ပေါက်တော ကြိမ်နီပြင် ဒုက္ခသည်စခန်းမှ မွတ်ဆလင်ကျောင်းသားငယ် ၃ ဦး ပြန်ပေးဆွဲခံထားရ

ပေါက်တော ကြိမ်နီပြင် ဒုက္ခသည်စခန်းမှ မွတ်ဆလင်ကျောင်းသားငယ် ၃ ဦး ပြန်ပေးဆွဲခံထားရ

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်ရှိ ကြိမ်နီပြင်ဒုက္ခသည်စခန်းမှ မွတ်ဆလင် ကျောင်းသားငယ် ၃ ဦးကို  အမည်မသိအဖွဲ့တစ်ခု၏ ပြန်ပေးဆွဲထားခြင်း ဖြစ်သည်။

ပြန်ပေးဆွဲခံထားရသူများမှာ ကြိမ်နီပြင်ဒုက္ခသည်စခန်းမှ ဦးမောင်နီချေ၏သား မောင်ဆင်ခမောက် အသက် ၁၇ နှစ်၊ ဦးလာလု၏သား မောင်အလ်ဖင် အသက် ၁၈နှစ်နှင့် ဦးဘော်ရှီး၏သား မောင်ဆင်ခမောက် အသက် ၁၈ နှစ်တို့ ဖြစ်ကြသည်။

၎င်းတို့ ၃ ဦးသည် ဇူလိုင်လ ၁၉ ရက်နေ့၊ ည ၈ နာရီကျော် အချိန်မှ စတင်ကာ ပျောက်ဆုံးနေခဲ့ခြင်းဖြစ်သည်ဟု မိသားစုဝင်များက ပြောသည်။

ဇူလိုင်လ ၂၄ ရက်နေ့တွင်မူ ဦးဘော်ရှီးထံ သားဖြစ်သူက အခြား ဖုန်းတစ်လုံးဖြင့် ဆက်သွယ်လာပြီး ၎င်းတို့ ၃ ဦးအား မလေးရှားကို ပို့မည်ဟုဆိုကာ လူတစ်စုက လိမ်လည်ခေါ်ဆောင်၍ တစ်ဦးလျှင် ကျပ်သိန်း ၁ဝဝ စီ ပေး ရန် တောင်းနေသည်ဟု ဆိုသည်။

ဦဘော်ရှီးက “သိန်း ၁ဝဝ မပေးရင် အဲ့ဒီကလေးတွေကို သတ်မယ်၊ ရိုက်မယ်၊ အမျိုးမျိုး လုပ်မယ်လို့ ပြောတယ်။ ကျနော်တို့မှာ က ရိက္ခာတွေပဲရှိတာ။ လယ်တွေ ဘာတွေလည်း ရှိတာမဟုတ်ဘူး။ တစ်ခုမှ မရှိဘူး။ အခုဘာလုပ် ရမလဲ ဆိုတာ ကို စဉ်းစားနေကြတာပါ” ဟု ပြောသည်။

အဆိုပါ မွတ်ဆလင် ကျောင်းသားငယ် ၃ ဦး ပြန်ပေးဆွဲခံရသည်မှာ ဟုတ်မှန်သည်ဟုလည်း ကြိမ်နီပြင်ဒုက္ခသည် စခန်းခေါင်းဆောင် ဦးအီလီယက်က နိရဉ္စရာကို အတည်ပြုပြောသည်။

“သူတို့တွေ မိဘတွေကို ဆက်သွယ်လာတဲ့အခါ မင်းပြားကို ရောက်နေပြီလို့လည်း ပြောတယ်။ မြောက်ဦးကို ရောက်နေတယ်လို့လည်း ပြောတယ်။ ရန်ကုန်နားကို ရောက်နေပြီလို့လည်း ပြောတယ်။ ကလေးတွေက ဘယ်နေ ရာမှာဆိုတာကို မသိကြဘူး။ သူတို့ဆက်တဲ့ ဖုန်းပိုင်ရှင်ကလည်း ပိုက်ဆံမပေးဘူးဆိုရင် ခင်ဗျားတို့ သားတွေ ဒုက္ခ ရောက်မယ်လို့ ပြောသွားတယ်” ဟု ပြောသည်။

ထိုသို့ ပြောဆိုပြီး နောက်ပိုင်း အဆိုပါဖုန်းကို ပိတ်ထား၍ ထပ်မံပြီး ဆက်သွယ် မရတော့ဟု ဆိုသည်။

ပြန်ပေးဆွဲခံရသူ မွတ်ဆလင်လူငယ် ၃ ဦးအနက် မောင်ဆင်ခမောက်သည် Grade - 5 ကျောင်းသား ဖြစ်ပြီး နောက်ထပ် အမည်တူ မောင်ဆင်ခမောက်သည် Grade - 8 ကျောင်းသား ဖြစ်သည်။

ကျန်တစ်ဦးဖြစ်သည့် မောင်အလ်ဖင်သည် Grade - 6 ကျောင်းသားဖြစ်ပြီး ၃ ဦးစလုံးသည် ကြိမ်နီပြင်ကျေးရွာရှိ အလယ်တန်းကျောင်း (ခွဲ) တွင် တက်ရောက် ပညာသင်ကြားနေကြသူများ ဖြစ်ကြသည်။

လက်ရှိတွင် အဆိုပါကိစ္စနှင့် ပတ်သက်ပြီး စခန်းတာဝန်ရှိသူများနှင့် မိသားစုဝင်များက ပေါက်တော မြို့နယ်ရှိ ရက္ခိုင့်တပ်တော် (AA)မှ တာဝန်ရှိသူများနှင့် ရဲတပ်ဖွဲ့တို့ထံ တိုင်ကြားထားသည်ဟု ဆိုသည်။

May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...
May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...
May 1, 2026
(ဖမ်းဆီးရာ၌ ငွေကြေးမပေးနိုင်သူများကို စစ်မှုထမ်းခိုင်းကာ ရှေ့တန်းသို့ ပို့ဆောင်မှုများရှိနေ...
April 30, 2026
(ဧည့်စာရင်းစစ်ရာတွင်ယောက်ကျားများကို ပုဆိုးတွေကို ခါးတောင်းကျိုက်ခိုင်းကာ...