မုဒုံမြို့နယ်တွင် သက်ငယ်မုဒိန်းမှုဖြစ်ပွားပြီးတရားခံဆိုသူကို ရဲဖမ်းမိ

မုဒုံမြို့နယ်တွင် သက်ငယ်မုဒိန်းမှုဖြစ်ပွားပြီးတရားခံဆိုသူကို ရဲဖမ်းမိ
မုဒိန်းမှုကျူးလွန်သည်ဟု ယူဆရသူ ကတုံး(ခ) ၀င်းကြိုင်(ဓာတ်ပုံ- အမွှာညီနောင်)
မုဒိန်းမှုကျူးလွန်သည်ဟု ယူဆရသူ ကတုံး(ခ) ၀င်းကြိုင်(ဓာတ်ပုံ- အမွှာညီနောင်)
မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ မှိန်ကနိမ်းကျေးရွာ မီးရထားဘူတာရုံအနီး၌ အောက်တိုဘာလ (၂၅) ရက်နေ့က အသက် ၁၁ နှစ်ခန့်ရှိ မိန်းခလေးငယ်တစ်ဦးအား သက်ငယ်မုဒိန်းပြုကျင့်မှုဖြစ်ပွားခဲ့ပြီးနောက် တရားခံဟုယူဆရသူအား ဖမ်းဆီးရမိထားသည်ဟု မုဒုံမြို့မရဲစခန်းမှ သတင်းရရှိသည်။

မုဒုံမြို့နယ်၊မှိန်ကနိမ်းကျေးရွာအုပ်စုကော့လှာကျေးရွာနေ ဦးမောင်ဦး၏ခြံတွင်စာရင်းငှားလုပ်ကိုင်နေသူ ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်၊ ကံကုန်းကျေးရွာဇာတိမှ ကတုံး(ခ) ၀င်းကြိုင် (၄၂ နှစ်) က ခြံအနိီးတွင် ကျဘမ်းလုပ်ကိုင်နေသော ဧရာဝတီတိုင်းဒေသကြီး၊ ကျံုပျော်မြို့နယ်မှ မ(-----)၏ သမီးကို မိဘနှစ်ပါးမရှိချိန် ဖုန်းပြင်ပေးမည်ဟုဆိုကာ မုဒိန်းမှုဖြစ်ပွားခဲ့သည်ဟု မုဒုံမြို့မ ရဲစခန်းမှူးက ပြောသည်။

မုဒုံမြို့မ ရဲစခန်းမှူး ခင်မောင်ထွန်းက “ခုချိန်မှာ တရားရုံးကို တရားခံ ရမန်ယူဖို့နဲ့ အမှုတွေ စစ်ဆေးဆောင်ရွက်နေဆဲပါ” ဟု ဆိုသည်။

လက်ရှိတွင် တရားခံဟုယူဆရသူ ကတုံး(ခ) ၀င်းကြိုင်အား ရဲလုပ်ထုံးလုပ်နည်းများနှင့်အညီ စစ်ဆေးမေးမြန်းလျက်ရှိပြီး ပုဒ်မ ၃၇၆ ဖြင့်တရားစွဲတင်ထားကြောင်း အဆိုပါ ရဲစခန်းမှ သိရသည်။

မုဒုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်ထင်က" ဖြစ်တာကတော့ မနေ့ညနေက ဖြစ်ပြီးတော့ အမှုကို စစ်တာနဲ့ဖမ်းတာနဲ့ ဆေးစစ်နေတာနဲ့ပဲ ညတစ်နာရီလောက်မှာ အမှုဖွင့်နိုင်ခဲ့တယ်။ ညကပဲ တစ်နာရီလောက်မှာ တရားခံကို ဖမ်းမိတယ်။ အခု အဲဒီတရားခံဖမ်းဆီးထိန်းသိမ်းထားပြီး ပုဒ်မ ၃၇၆ နဲ့ တရားစွဲတင်ထားတယ်။ ကာယကံရှင် ကျူးလွန်တဲ့ ပုဂ္ဂိုလ်က ကိုဝင်းကြိုင်(၄၂) ဖြစ်ပြီး ကလေးမလေး အမေက တရားလိုလုပ်ပြီး အမှုဖွင့်ထားတယ်" ဟု ပြောသည်

မွန်ပြည်နယ်နယ်အတွင်း ၂၀၁၇ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလကုန်အထိ မုဒိန်းမှု (၃၇) မှုဖြစ်ပွားခဲ့ရာ မော်လမြိုင် (၁၀) မှု၊ ကျိုက်ထိုနှင့် ပေါင် ၆ မှုစီ၊ သထုံနှင့် ရေး ၄ မှုစိီ၊ ကျိုက်မရော (၃) မှု၊ သံဖြူဇရပ် (၂) မှု၊ ချောင်းဆုံနှင့် မုဒုံမြို့နယ်တို့တွင် (၁) မှုစီဖြစ်ပွားခဲ့ကြောင်း၊ သက်ငယ်မုဒိန်းမှုများလည်း ယခင်နှစ်ထက်တိုးလားကြောင်း မွန်ပြည်နယ််ရဲတပ်ဖွဲ့မှူး ရုံးမှသိရသည်။

January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...
January 20, 2026
မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား ဖြစ်ပွားနေသည့်...
မော်လမြိုင်မြို့ နယ်မြေခံသင်တန်းကျောင်းတွင် သင်တန်းအမှတ်စဉ် (၂၁) (၁/၂၀၂၆) တက်ရောက်ရန် စုဆောင်းခံရသူများ
January 19, 2026
စစ်ကော်မရှင်၏ ပြည်သူ့စစ်မှုထမ်း အပတ်စဉ်များလာသည်နှင့်အမျှ သင်တန်းသားလိုအပ်ချက်လည်း များလာပြီး...
January 17, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကော်မရှင်တပ်က...