တရားရုံးထုတ်စစ်ဆေးစဉ် ကျန်းမာရေးဆိုးဝါးလာ၍ ဒေါ်ညိုအေးကို ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ရ

တရားရုံးထုတ်စစ်ဆေးစဉ် ကျန်းမာရေးဆိုးဝါးလာ၍ ဒေါ်ညိုအေးကို ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ရ
ဓာတ်ပုံ - ဒေါ်ညိုအေးအား စစ်တွေဆေးရုံတွင်တွေ့ရစဉ်။
ဓာတ်ပုံ - ဒေါ်ညိုအေးအား စစ်တွေဆေးရုံတွင်တွေ့ရစဉ်။

စက်တင်လာလ ၁၈ ရက်နေ့၊ နေ့လည်က အမျိုးသမီးအရေးလှုပ်ရှားသူ ရခိုင်အမျိုးသမီးကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေးကို တရားရုံးထုတ်စစ်ဆေးနေစဉ် ကျန်းမာရေး အခြေအနေ ဆိုးရွားလာ၍ စစ်တွေဆေးရုံသို့ အရေးပေါ် ပို့ဆောင်လိုက်ရသည်။

သူမနှင့် နီးစပ်သူတစ်ဦးက “သူ သွေးတိုးနေတဲ့အတွက် ဆေးရုံကို ပို့လိုက်ရတာပါ။ အခုတော့ သူ့ကို ဓါတ်မှန် လည်း ရိုက်ရအုံးမှာဖြစ်လို့ ဓါတ်မှန်ခန်းထဲကို ခေါ်သွားပါပြီ” ဟု နိရဉ္စရာကို ပြောသည်။

ဒေါ်ညိုအေးကို ယနေ့ စက်တင်ဘာလ ၁၈ ရက်နေ့၊ နေ့လည် က စစ်တွေမြို့နယ်တရားရုံး၌ ရုံးထုတ် စစ်ဆေး နေစဉ် သွေးတိုးလာသည့်အတွက် တရားရေး တာဝန်ရှိသူများက စစ်တွေဆေးရုံသို့ အရေးပေါ် ပို့ဆောင်ခိုင်းလိုက် ခြင်း ဖြစ်သည်ဟု ၎င်းက ပြောသည်။

ထို့အပြင် ဒေါ်ညိုအေးသည် ပြီးခဲ့သည့်ရက်ပိုင်းကတည်းက ဖျားနေသလို အချုပ်ထဲတွင် ခြင်ကိုက်ခံရသည့် အခြေအနေများကြောင့် ခန္ဓာကိုယ်တွင်လည်း ယားနာများ ဖြစ်ပွားနေသည်ဟု နီးစပ်သူများက ပြောသည်။

သောက်နေကျဆေးများကို အကျဉ်းထောင်အတွင်း သောက်ခွင့်မရသလို မိသားစုနှင့်လည်း တွေ့ခွင့်မရသည့် အတွက် သူမ၏ကျန်းမာရေးကို မိသားစုဝင်များက စိုးရိမ်လျက်ရှိကြသည်။

ဒေါ်ညိုအေးသည် ပြီးခဲ့သည့် သြဂုတ်လ ၁၅ ရက်နေ့၊ နေ့လည်ပိုင်းတွင် စစ်တွေမြို့ ရှိ ရခိုင်အမျိုးသမီး ကွန်ရက်ရုံးမှ တဆင့် ရဲတပ်ဖွဲ့ ၏ ဖမ်းဆီးခြင်းကိုခံခဲ့ရခြင်း ဖြစ်သည်။

သူမသည် ပြီးခဲ့သည့် သြဂုတ်လ ၁၃ ရက်နေ့က စစ်တွေကျောင်းသားသမဂ္ဂရုံးတွင် စစ်တွေကျောင်းသားသမဂ္ဂက ဦးဆောင်ပြုလုပ်ခဲ့သော ၅၆ နှစ်မြောက် စစ်တွေဆန်ပြဿနာနေ့ အထိမ်းအမှတ် ဝမ်းနည်းအောက်မေ့ဖွယ်နေ့ အခမ်းအနားသို့ တက်ရောက်ခဲ့၍ ရဲတပ်ဖွဲ့က ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်ဟု မိသားစုဝင်များက ပြောသည်။

ထိုသို့ ဖမ်းဆီးသွားပြီးနောက် သူမကို ပုဒ်မ ၅ဝ၅-ခ ဖြင့် အမှတ် (၁) ရဲစခန်းမှူးက တရားလိုပြုလုပ်ကာ အမှုဖွင့် ပြီး စစ်တွေထောင်အချုပ်တွင် ဖမ်းဆီးချုပ်နှောင်ထားခြင်း ဖြစ်သည်။

ပုဒ်မ ၅ဝ၅(ခ)သည် ထောင်ဒဏ် နှစ်နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည့် ပုဒ်မဖြစ်သည်။

ဒေါ်ညိုအေးကို ပြီးခဲ့သည့် သြဂုတ်လ ၂၉ ရက်နေ့က စစ်တွေမြို့နယ် တရားရုံးတွင် ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးခဲ့သည်။

စက်တင်ဘာလ ၁၂ ရက်နေ့တွင် ဒုတိယအကြိမ်ရုံးထုတ်ခဲ့ပြီး ယနေ့ စက်တင်ဘာလ ၁၈ ရက်တွင် တတိယအကြိမ်ရုံးထုတ်ရန် ရုံးချိန်းထားသည်ဟု သိရသည်။ (NN-16, NN-12)

ဓာတ်ပုံ - ဒေါ်ညိုအေးအား စစ်တွေဆေးရုံတွင်တွေ့ရစဉ်။

September 16, 2026
အာရက္ခတပ်တော် (AA) နှင့် စစ်အုပ်စုတပ်တို့အကြား တိုက်ပွဲများသည် ရွှေမင်းဂံ ရေတပ်စခန်းအနီး ချောင်း...
နတ်ရေကန်စခန်း - ပုံဟောင်း / Credit
September 15, 2026
မကွေးတိုင်း၊ ပဒါန်းအနီးရှိ နတ်ရေကန်သို့ စစ်ကြောင်းထိုးနေသည့် စစ်အုပ်စုတပ်၏ ဒရုန်းများကို...
ဓာတ်ပုံ - PBS News
September 14, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်အစပ် အမြင့်ကျွန်းမှ ရွှေမင်းဂံချောင်းဝအထိ...
စစ်တွေလေဆိပ် - ဓာတ်ပုံ - နိရဉ္စရာ
September 14, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ရှိ စစ်တွေလေဆိပ်တွင် လက်ရှိ စစ်ရေးအခြေအနေများကြောင့် စစ်အုပ်စုက...