ဗြိတိန်ခရီးသွားများအတွက် မြန်မာနိုင်ငံအတွင်း အန္တရာယ်ရှိနေရာများ ထုတ်ပြန်ရာတွင် ရခိုင်ဒေသအချို့ပါဝင်

ဗြိတိန်ခရီးသွားများအတွက် မြန်မာနိုင်ငံအတွင်း အန္တရာယ်ရှိနေရာများ ထုတ်ပြန်ရာတွင် ရခိုင်ဒေသအချို့ပါဝင်
(ဓာတ်ပုံ) - FCDO
(ဓာတ်ပုံ) - FCDO

ဗြိတိန်နိုင်ငံ၏ ဓနသဟာယနှင့် ဖွံ့ဖြိုးတိုးတက်ရေးရုံး (Foreign, Commonwealth & Development Office - FCDO)က မြန်မာနိုင်ငံအတွင်း ဗြိတိန်နိုင်ငံသားခရီးသွားများအတွက် အန္တရာယ်ရှိနေရာများ သတိပေးချက် ထုတ် ပြန်ရာတွင် ရခိုင်ဒေသအချို့လည်း ပါဝင်နေသည်။

FCDO က မြန်မာနိုင်ငံအတွင်း ရန်ကုန်၊ နေပြည်တော်၊ ပဲခူး၊ ဧရာဝတီနှင့် ရခိုင်ပြည်နယ် တောင်ပိုင်းမှ အပ ကျန် ပြည်နယ်နှင့် တိုင်းအားလုံးရှိ ဒေသများသည် ခရီးသွားများအတွက် အန္တရာယ်ရှိနေသည်ဟု ယမန်နေ့ ဇူလိုင်လ ၁၉ ရက်နေ့တွင် သတိပေးချက် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

အဆိုပါ သတိပေးချက်တွင် ဗြိတိန်နိုင်ငံသားများ အနေဖြင့် မြန်မာနိုင်ငံအတွင်း ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသ များ အပါအ၀င် မွန်၊ ကချင်၊ ချင်း၊ ကယား၊ ကရင်၊ စစ်ကိုင်းနှင့် မကွေးတိုင်းသို့ ခရီးမသွားကြရန် ထည့်သွင်း တား မြစ်ထားသည်။

အလားတူ ရခိုင်ပြည်နယ် အလယ်ပိုင်း အပါအ၀င် ရှမ်းပြည်နယ်၊ မန္တလေးတိုင်းနှင့် တနင်္သာရီတိုင်းသို့လည်း ခရီး မသွားကြရန်နှင့် မသွားမဖြစ်မှသာ သွားကြရန်လည်း FCDO က တိုက်တွန်းထားသည်။

မြန်မာနိုင်ငံ အနှံ့အပြားတွင် လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခြင်း၊ ဗုံးကြဲခြင်း၊ မြေ မြုပ်မိုင်းအန္တရာယ်နှင့် လက်နက်ကိုင်တိုက်ပွဲများဖြစ်ပေါ်နေပြီး ပဋိပက္ခနှင့် သိသာထင်ရှားသော အကြမ်းဖက်မှု များ ရှိနေသည်ဟုလည်း သတိပေးချက်တွင် ဖော်ပြထားသည်။

FCDO က အန္တရာယ်ရှိဒေသများအဖြစ်ထုတ်ပြန်ရာတွင်ပါဝင်သော ရခိုင်ပြည်နယ်တွင်မူ ၂ဝ၁၈ ခုနှစ်မှ ၂ဝ၂ဝ ပြည့်နှစ်အထိနှင့် ၂ဝ၂၂ ခုနှစ်တို့တွင်သာ မြန်မာစစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲများ အပြင်း အထန် ဖြစ်ပွားခဲ့ပြီး ဒေသ မတည်မငြိမ်ဖြစ်နေခဲ့ခြင်း ဖြစ်သည်။

၂ဝ၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်မှစတင်ကာ စစ်ကောင်စီတပ်နှင့် AA တို့ နှစ်ဘက်နားလည်မှုဖြင့် ယနေ့အထိ အပစ်အခတ် ရပ်စဲလျက်ရှိရာ FCDO ကထုတ်ပြန်ထားသလို ရခိုင်တွင် တိုက်ပွဲများ ဖြစ်ပွားခြင်းနှင့် အကြမ်းဖက် တိုက်ခိုက်မှုများရှိမနေဘဲ ဒေသတည်ငြိမ်နေသည်ဟု ဒေသခံများက ပြောသည်။

July 10, 2026
ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်ရှိ ရေစီးပြင်းထန်နေသည့် ကုလားတန်မြစ်အတွင်း လူသေအလောင်းအချို့...
July 9, 2026
အာရက္ခတပ်တော် (AA) ကို အကြောင်းပြကာ ဧရာဝတီတိုင်းအတွင်းရှိ မြို့အချို့၌ စစ်တပ်က ဟိုတယ်နှင့်...
July 8, 2026
ရခိုင်ပြည်၊ ဂွမြို့အနီးဝန်းကျင်ကို စစ်တပ်က လေကြောင်းနှင့် ရေကြောင်းတို့မှ...
July 7, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများ ယာယီရပ်တန့်နေချိန်တွင်...