ဘူးသီးတောင်တွင် အာဆာအဖွဲ့က မွတ်ဆလင်ရပ်မိရပ်ဖ ၁ ဦးကို ဖမ်းဆီးသတ်ဖြတ်

ဘူးသီးတောင်တွင် အာဆာအဖွဲ့က မွတ်ဆလင်ရပ်မိရပ်ဖ ၁ ဦးကို ဖမ်းဆီးသတ်ဖြတ်

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် အာဆာ (ARSA) အကြမ်းဖက် အဖွဲ့က မွတ်ဆလင်ရပ်မိရပ်ဖ ၁ ဦးကို ဖမ်းဆီးသတ်ဖြတ်လိုက်သည်ဟု ဒေသခံများက ပြောသည်။

အသတ်ခံရသူမှာ ဘူးသီးတောင်မြို့နယ်မြောက်ပိုင်းရှိ မီးကျောင်းခေါင်းဆွဲ ကျေးရွာမှ အသက် ၆ဝ ကျော်အရွယ် ရပ်မိရပ်ဖ ဦးမာမတ်ရူရ်ကူရ်းဖြစ်သည်။

သူသည် ပြီးခဲ့သည့် စက်တင်ဘာလ ၉ ရက်နေ့၊ ညအချိန်တွင် ကျေးရွာအတွင်းရှိ နေအိမ်မှ ARSA အဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းကိုခံခဲ့ရသည်ဟု ဒေသခံများက ပြောသည်။

နောက်တစ်နေ့ စက်တင်ဘာလ ၁ဝ ရက်တွင် သေဆုံးနေပြီဖြစ်သည့် သူ၏ရုပ်အလောင်းကို ရွာနှင့်မနီးမဝေးရှိ မောင်နှမတောင်အနီးတွင် ဒေသခံများက တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“သူက ရပ်မိရပ်ဖပေါ့။ သူက ရွာမှာ သြဇာအာဏာရှိတယ်လေ။ အဲလိုဆိုတော့ သူ့ကို သူတို့က စည်းရုံးလိမ့်မယ်။ ပိုက်ဆံလည်း တောင်းလိမ့်မယ်။ သူက အာဆာကိုမထောက်ခံဘူးပေါ့။ မထောက်ခံဘူးဆိုတော့ သူတို့က အာဆာ က အဲလိုလူမျိုးတွေကို လုံးဝကို မကျေနပ်ဘူးလေ။ ဒါကြောင့် သတ်ပစ်တာ” ဟု ပြောသည်။

ဦးမာမတ်ရူရ်ကူရ်းကို သေနတ်ဖြင့်ပစ်သတ်ခြင်း မဟုတ်ဘဲ ဓားဖြင့် ထိုးသတ်ခဲ့ခြင်း ဖြစ်သည်ဟု ကျေးရွာသား များက ပြောဆိုသည်။

နောက်ထပ် ဒေသခံမွတ်ဆလင်တစ်ဦးက “သူ့မှာ သေနတ်ဒဏ်ရာတော့ မပါဘူး။ ဓားနဲ့ ထိုးသတ်ခံရတာ” ဟု ပြောသည်။

အသတ်ခံလိုက်ရသူ၏အလောင်းကို ယမန်နေ့ကနေ ဒေသခံများက သင်္ဂြိုလ်လိုက်ပြီဟု ဆိုသည်။

အာဆာအဖွဲ့သည် စစ်ကောင်စီတပ်နှင့် နားလည်မူ ရယူကာ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များတွင် ကျယ် ကျယ်ပြန့်ပြန့် လှုပ်ရှားနေကြောင်း သတင်းများထွက်ပေါ်နေပြီး စစ်တပ်က ၎င်းအဖွဲ့၏ လှုပ်ရှားမှုများအပေါ် တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ခြင်း မရှိကြောင်း ဒေသခံများက ပြောဆိုသည်။

ယခုကဲ့သို့ ရပ်မိရပ်ဖတစ်ဦး အသတ်ခံလိုက်ရသည့်အတွက် ဒေသခံများအကြား စိုးရိမ်မှုမြင့်တက်လျက် ရှိနေကြ သည်။

ARSA အကြမ်းဖက်အဖွဲ့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခြေကုပ်ယူထားခြင်း ဖြစ်ပြီး ယခု နောက်ပိုင်းတွင် ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက ဖော်ထုတ်ဖမ်းဆီးအရေးယူမှုများ ပြုလုပ်လာနေ၍ ရခိုင်ပြည်၊ မောင်တောနှင့် ဘူးသီးတောင်မြို့နယ်များသို့ စိမ့်ဝင်လှုပ်ရှားလာနေကြခြင်းဖြစ်သည်ဟု သိရသည်။

မောင်တောနှင့် ဘူးသီးတောင်မြို့နယ်များတွင် စခန်းချနေထိုင်ခြင်း၊ မွတ်ဆလင်ကျေးရွာများကို လက်နက်ပြပြီး စည်းရုံးရေးဆင်းခြင်း၊ မွတ်ဆလင် စီးပွားရေး လုပ်ငန်းရှင်အချို့ ပြန်ပေးဆွဲခြင်း၊ ငွေညှစ်တောင်းခံခြင်းများ ကို လည်း ပြုလုပ်လျက်ရှိသည်။

April 3, 2026
ကျော်သီဟ — နိုင်ငံခြားဖြစ် အရက်နှင့် ဘီယာများကို အာရက္ခတပ်တော်(AA)က သင်္ကြန်ကာလအတွင်း...
April 2, 2026
ခိုင်လူလှ (ရိုးမမြေ) — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ မသုန်ကျေးရွာအနီးရှိ ကပစ (၁၆ )...
April 1, 2026
ကျော်သီဟ — ရခိုင်ပြည်အတွင်း ကြက်သွန်နီစိုက်ပျိုးမှုမှာ ဖြစ်ထွန်းအောင်မြင်နေသည်ဟု...
ဓာတ်ပုံ- Human Rights Watch
March 31, 2026
ခိုင်လူလှ (ရိုးမမြေ) — အာရက္ခတပ်တော် (AA) နှင့်ဖြစ်ပွားနေသည့် တိုက်ပွဲမှာ စစ်တွေအခြေစိုက်...