အွန်လိုင်းမှ ငွေလိမ်နေသည့် တရုတ်နိုင်ငံသား တစ်ထောင်ကျော်ကို ‘ဝ’ ရဲတပ်ဖွဲ့က တရုတ်ရဲထံ လွှဲပြောင်း

အွန်လိုင်းမှ ငွေလိမ်နေသည့် တရုတ်နိုင်ငံသား တစ်ထောင်ကျော်ကို ‘ဝ’ ရဲတပ်ဖွဲ့က တရုတ်ရဲထံ လွှဲပြောင်း
Photo - WSTV
Photo - WSTV

ရှမ်းပြည်နယ်ထဲရှိ ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ လောင်းကစား လုပ်ငန်းများကို အွန်လိုင်းမှတဆင့် လုပ်ကိုင် ပြီး ငွေလိမ်လုပ်စားနေကြသည့် တရုတ်နိုင်ငံသား တစ်ထောင်ကျော်တို့ကို ‘ဝ’ ပြည်နယ် ရဲတပ်ဖွဲ့ဝင်က ဖမ်းဆီး ပြီး တရုတ်ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးလိုက်သည်။

အွန်လိုင်းလောင်းကစားလုပ်ငန်းများမှ ငွေလိမ်လုပ်စားနေကြသည့် တရုတ်နိုင်ငံသား ၁၂၀၇ ဦးအား "ဝ" ပြည်နယ် ရဲတပ်ဖွဲ့က စက်တင်ဘာလ ၆ ရက်နှင့် ၇ ရက်နေ့များက တရုတ်နိုင်ငံဖက်ဆီ လွှဲပြောင်းပေးခဲ့ကြောင်း "ဝ"ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်(UWSA)၏ လားရှိုးမြို့ ဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရမ်းက အတည်ပြု ပြော သည်။

ဖမ်းဆီးခံလိုက်ရသည့် တရုတ်နိုင်ငံသား တစ်ထောင်ကျော်ထဲ၌ အမျိုးသမီးများလည်း ပါဝင်နေကြသည်ကို တွေ့ရသည်။

‘ဝ’ သတင်းမီဒီယာ WSTV က အဆိုပါသတင်းကို ဖော်ပြထားသော်လည်း အသေးစိတ် အချက်အလက်များ မပါဝင်ဘဲ ဦးညီရမ်းကလည်း အသေးစိတ် ဖြေဆိုရန် ငြင်းဆန်ထားသည်။

အမည်မဖော်လိုသည့် စီးပွားရေးလုပ်ငန်းရှင် တစ်ဦးက “ဘောလုံးပွဲလောင်းတာတွေ အဓိကစိတ်ဝင်စားကြတယ်။ တခြား ဂိမ်းတွေလည်းရှိတယ်။ ပြည်တွင်းမှာ နိုင်ငံရေးကမကောင်း၊ အလုပ်အကိုင်တွေကလည်း မကောင်းကြ တော့ ငွေကိုလွယ်လွယ်နဲ့ရမယ်ထင်တဲ့ လောင်းကစားတွေဆီ အာရုံရောက်ကြတယ်။ အွန်လိုင်းကနေ ကစားရ တာဆိုတော့ လွယ်တာလည်းပါတယ်။ ဆိုးကျိုးတွေက ဒုစရိုက်မှုတွေများလာတာပဲ” ဟု သုံးသပ်ပြောသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai သည် ပြီးခဲ့သည့် ဇူလိုင်လ ၂၅ ရက်နေ့က နေပြည်တော် ၌ စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့် တွေ့ဆုံခဲ့ပြီး မြန်မာ-တရုတ် နယ်စပ်ဒေသများတွင် အွန် လိုင်းလောင်းကစား လုပ်ငန်းများကို နှိမ်နှင်းပေးဖို့ ဖိအားပေးခဲ့သည်။

ထို့ကြောင့် ပြီးခဲ့သည့် ဩဂုတ်လကုန်ပိုင်းလောက်က ဖမ်းဆီးခံထားရသည့် အွန်လိုင်းမှငွေလိမ်သူ တရုတ်နိုင်ငံ သား ၂၄ ဦးတို့ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က တရုတ်ရဲတပ်ဖွဲ့ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း မြန်မာ နိုင်ငံဆိုင်ရာ တရုတ်သံရုံးက သြဂုတ်လ ၂၅ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

အွန်လိုင်းမှတဆင့် လောင်းကစား လုပ်ငန်းများ လုပ်ကိုင်ကာ ငွေလိမ်နေကြသည့် တရုတ်နိုင်ငံသားများသည် ရန်ကုန်လိုမြို့ကြီးများတွင်လည်း လုပ်ကိုင်နေကြသလို မြန်မာ-ထိုင်းနယ်စပ် ကရင်ပြည်နယ်ထဲရှိ ရွှေကုက္ကိုလ် ဒေသတွင်လည်း ဂိုဏ်းဖွဲ့ကာလုပ်စားနေကြကြောင်း သိရသည်။

July 4, 2026
ထိုင်းနိုင်ငံတွင် ရခိုင်ရွှေ့ပြောင်းလုပ်သား အမျိုးသမီးငယ် မကျော့ကျော့ဝေကို သတ်ဖြတ်ခဲ့သည့် ၎င်း၏...
July 3, 2026
ရခိုင်ပြည်၊ မောင်တောမြို့နယ် မြောက်ပိုင်းတွင် အကြမ်းဖက်စစ်သွေးကြွ အာဆာ (ARSA) အဖွဲ့နှင့် အာရက္ခ...
July 2, 2026
ပိုးဝါ — အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ ဗဟိုအကောက်အခွန်နှင့် အခွန်ဌာနက ဦးဆောင်ရောင်းချနေသည့်...
July 1, 2026
မောင်စာဂ — အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားသည့် ပလက်ဝအပါအဝင် ရခိုင်မှမြို့နယ်များတွင် ယခု ၂ဝ၂၆-...