ပြည်သူ့စစ် တပ်ဖွဲ့ဝင် တစ်ဦးကို ရေးဘီလူး အဖွဲ့က ပစ်သတ်

ပြည်သူ့စစ် တပ်ဖွဲ့ဝင် တစ်ဦးကို ရေးဘီလူး အဖွဲ့က ပစ်သတ်

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောက်မိချောင်းကျေးရွာ (တောင်ပိုင်း) က ပြည်သူ့စစ်အဖွဲ့ဝင် ၁ ဦးကို ပစ်ခတ်ရှင်း လင်းခဲ့ကြောင်း ရေးဘီလူးအဖွဲ့က ထုတ်ပြန်ထားသည်။

ကျောက်မိချောင်းကျေးရွာ (တောင်ပိုင်း) က ပြည်သူ့စစ်အဖွဲ့ဝင် ဦးရဲနိုင်ဝင်းကို ဇွန်လ ၂၀ ရက်နေ့၊ နံနက် ၉ နာရီ အချိန်ခန့်တွင် ၎င်းတို့အဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့သည်ဟု ရေးဘီလူးအဖွဲ့က ထုတ်ပြန်ပြောဆိုထားသည်။

အသက် ၅၉ နှစ်အရွယ် ပြည်သူစစ်အဖွဲ့ဝင် ဦးရဲနိုင်ဝင်းသည် နေအိမ်တွင် တည်ရှိနေစဉ် ရေးဘီလူးအဖွဲ့ဝင် သေနတ်သမား ၂ ဦးက ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး ပစ်သတ်သွားခဲ့ခြင်းဖြစ်သည်။

“ဦးရဲနိုင်ဝင်းက အိမ်မှာပဲ ပစ်သတ်ခံရတာ။ ရင်ဘတ်နဲ့ ညှက်ရိုး‌တွေမှာ ကျည်ဖောက်ဝင် ဒဏ်ရာတွေနဲ့ အခင်း ဖြစ်ပွားတဲ့နေရာမှာပဲ သေဆုံးသွားခဲ့တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် ဇွန်လ ၁၉ ရက်နေ့ ညကလည်း ရေးမြို့နယ်၊ ဟံဂံကျေးရွာ အုပ်ချုပ်ရေးမှူးနေအိမ်ကို လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ က ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း၊ အုပ်ချုပ်ရေးမှူးသည် ထွက်ပြေး လွတ်မြောက်သွားသည့်အတွက် အသက်သေဆုံးမှု မရှိခဲ့ကြောင်း ဒေသခံတို့ ပြောပြချက်အရ သိရသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇူလိုင်လအတွင်းကလည်း ကျောက်မိချောင်းရွာ (တောင်ပိုင်း) အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်ကို ရေးဘီလူးအဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့သေးသည်။

ရေးဘီလူးအဖွဲ့သည် ရေးမြို့နယ်အတွင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ဝန်ထမ်းများ၊ အုပ်ချုပ်ရေးမှူးများ ပြည်သူ့ စစ်အဖွဲ့ဝင်များ စစ်ကောင်စီသတင်း ဒလန်ဆိုပြီး စွပ်စွဲခံရသူများကို မကြာခဏပစ်ခတ်ရှင်းလင်းလေ့ရှိသည်။

စစ်ကောင်စီဘက်ကမူ ရေးဘီလူးအဖွဲ့ကို ဖမ်းဝရမ်းထုတ်ထားပြီး သတင်းပေးသူကို ဆုကြေးငွေပေးမည်ဟု သတင်းထုတ်ပြန်ထားသည်။

April 25, 2026
ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့တွင် ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်၍ လျှပ်စစ်မီးပြတ်တောက်မှုနှင့်...
ဓါတ်ပုံ - PPNM
April 24, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေး...
April 23, 2026
ထီးချိုင့်မြို့ကို ပြန်လည်ထိန်းချုပ်ထားသည့် စစ်တပ်သည် ဧရာဝတီမြစ်ကြောင်းအတိုင်း ကသာမြို့ ဘက်သို့...
Photo-KnIC (ပုံဟောင်း)
April 22, 2026
စစ်တပ်ကို နိုင်ငံရေးမှာ ဝင်ရောက်စွတ်ဖက်ခွင့်ပြုထားသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ နှင့် NCA...