်တဲ့ သင်တန်း သားတွေ အားလုံးကလည်း သင်တန်းပြီးမြှောက်ကြောင်း ဘွဲ့လက်မှတ်တွေ ရရှိတယ်” ဟု မိုင်းလား Wechat Channel က ထုတ်ပြန်ပြောဆိုထားသည်။

သင်တန်း အောင်မြင်ပြီးဆုံးသွားသည့် NDAA ကေဒါ အရာရှိငယ်များသည် မိမိတို့ သင်ယူခဲ့သော အရည်အချင်း များကို သတ္တိရှိရှိ အသုံးချတတ်ရန် လိုအပ်ပြီး၊ ကျိုးနွံသော၊ မောက်မာမှုမရှိသော အလုပ်ပုံစံကို ထိန်းသိမ်းထား ရန်၊ အရည်အချင်း ပြည့်မှီသော စစ်သူကြီးဖြစ်လာရန် ကြိုးပမ်းရန် လိုအပ်ကြောင်းလည်း Wechat Channel က ထုတ်ပြန်ချက်အရ သိရသည်။

April 1, 2026
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင်အတွင်း စက်သုံးဆီ ရှားပါးလာမှုကြောင့် ပရဟိတ...
March 31, 2026
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့်...
March 30, 2026
ကာချုပ်တာဝန်ကနေ အနားယူလိုက်တဲ့ ဗိုလ််ချုပ်မှူးကြီးမင်းအောင်လှိုင် ၊ KIO ဒုဥက္ကဋ္ဌဟောင်း...
March 30, 2026
တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အဖြစ် ၁၅ နှစ်ကြာ တာဝန်ယူခဲ့သည့် ဗိုလ်ချုပ်မှူးကြီး...