စက်တင်ဘာလအတွင်း ဘယ်လိုသတင်းမှားတွေ ပျံ့နှံ့ခဲ့လဲ

စက်တင်ဘာလအတွင်း ဘယ်လိုသတင်းမှားတွေ ပျံ့နှံ့ခဲ့လဲ

စက်တင်ဘာလအတွင်း သတင်းအမှားဖြန့်ချိသူများသည်  ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)ကို ပစ်မှတ်ထားကာ သတင်းမှားသုံးပုဒ် ဖြန့်ချိခဲ့သည်။

ပထမဆုံးသတင်းမှားမှာ စစ်လက်နက်ပုံအဟောင်းများအားအသုံးပြုပြီး KIA ထံမှသိမ်းဆည်းရရှိမိသည် ဆိုသော သတင်းဖြစ်သည်။ တောင်ပေါ်မြေကိုချစ်ရသူဆိုသောဖေ့စ်ဘုတ်အကောင့်မှ အဆိုပါပို့စ်အား ဖြန့်ဝေခဲ့ခြင်းဖြစ် သည်။

အဆိုပါပုံများအား စစ်ဆေးကြည့်သည့်အခါတွင် ပုံဟောင်းများဖြစ်နေသည်ကိုတွေ့ရပြီး ယခင်ကလည်း ဖြန့်ဝေခဲ့ ဖူးသည်။

ဒုတိယသတင်းမှားကတော့ ရုပ်ရှင်ဇာတ်ဝင်ခန်းမှပုံအားအသုံးပြုကာ KIA/ PDF စခန်း ဗုံးကြဲခံရသည်ဆိုသော သတင်းအကြောင်းအရာဖြစ်သည်။ Truth Media တယ်လီဂရမ်ချန်နယ်မှ အဆိုပါ အကြောင်းအရာအား  ဓာတ် ပုံနှစ်ပုံဖြင့် ဖြန့်ဝေခဲ့သည်။

အဆိုပါဓာတ်ပုံသည် Triple Theatre ရုပ်ရှင်ဇာတ်ကားမှ ဇာတ်ဝင်ခန်းပုံဖြစ်နေသည်ကို စစ်ဆေးဖော် ထုတ်နိုင်ခဲ့ သည်။

တတိယသတင်းမှာ ကရင်နီပြည်နယ်၊ ဒီးမော့ဆိုတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တပ်သား ၁၀၀ နီးပါး ကျဆုံးခဲ့သည်ဆိုသော သတင်းမှားဖြစ်သည်။ ကျော်စွာ တယ်လီဂရမ်ချန်နယ်မှ ဓာတ်ပုံတပုံနှင့်အတူ ယင်း အကြောင်းအရာအား ဖြန့်ဝေထားခဲ့သည်။

ဖြစ်စဉ်အမှန်မှာ ကချင်ပြည်နယ် ဖားကန့်မြို့ အနန့်ပါကျေးရွာ၌ဗုံးကြဲခံရစဉ် လူ ၇၀ ဦးခန့်သေဆုံးခဲ့သည့် ဖြစ်စဉ် မှ ပေါ်ထွက်လာသည့် ဓာတ်ပုံအားသုံးကာ သတင်းအမှားဖြန့်ဝေထားခြင်းဖြစ်သည်။

ယခုလတွင် PDF တပ်ဖွဲ့ဝင် အမျိုးသမီးများအား ပုံဖျက်တိုက်ခိုက်ထားသည့် သတင်းမှားတပုဒ်ကိုလည်း စစ်ဆေး နိုင်ခဲ့သည်။

ဘညွန့်တယ်လီဂရမ်ချန်နယ်မှ “PDF အမျိုးသမီးအဖွဲ့ဝင်တွေ မုဒိန်းကျင့်ခံရလို့ ကိုယ့်ကိုယ်ကိုယ် အဆိပ် သောက် သေဆုံးမှုတွေ ရှိနေတယ်” ဟုဆိုကာ ပုံသုံးပုံဖြင့် ဖြန့်ဝေထားသည်။

ယင်းပုံများအား စစ်ဆေးကြည့်ခဲ့သည့်အခါ ယခင်ကပုံအဟောင်းများဖြစ်နေသည်ကို တွေ့ရှိခဲ့သည်။

ငွေကြေးလိမ်လည်မှုနှင့်ပတ်သက်ပြီး သတင်းနှစ်ခု ဖော်ထုတ်နိုင်ခဲ့သည်။ တခုမှာ မြစိမ်းရောင်ကျေးရွာစီမံကိန်း အမည်ဆင်တူသုံးကာ မြစိမ်းရောင်ချေးငွေလုပ်ငန်းအမည်ဖြင့် ငွေကြေးလိမ်လည်နေသည့် ဖေ့စ်ဘုတ်စာမျက်နှာ အကြောင်းအား “မြစိမ်းရောင်ချေးငွေ လုပ်ငန်း တကယ်ရှိသလား” ဆိုသည့် ခေါင်းစဉ်ဖြင့် ဖော်ထုတ်စစ်ဆေးခဲ့ သည်။

နောက်တခုမှာ PDF ပေ့ချ်အမည်ခံကာ အလှူငွေလိမ်လည်ကောက်ယူနေသော ဖေ့စ်ဘုတ်စာမျက်နှာ အကြောင်း ဖော်ထုတ်ခဲ့ခြင်း ဖြစ်သည်။

TikTok အား လေ့လာစောင့်ကြည့်ကာ ရေကြီးခြင်းနှင့်ပတ်သက်သည့် သတင်းမှားတပုဒ် ဖော်ထုတ်နိုင်ခဲ့သလို စစ်ကောင်စီဝါဒ ဖြန့်ချန်နယ်များအကြောင်းကိုလည်း တင်ပြနိုင်ခဲ့သည်။

စက်တင်ဘာလအတွင်း သတင်းမှား ၁၂ ပုဒ်ဖော်ထုတ်နိုင်ခဲ့ပြီး လူမှုကွန်ရက်အစုံမှ ဖော်ထုတ်နိုင်ခဲ့သလို သဘာဝ ဘေးအန္တရာယ်နှင့် သက်ဆိုင်သည့်အကြောင်းကိုလည်း ဖော်ထုတ်နိုင်ခဲ့သည်။

စက်တင်ဘာလအတွင်း အခြားအချက်အလက်စစ်ဆေးသည့်အဖွဲ့များထဲမှ DVB Fact-check တွင် ငွေတုရောင်း ဝယ်သည့် စာမျက်နှာအတုများ အကြောင်း အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် PDF နှင့် သက် ဆိုင်သော သတင်းတုများအား ဖော်ထုတ်ထားသည်ကိုတွေ့ရသည်။

“သတင်းလားဂျင်းလား” အစီအစဉ်တွင် ပုံမှန်တင်ဆက်နေကျ PDF နှင့်သက်ဆိုင်သော  သတင်းမှားများ အကြောင်းကိုသာတွေ့ရှိရပြီး “တွေးပြီမှယုံ” တွင် “လူမှုကွန်ရက်ပေါ်မှာ ပြန့်နှံ့လာတဲ့ပုံတွေက မိုင်ဂျာယန် ကစစ်သားပုံတွေဆိုတာ တကယ်လား” ဆိုသည့်အကြောင်းအရာအား ဖော်ထုတ်ထားသည်ကိုတွေ့ရသည်။

Boom Myanmar အဖွဲ့က စက်တင်ဘာလအတွက် အကြောင်းအရာစုံစုံလင်လင် ဖော်ထုတ်စစ်ဆေးထားသည် ကိုတွေ့ရသည်။

အချုပ်ဆိုရလျှင် စက်တင်ဘာလအတွင်း တိုက်ပွဲအကြောင်းအရာများနှင့်သက်ဆိုင်သော သတင်းတု သတင်းမှား များကို အများဆုံး အချက်အလက် စစ်ဆေးဖော်ထုတ်နိုင်ခဲ့ကြပြီး ဆိုရှယ်မီဒီယာတွင် ငွေကြေးလိမ်လည်မှု ဆက် ရှိနေ၍ ဖော်ထုတ်နေရဆဲဖြစ်သလို သဘာဝဘေးအန္တရာယ်နှင့်ဆိုင်သည့် သတင်းအမှားလည်း ဖော်ထုတ်နိုင်ခဲ့ သည်။

တိုက်ပွဲအခြေအနေများ၊ အင်တာနက်ဆက်သွယ်မှုခက်ခဲခြင်း၊ ဖုန်းလိုင်းများပြတ်တောက်ခြင်းများကြောင့် မြေပြင် အခြေအနေနှင့် ပတ်သက်၍ အချက်အလက်မခိုင်လုံခြင်းများကြောင့် ဖော်ထုတ်ရန် အခက်တွေ့ခဲ့သည့် သတင်းတုများလည်း ရှိနေဆဲပင် ဖြစ်သည်။

နေ့စဉ်ဘဝတွင် သတင်းအချက်အလက်သည် အရေးကြီးသကဲ့သို့ သတင်းတု/မှားများ ရောပါပျံ့နှံ့မသွား ရန် လည်း လိုအပ်သည်။ ထို့ကြောင့် မဇ္ဈိမစာဖတ်ပရိသတ်များအနေဖြင့် သတင်းတု/မှားဟု သံသယရှိသည့် သတင်းများ၊ အတည်ပြုရန်လိုအပ်သည့် သတင်းများ၊ အတိအကျသိရှိလိုသည့် သတင်းများကို သတင်းအမှားကို တိုက်ဖျက်ခြင်းအစီအစဉ် - Misinformation Busters သို့ လိပ်မူပြီးပေးပို့နိုင်ပါသည်။ မဇ္ဈိမအနေဖြင့် မိမိတို့ထံ လာရောက်မေးမြန်းထားသူများ၏ မက်ဆေ့ချ်ပါ အကြောင်းအရာများအား သတင်းအမှားဟုတ်မဟုတ် ပြန်လည် ဖြေကြားနိုင်ရန် အသင့်ရှိနေပါသည်။

May 19, 2026
ပေါ်ထွန်း — စစ်အုပ်စုတပ်သည် မကွေးတိုင်း၊ ဆောမြို့နယ်မှတဆင့် ချင်းပြည်နယ်တောင်ပိုင်း၊...
May 18, 2026
ပါခွီး — ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်းသို့ရောက်ရှိလာသည့် စစ်ကြောင်းကို စနိုက်ဘာဖြင့်...
May 16, 2026
မကွေးတိုင်းထဲက နတ်မောက်မြို့နယ်နှင့် မန္တလေးတိုင်းထဲက ရမည်းသင်းမြို့နယ်တို့ ထိစပ်နေသည့်...
May 15, 2026
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ လေးမြို့မြစ်အတွင်း မေလ ၁၂ ရက် ညနေပိုင်းက လူဦးရေအဆမတန်...