AA နှင့် ဆက်စပ်သည်ဟု စွပ်စွဲဖမ်းဆီးခံထားရသူ ၆ ဦးကို စစ်ကောင်စီတရားရုံးက ထောင် ၄ နှစ်စီ ချမှတ်

AA နှင့် ဆက်စပ်သည်ဟု စွပ်စွဲဖမ်းဆီးခံထားရသူ ၆ ဦးကို စစ်ကောင်စီတရားရုံးက ထောင် ၄ နှစ်စီ ချမှတ်
Photo – APM
Photo – APM

ရက္ခိုင့်တပ်တော် (AA)နှင့် ဆက်စပ်သည်ဟုဆိုကာ စွပ်စွဲဖမ်းဆီးခံထားရသူ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်မှ ဒေသခံ ၆ ဦးတို့ ၃ နှစ်ကျော်အကြာ အမှုရင်ဆိုင်ခဲ့ရပြီးနောက် စစ်ကောင်စီ တရားရုံးတစ်ခုက ထောင်ဒဏ် ၄ နှစ်စီ ချလိုက်သည်ဟု မိသားစုဝင်များက ပြောသည်။

ထောင်ဒဏ် ချခံလိုက်ရသူများမှာ တောင်ကုတ်မြို့နယ်၊ ဆားပြင်ကျေးရွာမှ ကိုသန်းနိုင်၊ ချက်ပေါက်ရွာမှ ကိုကျော် တင်အောင်၊ ကိုနေရဲဝင်း၊ ကိုထွေးမောင်၊ မအီမြို့မှ ညီအစ်ကိုနှစ်ဦးဖြစ်သော ကိုသန်းဇော်ဌေးနှင့် ကိုသန်းဇော် ဇော် တို့ ဖြစ်သည်။

၎င်းတို့ကို AA နှင့် ဆက်စပ်သည်ဟုဆိုကာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂-ကဖြင့် ယမန်နေ့ ဇူလိုင် လ ၁၁ ရက်နေ့၊ ညနေပိုင်းတွင် တောင်ကုတ်မြို့နယ် တရားရုံးက စီရင်ချက်ချခဲ့ခြင်း ဖြစ်သည်ဟု  အဆိုပါ အမှု အား လိုက်ပါဆောင်ရွက်ပေးသူ တရားလွှတ်တော်ရှေ့နေ ဦးတင်ညိုက နိရဉ္စရာကို အတည်ပြုပြောသည်။

ထိုသူ ၄ ဦးကို စတင် ဖမ်းဆီးတရားစွဲခဲ့စဉ်က AA နှင့် ဆက်စပ်သည်ဟုဆိုကာ ဖောက်ခွဲရေးပစ္စည်းများနှင့် သက် ဆိုင်သည့် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅ဝ-စျနှင့် ၅ဝ-ည တို့ဖြင့်ပါ စွဲဆိုထားခဲ့သော်လည်း တရား ရုံးတွင် စစ်ဆေးသည့်အခါ ယင်းပုဒ်မနှင့် ငြိစွန်းးမှု မရှိ၍ ပုဒ်မ ၅၂-ကဖြင့်သာ ပြောင်းလဲ တရားစွဲဆိုကာ ထောင် လိုက်ရခြင်းဖြစ်သည်ဟု ဦးတင်ညိုက ပြောသည်။

ဦးတင်ညိုက “သူတို့ကို မူလစွဲဆိုတယ်ဆိုတဲ့ ဖောက်ခွဲရေး ပစ္စည်းတွေနဲ့တော့ မဆိုင်တော့ဘူးပေါ့ဗျာ။ အခုဟာက AA နဲ့ ဆက် နွယ်ပ တ်သက်တယ်ဆိုတဲ့ သဘောနဲ့ပေါ့နော်။ ပုဒ်မ ၅၂-ကအရ ထောင်ဒဏ် ၄ နှစ်ချလိုက်တဲ့သဘော ပါ”ဟု ပြောသည်။

ချုပ်ရက်များပါ ခံစားခွင့်ရှိသည့်အတွက် ၎င်းတို့သည် လာမည့်နှစ်တွင် ပြန်လည် လွတ်မြောက်လာတော့မည်ဟု လည်း ဆိုသည်။

တောင်ကုတ်တွင် AA နှင့် ပတ်သက်ဆက်နွယ်သည်ဟု စွပ်စွဲကာ ဖမ်းဆီးခံရသူ ၆ ဦးအနက် ဆားပြင်ကျေးရွာမှ ကိုသန်းနိုင်သည် ၂ဝ၂ဝ ပြည့်နှစ်၊ ဧပြီလတွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး ကျန် ၅ ဦးမှာ ဇွန်လတွင် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

ထိုသို့ ဖမ်းဆီးခံရပြီးနောက် စစ်ကောင်စီတပ် အရာရှိအချို့၏ တရားလိုပြုလုပ်ကာ တရားစွဲဆိုခံခဲ့ရခြင်းလည်း ဖြစ်သည်။

ဓာတ်ပုံ - စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံ မြင်ကွင်း။ Photo: Narinjara / AA
August 10, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ကျောက်ကြီးကျေးရွာ အနီးဝန်းကျင်နှင့် ဆေးရုံအနီးတို့ကို စစ်တပ်က...
August 8, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ကို အာရက္ခတပ်တော် (AA) ဝင်ရောက်တိုက်ခိုက်လာနိုင်သည်ဟု ယူဆနေသည့် စစ်အုပ်စု...
August 7, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့ပေါ် ရပ်ကွက်ငါးခုနှင့် ကျေးရွာ ၁၀၆ ရွာတို့တွင် ဩဂုတ်လ ၆ ရက်နေ့အထိ...
August 6, 2026
ရခိုင်ပြည်၊ ဂွနှင့် သံတွဲမြို့နယ်တို့၏ ကောင်းကင်ယံတွင် စစ်တပ်၏ လေယာဉ်များ...