ရှမ်းမြောက်က ကချင်လူငယ် ၂ ဦး ဖမ်းဆီးသတ်ဖြတ်ခံရမှု စစ်ကောင်စီတပ်က လူ့အခွင့်အရေးကို ဆိုးရွားစွာချိုးဖောက်နေဟုဆို

ရှမ်းမြောက်က ကချင်လူငယ် ၂ ဦး ဖမ်းဆီးသတ်ဖြတ်ခံရမှု စစ်ကောင်စီတပ်က လူ့အခွင့်အရေးကို ဆိုးရွားစွာချိုးဖောက်နေဟုဆို

- ရှမ်းပြည်မြောက်ပိုင်းမှာ ဇူလိုင်လတစ်လအတွင်း တိုက်ပွဲကြောင့် အပြစ်မဲ့ပြည်သူ ၆ ဦး အသက်ဆုံးရှုံးပြီး ၁၀ ယောက်ကျော် ထိခိုက်ဒဏ်ရာရရှိတာကြောင့် ဒေသခံပြည်သူတွေ စိုးရိမ်ထိတ်လန့်မှုနဲ့ နေထိုင်နေကြရတယ်လို့ ပြောပါတယ်။

- ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် တီးမာကျေးရွာက ကချင်လူငယ် ၂ ဦးကို စစ်ကောင်စီတပ်က အပြစ်မဲ့ ဖမ်းဆီးသတ်ဖြတ်ကာ မီးရှို့အလောင်းဖျောက်ခဲ့တဲ့ဖြစ်စဉ်ဟာ ဘယ်လိုမှ လက်ခံနိုင်စရာမရှိသလို စစ်ကောင်စီတပ်က ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ရာဇဝတ်မှုနဲ့လူ့အခွင့်အရေးကို ဆိုးရွားစွာ ချိုးဖောက်နေတယ်လို့ လူ့အခွင့်အရေးဆိုင်ရာစောင့်ကြည့်နေတဲ့ ကချင် CSO အဖွဲ့အစည်းတွေက ပြောပါတယ်။

- ကချင်ပြည်နယ်ဘက်ကို လက်နက်ခဲယမ်းနဲ့ စားနပ်ရိက္ခာတင်ဆောင်လာတဲ့ စစ်ကောင်စီသင်္ဘော ၉ စီးက ဧရာ၀တီမြစ်ကြောင်းတစ်လျှောက် လက်နက်ကြီးပစ်ခတ်တာကြောင့် မြစ်ကမ်းတစ်လျှောက်မှာ နေထိုင်တဲ့ပြည်သူတွေ တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

Most read this week

August 5, 2026
- မြို့သိမ်းတိုက်ပွဲ တစ်နှစ်ကျော်ကြာလာပြီဖြစ်တဲ့ စစ်ရေး၊ စီးပွားရေးအတွက် အလွန်အရေးပါတဲ့...
August 4, 2026
- မွတ်ဆလင်လူငယ်တွေ ခေတ်ပညာသင်ကြားနိုင်ရေးအတွက် ဆရာ/မ အယောက် ၅၀၀ ခန့်အပ်ဖို့ ULA က စီစဉ်နေပါတယ်...
August 4, 2026
- လက်နက်ကိုင်တပ်ဖွဲ့တွေ လှုပ်ရှားနေတာကြောင့် ရှမ်းပြည်မြောက်ပိုင်းက သီပေါတံတားကို...
August 3, 2026
-  စစ်တပ်ရဲ့ ဟန်ပြကျားဖြန့်နှိမ်နင်းမှုတွေကို ကရင်အမျိုးသားအစည်းအရုံး-KNU က...