စက်တင်ဘာလအတွင်း စစ်တပ်ကြောင့် အမျိုးသမီး ၁၂ ဦးသေဆုံး၊ ၂၀ဦး ဖမ်းဆီးခံရကြောင်း BWU ထုတ်ပြန်

စက်တင်ဘာလအတွင်း စစ်တပ်ကြောင့် အမျိုးသမီး ၁၂ ဦးသေဆုံး၊ ၂၀ဦး ဖမ်းဆီးခံရကြောင်း BWU ထုတ်ပြန်
အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်အိသဉ္ဇာမောင်ရဲ့ တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်စဥ် (ဓာတ်ပုံ- ပုံဟောင်း)
အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်အိသဉ္ဇာမောင်ရဲ့ တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်စဥ် (ဓာတ်ပုံ- ပုံဟောင်း)

၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့မှ ၂၈ ရက်နေ့အထိ စစ်ကြောရေးအတွင်း အပါအဝင် စစ်ကောင်စီကြောင့် မြန်မာနိုင်ငံအနှံ့ရှိ အမျိုးသမီး ၁၂ ဦး သေဆုံးကာ ၂၀ဦး ထိန်းသိမ်းခံခဲ့ရကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ BWU က အောက်တိုဘာလ ၂ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

စက်တင်ဘာ တလအတွင်းတွင် သေဆုံးသွားရသည့် အမျိုးသမီးများသည် လက်နက်ကြီးကျည်ကြောင့် ငါးဦး၊ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် လေးဦး၊ အကြမ်းဖက်မှုကြောင့် နှစ်ဦးနှင့် စစ်ကြောရေးတွင်တဦး စုစုပေါင်း ၁၂ဦး သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

သေဆုံးသူများသည် မန္တလေးတိုင်း စဉ့်ကူးမြို့နယ်မှ နှစ်ဦး၊ မိုးကုတ်မြို့နယ်မှ တစ်ဦး၊ တနင်္သာရီတိုင်း ပုလောမြို့ နယ်မှ နှစ်ဦး၊ ကချင်ပြည်နယ် မိုးကောင်းမြို့နယ်၊ စစ်ကိုင်းတိုင်း ကလေးမြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်၊ ပဲခူး တိုင်း ကျောက်တံခါးမြို့နယ်၊ မကွေးတိုင်း မြိုင်မြို့နယ်နှင့် ဂန့်ဂေါမြို့နယ်၊ ကရင်ပြည်နယ် ဖာပွန်မြို့နယ်တို့မှ အမျိုးသမီး တစ်ဦးစီ သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း BWU က ထုတ်ပြန်သည့် ဇယားတွင်ပါရှိသည်။

ထို့အပြင် စက်တင်ဘာလအတွင်း ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် မွန်ပြည် နယ်မှ အမျိုးသမီး ၂၀ဦး ဖမ်းဆီးခံရကာ ရန်ကုန်တိုင်း မြို့နယ်ရှစ်ခုမှ အမျိုးသမီး ကိုးဦး ပါဝင်ကြောင်း ဖော်ပြ ထားသည်။

စစ်တပ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ် စက်တင်ဘာလအထိ သေဆုံးသူအမျိုးသမီး ၆၁၄ ဦးရှိကာ ဖမ်းဆီးထိမ်းသိမ်းခံရသူ အမျိုးသမီး ၃,၁၇၅ ဦးရှိပြီး ပြစ်ဒဏ်ချမှတ်ခံရသည့် အမျိုးသမီး ၅၃၈ ဦး ရှိကြောင်း BWU က ထုတ်ပြန်ထားသည်။

ယင်းအရေအတွက်သည် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP နှင့် မြန်မာ့အမျိုးသမီး သမဂ္ဂ BWU မှ စုစည်းရရှိထားသည် အချက်အလက်များသာဖြစ်ပြီး မြေပြင်တွင် အရေအတွက်ပိုများနိုင် ကြောင်း ဖော်ပြထားသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံသည် လွတ်လပ်စွာပြောဆိုခွင့် ကျဆင်းနေသကဲ့သို့ ကမ္ဘာပေါ် တွင် ပဋိပက္ခဖြစ်ပွားမှု ကမ္ဘာ့နိုင်ငံအများဆုံး နိုင်ငံ ၅၀ အနက် မြန်မာနိုင်ငံသည် ထိပ်ဆုံးမှ ရပ်တည်နေကြောင်း ပဋိပက္ခဖြစ်ပွားမှုဆိုင်ရာ အချက်အလက်ကောက်ယူသည့် နိုင်ငံတကာအဖွဲ့အစည်းတခုဖြစ်သည့် The Armed Conflict Location & Event Data Project (ACLED) မှ စက်တင်ဘာလအတွင်းတွင် ထုတ်ပြန်ထားသည်။

March 11, 2026
မောင်ခက်နွေ — အာဏာသိမ်းမြန်မာစစ်တပ်၏ ဝင်ငွေအရင်းအမြစ်ဖြစ်သည့် ပုလဲလုပ်ငန်းတွင် ပါဝင်ပတ်သက်နေသော...
March 10, 2026
ဇာမဏီလင်းမောင် — မြန်မာ့နိုင်ငံရေးအခင်းအကျင်းတွင် ဖယ်ထုတ်၍မရသည့် လူထုခေါင်းဆောင်...
March 9, 2026
ပါခွီး — ကချင် ၊ ချင်းနှင့် ရခိုင်ပြည်နယ်များသို့ ပို့မည့် စက်သုံးဆီများ NUG၏ တိုင်း/ ဖက်ဒရယ်...
၂၀၂၅ မေလ တွင် ဗန်းမော်မှ ရွှေကူမြို့၌ ဆင်းသက်သည့် ရဟတ်ယာဉ်ကို KIA တပ်က တိုက်ခိုက်သဖြင့် ရဟတ်ယာဉ်လေဒလက်အနီး ပေါက်ကွဲမှုဖြစ်ခဲ့ပုံ။ (Kachin Sub State Media)
March 7, 2026
ဂျူချန်း — တိုက်ပွဲဖြစ်ပွားနေသည့် ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် Mi17 ရဟတ်ယာဉ်တစီး ပစ်ခတ်ခံရကာ...