ဆန်သိုလှောင်မှု မှတ်ပံတင် စနစ်ကြောင့် ဆန်ကုန်သည်များ အခက်ကြုံ

ဆန်သိုလှောင်မှု မှတ်ပံတင် စနစ်ကြောင့် ဆန်ကုန်သည်များ အခက်ကြုံ

စစ်ကောင်စီ၏ ဆန်၊ စပါး သိုလှောင်မှု မှတ်ပုံတင်ခြင်း စနစ်ကြောင့် ဆန်စပါးကုန်သည်များ နှင့် ဆန်စက်ပိုင်ရှင် များ အခက်တွေ့ ရသည်ဟု ဧရာဝတီတိုင်းအတွင်းက ဆန်စပါး ရောင်းဝယ်ရေး ကုန်သည်များ၏ ပြောပြချက် အရ သိရသည်။

သိုလှောင်မည့် ဆန်နှင့် စပါး ပမာဏကို တင်ပြပြီး မှတ်ပုံတင်သည့်အခါ အချိန်ကာလ ကြန့်ကြာမှုကြောင့် လုပ် ငန်းနှောင့်နှေးမှုများ ရှိနိုင်သည့်အပြင် ဝယ်လိုအား၊ ရောင်းလိုအား ပေါ် မူတည်၍ သိုလှောင်သည့် ပမာဏမှာ အချိန်နှင့် တပြေးညီ ပြောင်းလဲမှု ရှိနေသောကြောင့် သိုလှောင်ထားရှိမည့် ပမာဏကို အမြဲတင်ပြရန် ခက်ခဲသည် ဟု ဆိုကြသည်။

ပုသိမ်မြို့ ဆန်စပါးကုန်သည် တစ်ဦးက “အရောင်းအဝယ်ဆိုတာ လှောင်ထားတဲ့ ကုန်ပစ္စည်းက အခု လက်ထဲ ရှိနေပေမယ့် ခဏနေ ဝယ်လက်တွေ့လို့ ကြိုက်ဈေးနဲ့ ရောင်းလိုက်ရင် လှောင်ထားတာ မရှိနိုင်တော့ဘူး။ ရောင်း လက်က ဈေးသင့်လို့ ပိုလှောင်တာမျိုးလည်း ရှိတယ်. အဲတော့ ပိုလှောင်မယ်ဆို မှတ်ပုံတင်အုန်း ဆိုတော့ အချိန် နှောင့်နှေးတာပေါ့။ သူ့တို့ (စကစ)ရဲ့ စနစ်ကြီးက ရောင်းဝယ်ရတာ မလွတ်လပ်ဘူး” ဟု ပြောသည်။

မေလ ၉ ရက်နေ့ က စစ်ကောင်စီ၏  စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ  ဆန်စပါးကုန်သည် နှင့် ဆန်စက်လုပ်ငန်းရှင်များအား ဆန်အိတ်ရေ ၁၀၀၀ (တန်ချိန် ၅၀)အပြင် စပါးတင်း ၅၀၀၀ နှင့် အထက် သို လှောင်ထားကြပါက မှတ်ပုံတင်ရန်နှင့် မှတ်ပုံတင်မှု ရှိမရှိကို စစ်ဆေးကြပ်မတ်နိုင်ရန် အတွက် ဆန်စပါး သို လှောင်မှု လုပ်ငန်း မှတ်ပုံတင်ခြင်းဆိုင်ရာ အစိုးရ - ပုဂ္ဂလိက လုပ်ငန်းအဖွဲ့  ဖွဲ့စည်းထားကြောင်း သတင်းထုတ် ပြန်ခဲ့သည်။

အကယ်၍ ကန့်သတ် ပမာဏ သိုလှောင်ခြင်း အတွက် မှတ်ပုံမတင်ပါက ဥပဒေနှင့်အညီ အရေးယူခံရမည် ဖြစ် ပြီး မှတ်ပုံတင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရန်  ICT နှင့် Digital နည်းပညာကို အသုံးပြုပြီး အွန်လိုင်းမှ မှတ်ပုံ တင်ခြင်း (Online Registration) စနစ်ကို ကျင့်သုံးကြရန် စီစဉ်ထားသည်ဟု ဖေါ်ပြပါရှိသည်။

ဆန်ကြိတ်ခွဲရာတွင် နေစဉ်နှင့်အမျှ ကြိတ်ခွဲသူများ အပေါ် မူတည်၍ ကုန်ချိန် ပမာဏမှာ ပြောင်းလဲမှု ရှိနေခြင်း၊ စက်ပိုင် ဆန်စပါး၊ ကုန်သည်များ အပ်နှံထာသည့် စပါး၊ ကြိတ်ခွဲသူများ အပ်နှံထားသော စပါး စသည်ဖြင့် ရှိရာ ဆန်စပါး သိုလှောင်မှု ပမာဏကို ပုံသေသတ်မှတ်ရန် ခက်ခဲသည်ဟု မြောင်းမြမြို့နယ်ရှိ ဆန်စက်မန်နေဂျာ တစ်ဦးက ပြောသည်။

“သူတို့ (စကစ)က စက်ပိုင်တွေ ဆန်စပါးကုန်သည်တွေက လှောင်ထားပြီး ဈေးကစားတယ်။ တက်ဈေးရောက် မှ ရောင်းတယ် ထင်နေကြတယ်။ တကယ်တော့ ဝယ်လိုအား ရောင်းလိုအား မျှချေမရှိလို့ ဖြစ်နေတာ။ စစ် ကောင်စီ ရဲ့ စိုက်ပျိုးရေးဌာနက တောင်သူတွေကို စပါးတိုးစိုက်အောင် လုပ်မပေးနိုင်လေ။ စပါးထွက်နှုန်း နည်း နေလို့ စပါးဈေး ဆန်ဈေးက တက်ပြီးရင်းတက်နေတာ“ ဟု ဆန်စက် လုပ်ငန်းရှင် တစ်ဦးက ပြောသည်။

ဧရာတီတိုင်းတွင် စပါးစိုက်ပျိုးဧက မိုးစပါးဧကမှာ ၃၈ သိန်း နီးပါးရှိပြီး နွေစပါးစိုက်ပျိုး ဧကမှာ မိုးစပါးစိုက်ပျိုး ဧက၏ ထက်ဝက်နီးပါး ရှိနေသော်လည်း ယခုနှစ် နွေစပါးစိုက်ပျိုးမှုမှာ စိုက်ပျိုးစရိတ် မြင့်တက်မှုများကြောင့် ဧက၏ သုံးပုံပုံ တစ်ပုံခန့်သာ ရှိနေသည်ဟု မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန၏ စာရင်းမှတ်တမ်းများအရ သိရသည်။

August 11, 2026
ကချင်ပြည်၊ တနိုင်းမြို့နယ်ရှိ မင်းဇေသန့် ပြည်သူ့စစ်သင်တန်းကွင်း တိုက်ခိုက်ခံရပြီးနောက်...
August 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့တွင်း၌ စစ်တပ်က ရေရှည်မြို့စောင့် ခံစစ်အတွက် ပြင်ဆင်လျက်ရှိပြီး...
August 10, 2026
မကွေးတိုင်း ငဖဲမြို့နယ် နတ်ရေကန်နှင့် ရခိုင်ပြည် နယ်စပ်တွင် တိုက်ပွဲများ ပြင်းထန်လျက်ရှိပြီး...
August 8, 2026
စစ်အုပ်စုကို ပြန်လည် ထိတွေ့ဆက်ဆံရန် ထိုင်းနိုင်ငံက အာဆီယံကို တိုက်တွန်းပြောဆိုထားသော်လည်း လက်ရှိ...