လောက်ကိုင်မြို့အတွင်း ပစ်ခတ်မှုဖြစ်ပွား၊ ထိခိုက်သေဆုံးမှုများ ရှိနေ

လောက်ကိုင်မြို့အတွင်း ပစ်ခတ်မှုဖြစ်ပွား၊ ထိခိုက်သေဆုံးမှုများ ရှိနေ

သျှမ်းပြည် လောက်ကိုင်မြို့ အတွင်းတွင် လက်နက်ကိုင်တပ်ဖွဲ့ အချင်းချင်း ပစ်ခတ်မှု ဖြစ်ပွားပြီး ထိခိုက် သေဆုံးမှုများ ရှိနေကြောင်း စုံစမ်းသိရသည်။

ဇွန်လ ၂၃ ရက်နေ့ ည ၁၀ နာရီဝန်းကျင်တွင် လောက်ကိုင်မြို့လယ် ကျင်ဟိုင်ဟိုတယ် အနီး၌ ပစ်ခတ်မှု ဖြစ်ပွားခဲ့ ခြင်းဖြစ်ပြီး အမျိုးသားတစ်ဦးက သေနတ်ထိမှန်ပြီး နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသွားသည်ဟု ဒေသခံများက ပြောသည်။

“ဘာကြောင့် ပစ်ခတ်မှုဖြစ်တာလဲတော့ မသိဘူး၊ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ သေနတ်တွေနဲ့ အပြိုင်ပစ်ကြတာ၊ ဗုံး အသံတွေ လည်း ကြားရတယ်၊ သေနတ်တွေကတော့ အတိုရော အရှည်ရောပဲ၊ အမျိုးသားတစ်ဦးကတော့ ခါးနားမှာ သေ နတ်မှန်တယ်၊ ကျောဘက်မှန်တယ်၊ သေသွားပြီတဲ့” ဟု ပစ်ခတ်မှု အနီးပတ်ဝန်းကျင် နေထိုင်သူ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် အဆိုပါ ပစ်ခတ်မှုကြောင့် အနီးပတ်ဝန်းကျင်တွင် ရပ်ထားသည့် ကားများ၊ ဆိုင်ခန်းများ နှင့် ဆိုင်ခန်း အုတ်နံရံများကိုလည်း ကျည်ဆန်သေနတ်ထိမှန် ပျက်စီးခဲ့သည်။

အဆိုပါ ပစ်ခတ်မှု ဖြစ်ပွားသည့် နေရာသည် လူစည်ကားသည့်နေရာ ဖြစ်သည့်အတွက် ထိခိုက်မှုများပြား ကြောင်း နှင့် ထိခိုက်သေဆုံးသူလည်း တစ်ဦးထက်မက ရှိနိုင်ကြောင်း အထက်ပါ အမျိုးသားက သျှမ်းသံတော် ဆင့်ကို ဆက်ပြောသည်။

“လူစည်ကားတဲ့ နေရာမှာ ရုတ်တရက်ကြီးထဖြစ်တော့ အားလုံးလည်း ရုတ်ရုတ်သဲသဲဖြစ်ကုန်တယ်၊ သေဆုံးသူ အတိအကျတော့ မသိရသေးဘူး၊ ဒီတစ်ခေါက် ပစ်ခတ်မှုက တော်တော်ကြမ်းတာပဲ” ဟု အထက်ပါ အမျိုးသား  က ဆက်ပြောသည်။

အလားတူ ဇွန်လ ၂၃ ရက်နေ့ည အတွင်းမှာပင် သျှမ်းပြည် လားရှိုးမြို့၊ မူဆယ်မြို့တို့မှာလည်း ပစ်ခတ်သံများ ထွက်ပေါ်လာကြောင်း စုံစမ်းသိရသည်။

ယင်းကဲ့သို့ မူဆယ်မြို့၊ လားရှိုးမြို့တို့မှ ပစ်ခတ်မှုများသည် မည်သည့်အဖွဲ့အစည်း၊ မည်သည့်နေရာများတွင် ဖြစ်ပွားကြောင်းကို သျှမ်းသံဝောာ်ဆင့်မှ ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

လောက်ကိုင်မြို့၊ လားရှိုးမြို့ နှင့် မူဆယ်မြို့တို့သည် စစ်ကောင်စီတပ်ဖွဲ့ အပြင် လက်နက်ကိုင်တပ်ဖွဲ့များစွာ သွား လာ လှုပ်ရှားသည့်အတွက် ပစ်ခတ်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။

စစ်တပ်မှ နိုင်ငံတော် အာဏာ သိမ်းပြီးနောက်ပိုင်းတွင် တစ်နိုင်ငံလုံး နီးပါး နိုင်ငံရေး မငြိမ်မသက်မှု ဖြစ်ပေါ်လာ ပြီး ပစ်ခတ် သတ်ဖြတ်မှုများ၊ ခိုးဆိုးလုယက်မှုများ ပေါများလာကြသည်။

Most read this week

စစ်အုပ်စုတပ်များအား တွေ့ရစဉ်။ / Photo Crd
September 19, 2026
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်း စစ်အုပ်စုတပ်က ဧည့်စာရင်း လိုက်လံစစ်ဆေးရာ၌...
ထိုင်းနိုင်ငံမှ တာချီလိတ်သို့ တင်သွင်းလာသည့် ကုန်ပစ္စည်းများကို စစ်တပ်က ဖမ်းဆီးသိမ်းဆည်း၍ မြေမြှုပ်ဖျက်ဆီးနေစဉ်။ / Crd
September 17, 2026
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်မှ အသားနှင့် ကုန်စိမ်းများ...
ဟိုပုံးမြို့နယ်အတွင်းတွေ့ရသည့် စစ်အုပ်စု၏ စစ်မှုထမ်းသင်တန်းဆင်းပွဲ မြင်ကွင်းတစ်ခု။ / Credit
September 16, 2026
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၌ စစ်အုပ်စုတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) အတွက်...
သျှမ်း-ကရင်နီ နယ်စပ်တစ်နေရာတွင် စစ်ရေးလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့။ / Credit
September 15, 2026
သျှမ်း-ကရင်နီနယ်စပ်တစ်ကြော၌ စစ်အုပ်စုတပ်က လေကြောင်းတိုက်ခိုက်မှုနှင့် ဒရုန်းအသုံးပြု...