နယ်မြေမတည်ငြိမ်မှုကြောင့် ဝမ်တင်းလီ စာသင်ကျောင်း ရပ်ဆိုင်းလိုက်ရကြောင်း ကြေညာ

နယ်မြေမတည်ငြိမ်မှုကြောင့် ဝမ်တင်းလီ စာသင်ကျောင်း ရပ်ဆိုင်းလိုက်ရကြောင်း ကြေညာ

သျှမ်းပြည် လဲချားမြို့နယ် လဲချား - မိုင်းနောင် ကားလမ်းပေါ်ရှိ ဝမ်တင်းလီကျေးရွာသစ်တွင် နယ်မြေဒေသ မတည်ငြိမ်မှုကြောင့် စာသင်ကျောင်းကို ရပ်ဆိုင်းလိုက်ရကြောင်း ကော်မတီက လူမှုကွန်ရက်ပေါ်၌ ကြေညာ ချက်အရ သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၂၄ ရက်နေ့တွင် ဝမ်တင်းလီကျေးရွာမှ ကော်မတီတစ်ဦးက (Wan Mai Duen Le) ဆိုသည့် အကောင့်မှတစ်ဆင့် လူမှုကွန်ရက်ပေါ်၌  “နယ်မြေဒေသအတွင်း မတည်ငြိမ်မှုကြောင့် စာသင်ကျောင်းကို ရပ်ဆိုင်းလိုက်ကြောင်း“ ကြောညာခဲ့ခြင်း ဖြစ်သည်။

“၂၀၂၃ -၂၀၂၄ ခုနှစ် ပညာရေးအတွက် ကြိုတင်ပြင်ဆင် ရေးဆွဲထားတဲ့ ကွန်ဗျုတာသင်တန်း၊ အင်္ဂလိပ်စာ (4 Skill) ၊ ထိုင်းစာ၊ သျှမ်းစာ သင်တန်းတွေကို နိုင်ငံရေး အခြေအနေ နဲ့ နယ်မြေဒေသ မတည်ငြိမ်မှုကြောင့် ကျောင်းဖွင့်ဖို့အတွက်၊ သင်ကြားဖို့အတွက် ရပ်ဆိုင်းလိုက်ရကြောင်း ဆုံးဖြတ်လိုက်ပါတယ်။ အခြေအနေ ကောင်းမွန်လာတဲ့နေ့မှ  ပြန်ပြီး ဖွင့်လှစ်သွားမယ်လို့ ပညာရေးအတွက် ထောက်ပံ့၊ ပံ့ပိုးပေးနေသူ အားလုံးကို အကြောင်းကြားပါတယ်“ ဟု လူမှုကွန်ရက် စာမျက်နှာပေါ်၌ သျှမ်းစာနှင့် ရေးသား ဖော်ပြထားသည်။

ဝမ်တင်းလီကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဇွန်လဆန်းပိုင်းက ဖြစ်ပွားသည့် ကျေးသီးမြို့နယ်အတွင်း သျှမ်း တပ် (၂) တပ် တိုက်ပွဲကြောင့် ဒေသခံ ပြည်သူများ နေရပ်စွန့်ပြီး ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ရှောင်များ အတွက် ပေါ်ပေါက်လာသည့် ကျေးရွာအသစ်တစ်ခု ဖြစ်သည်။

အဆိုပါ နေရပ်စွန့်ပြီး ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ရှောင်ကလေးများအတွက် ပညာရေး မဆုံးရှုံးစေရေး ဆိုသည့် ရည်ရွယ်ချက်ဖြင့် ကော်မတီဖွဲ့စည်းပြီး စာသင်ကျောင်းကို ဖွင့်လှစ်လာရခြင်း ဖြစ်သည်။

“ ဒီ ၂၀၂၃ ခုနှစ် ပညာရေးအတွက် ကျောင်းက ပိတ်သွားပြီ။ အရင်နှစ်ကတော့ ဖွင့်တာပေါ့။ ဒီစာသင်ကျောင်း က လည်း သျှမ်းတပ် ၂ တပ် တိုက်ပွဲကြောင့် ဖွင့်လာရတာ။ တကယ်လို့ အခြေအနေ မတည်ငြိမ်တာကြောင့် စာသင် ကျောင်းတွေ မဖွင့်နိုင်ရင်တော့ နေမယ့်သူလည်း မရှိလောက်တော့ဘူး။ များသော အားဖြင့် မူလနေရပ်ကို ပြန်ရင် ပြန်သွားမယ်၊ မပြန်ရင် ထိုင်းတို့၊ တရုတ်တို့ကို သွားကြမှာပေါ့“ ဟု လဲချားမြို့ ဒေသခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဇွန်လဆန်းပိုင်းတွင် ဖြစ်ပွားသည့် ကျေးသီးမြို့နယ်ရှိ သျှမ်းတပ် (၂) တပ် တိုက်ပွဲကြောင့် ဇူလိုင် ၁၁ ရက်နောက်ပိုင်း နားတွန်ကျေးရွာ၊ ကုန်းပိုက်ကျေးရွာ၊ ကုန်းကန်ကျေးရွာရှိ ဒေသခံအချို့  ဝမ်တင်းလီ ကျေးရွာသို့ လာရောက်ပြောင်းရွှေ့ နေထိုင်ခဲ့ကြရသည်။

သျှမ်းတပ် ၂ ဖွဲ့ဆိုသည်မှာ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် (RCSS/SSA)တို့ ဖြစ်ကြသည်။

Most read this week

စစ်အုပ်စုတပ်များအား တွေ့ရစဉ်။ / Photo Crd
September 19, 2026
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်း စစ်အုပ်စုတပ်က ဧည့်စာရင်း လိုက်လံစစ်ဆေးရာ၌...
ထိုင်းနိုင်ငံမှ တာချီလိတ်သို့ တင်သွင်းလာသည့် ကုန်ပစ္စည်းများကို စစ်တပ်က ဖမ်းဆီးသိမ်းဆည်း၍ မြေမြှုပ်ဖျက်ဆီးနေစဉ်။ / Crd
September 17, 2026
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်မှ အသားနှင့် ကုန်စိမ်းများ...
ဟိုပုံးမြို့နယ်အတွင်းတွေ့ရသည့် စစ်အုပ်စု၏ စစ်မှုထမ်းသင်တန်းဆင်းပွဲ မြင်ကွင်းတစ်ခု။ / Credit
September 16, 2026
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၌ စစ်အုပ်စုတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) အတွက်...
သျှမ်း-ကရင်နီ နယ်စပ်တစ်နေရာတွင် စစ်ရေးလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့။ / Credit
September 15, 2026
သျှမ်း-ကရင်နီနယ်စပ်တစ်ကြော၌ စစ်အုပ်စုတပ်က လေကြောင်းတိုက်ခိုက်မှုနှင့် ဒရုန်းအသုံးပြု...