မူဆယ်တွင် ဒုစရိုက်မှုများ များလာ၍ မြို့ခံများ စိုးရိမ်

မူဆယ်တွင် ဒုစရိုက်မှုများ များလာ၍ မြို့ခံများ စိုးရိမ်
နှလုံးလှ ပရဟိတ
နှလုံးလှ ပရဟိတ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တရုတ်-မြန်မာ နယ်စပ်မြို့ မူဆယ်တွင် ခိုးဆိုးလုယက်မှု၊ ဓားပြတိုက်မှု၊ လူသတ်မှုများ မကြာခဏ ဖြစ်ပေါ်နေ သည့်အတွက် လုံခြုံမှု မရှိတော့ပဲ စိုးရိမ်ကြောက်လန့်နေရသည်ဟု မူဆယ် ဒေသခံများက ပြောသည်။။

မူဆယ်မြို့သည် တရုတ်-မြန်မာ နယ်စပ်ဂိတ်မြို့ဖြစ်ပြီး လောင်းကစားဝိုင်းများပေါများခြင်း၊ မူးယစ်းဆေးဝါး များလည်း အလွယ်တစ်ကူ ဝယ်ယူ၍ရသည့်အတွက်  ယခုကဲ့သို့ ဒုစရိုက်မှုများ ပေါများလာခြင်း ဖြစ်သည်ဟု မူဆယ်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

“ကျနော်က မူဆယ်မှာနေထိုင်ရတာ အချိန်ပြည့် ကြောက်ရွံ့ပြီး စိုးရိမ်နေရတယ်။ လုံးဝမလုံခြုံပါဘူး။ ကိုယ့် အိမ်မှာ ဘယ်အချိန်ဓားပြလာတိုက်မလဲ။ ဘယ်ချိန်ပစ္စည်းတွေ ခိုးခံရမလဲ အမြဲတမ်းတွေးမိနေပါတယ်။ လောင်းကစားဝိုင်းတွေလည်း ကြိုက်သလိုဖွင့်တယ်။ မူးယစ်းဆေးဝါးလည်း ကြိုက်တဲ့နေရာ ဝယ်ယူလို့ရ တယ်။ စစ်တပ် ဘက်လည်း ဘာမှအရေးယူမှုတွေ မရှိသလို တိုင်းရင်းသား လက်နက်ကိုင်တွေလည်း ဘာမှလုပ် ဆောင်ပေးတာ မရှိဘူး။”

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၂ ရက်နေ့ကလည်း မူဆယ်မြို့ ထွယ်ပန်းခြံအကျော်က တောင်ကုန်းပေါ်ရှိ နေအိမ် တစ် အိမ် တွင် အသက် ၃၀ ဝန်းကျင် အမျိုးသမီးတစ်ဦး ရိုက်နှက်ခံရပြီးနောက် သေဆုံးခဲ့သည်။

ထိုအမျိုးသမီး၏ဘေးတွင် သံပိုက်ရှိနေသည့်အတွက် သံပိုက်နှင့် အရိုက်ခံရပြီး သေဆုံးသွားခြင်း ဖြစ်နိုင်သည်ဟု အ လောင်းကို သွားသယ်သည့် မူဆယ်မြို့က ပရဟိတ အသင်းတစ်သင်းက တာဝန်ရှိသူ တစ်ဦးက ပြောသည်။

“ရဲက ကျနော်တို့ဆီ ဖုန်းဆက်လာတော့ ကျနော်တို့သွားရောက်ကူညီခဲ့တယ်။ရဲဆီကတော့ ကောင်မလေးအမေ က ဖုန်းဆက်အကြောင်းကြားတာ။ သေဆုံးတဲ့ကောင်မလေးက ဘယ်သူရိုက်သွားတာလဲဆိုတာ ဘယ်သူမှမျက် မြင်သက်သေမတွေ့ဘူး။ အဲအိမ်မှာလည်း သူ့တို့လင်မယားပဲနေတာ သူ့အမျိုးသားက ခရီးထွက်တယ်လို့ ပြော တယ်။ အလောင်းကို သူ့အမေက သွားတွေ့တာ။”

အဆိုပါ အမျိုးသမီးမှာ ဦးခေါင်းပွင့်ထွက်ဒဏ်ရာနဲ့ သေဆုံးနေပြီး မည်သူမည်ဝါ မည်သည့်အဖွဲ့အစည်းက သတ် သွားသည်ကို အတိအကျမသိရဟု မူဆယ်မြို့က ပရဟိတ အသင်းတာဝန်ရှိသူက ပြောပါတယ်။

ထို့အပြင် ထိုအမျိုးသမီး ပိုင်ဆိုင်သည့် လက်ဝတ်ရ တနာများနှင့် တန်းဖိုးရှိပစ္စည်းများသည်လည်း  တစ်စုံတစ်ခုမှ ပျောက်ဆုံး သွားခြင်း  မရှိပေ။

ယခုကဲ့သို့ ဒုစရိုက်မှုများ ပေါများလာသည့်အတွက် ငွေရေးကြေးရေး အဆင်ပြေသည့် မူဆယ်မြို့ခံအချို့သည် မူဆယ် မြို့တွင် မနေတော့ပဲ အခြားမြို့များသို့ ပြောင်းရွေ့နေထိုင် ကြသည်ဟု မူဆယ် ဒေသခံများက ပြောသည်။

မူဆယ်တွင် စစ်ကောင်စီတပ်နှင့် ၎င်းတို့၏ လက်အောက်ခံပြည်သူ့စစ်တပ်ဖွဲ့အပြင် တအာင်းအမျိုးသား လွတ် မြောက်ရေး တပ်မတော် (TNLA) ၊ ကိုးကန့်တပ်မတော် (MNDAA) နဲ့ ကချင်တပ်မတော် (KIA ) တို့ သွားလာ လှုပ်ရှားသည့် နယ်မြေတစ်ခုဖြစ်သည်။

July 3, 2026
ချင်းပြည်တောင်ပိုင်း မင်းတပ်နှင့် ကန်ပက်လက်မြို့နယ်များသို့ စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို...
July 2, 2026
ရှမ်းပြည်၏ မြို့တော်၊ တောင်ကြီးရှိ အောင်မြေသစ် အထက်တန်းကျောင်းတွင် တက်ရောက်နေသည့် Grade 12...
July 1, 2026
ဧရာဝတီတိုင်း၊ ရေကြည်နှင့် ပုသိမ်အခြေစိုက် တပ်ရင်းများမှ ထုတ်နုတ်အင်အားများဖြင့် ရခိုင်ပြည်၊...
June 30, 2026
ရခိုင်ပြည် အတွင်းရှိ ဆေးရုံ၊ ဆေးခန်းများကို စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ဖျက်ဆီးနေသော...