နမ့်ခမ်းမြို့တွင် လူငယ်မောင်မယ်များ ဆီမီးပန်းပူဇော်ပွဲ ကျင်းပ

နမ့်ခမ်းမြို့တွင် လူငယ်မောင်မယ်များ ဆီမီးပန်းပူဇော်ပွဲ ကျင်းပ
by -
သျှမ်းသံတော်ဆင့်
ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်အတွင်းရှိ လူငယ်မောင်မယ်များ စုပေါင်း၍ ရိုးရာမပျက် သီတင်းကျွတ်လွန် ဆီမီးပန်းများ ပူဇော်ပွဲကျင်းပကြသည်။

နမ့်ခမ်းမြို့ ပေါက်တိုက်ရပ်ကွက်နှင့် ဝမ့်နောင်တိန်းရွာမှ လူငယ်မောင်မယ်များစုပေါင်းကာ အောက်တိုဘာလ ၂၁ ရက်မှ ၂၃ ရက်နေ့အထိ ၃ ရက်တိုင်တိုင် ဘုန်းကြီးကျောင်းများသို့ ဆီမီးပန်းများ ပူဇော်ပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုပါသည်။

“နှစ်တိုင်းတော့ကျင်းပမြဲပါ။ ထူးခြားတာကတော့ ဒီနှစ် အပျိုတွေက ပန်းစည်းနဲ့ဖယောင်းတိုင်မီး ကိုင်ပြီးလှည့်လည်တယ်။ ဖယောင်းတိုင်မီးငြိမ်းရင် လူပျိုတွေကလာထွန်းပေးတယ်။ ဘုန်းကြီး ကျောင်း လှည့်တယ်လေ။ လှည့်ပြီး ကျောင်းပေါ်တက် ဘုရားကန်တော့တယ်။ ဆီမီးနဲ့ပန်းပူဇော် တယ်။” ဟု နမ့်ခမ်းဒေသခံစိုင်းအောင်မိန်းကပြောသည်။

အဓိကရည်ရွယ်ချက်မှာ နမ့်ခမ်းဒေသခံလူထု ဘိုးစဉ်ဘောင်ဆက် ရိုးရာဓလေ့ မမေ့ကြစေရန်နှင့် မျိုးဆက်သစ်လူငယ်များ ဗုဒ္ဓဘာသာဝင်များအနေဖြင့် မီးပူဇော်ပွဲဖြစ်ပေါ်လာပုံသိရှိစေရန် ရည်ရွယ် ကြောင်း ၊ တဖက်ကလည်း ဒေသတွင်းလူ ထုချစ်ကြည်ရင်းနှီးမှုရှိစေရန်၊ စည်းလုံးညီညွတ်ရေး အတွက် အထောက်အကူဖြစ်စေရန်ရည်ရွယ်ကြောင်း နမ့်ခမ်း လူငယ် စိုင်းစွမ် ကပြောသည်။

၂၁ ရက်နေ့မှ နမ့်ခမ်းမြို့လယ် စဝ်ကော်မိန်းကျောင်းတိုက်နှင့် ဂေါဇိဓါရုံကျောင်းတိုက်၊ ၂၂ ရက်နေ့တွင် နိဂြောဓါရုံကျောင်းတိုက်၊ ၂၃ ရက်နေ့တွင် နန္ဒာဝံကျောင်းတိုက်တို့တွင် ဆီမီးများ ပူဇော်ခဲ့ကြသည်။

နမ့်ခမ်းလူထု ရိုးရာဓလေ့အရ သီတင်းကျွတ်ကာလတွင် လပြည့်နေ့ ဝါကျွတ်မီးထွန်းပွဲ၊ သီတင်းကျွတ်လပြည့်ကျော် ၈ ရက်တွင် ပွဲဆောဝ်းဆမ် အလှူပွဲ အပြင် ပန်းစည်းဆီမီးပူဇော်ပွဲများ ဆက်တိုက်ကျင်းပခဲ့သည်။

ဗုဒ္ဓမြတ်စွာဘုရား တာဝတိံတာနတ်ပြည်တွင် ဝါတွင်း ၃ လ တရားဟောကြားတော်မူပြီး လူ့ပြည်သို့ပြန်လည်ဆင်းသက်လာစဉ် ပြည်သူလူထုက သစ်သီးဝလံ ပန်းမံဆီမီးပူဇော်ကြိုဆိုခဲ့ သည့် ဓလေ့မှ ယနေ့တိုင် ဆီမီးပူဇော်ပွဲ ကျင်းပလာခြင်းဖြစ်သည်။

April 1, 2026
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင်အတွင်း စက်သုံးဆီ ရှားပါးလာမှုကြောင့် ပရဟိတ...
March 31, 2026
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့်...
March 30, 2026
ကာချုပ်တာဝန်ကနေ အနားယူလိုက်တဲ့ ဗိုလ််ချုပ်မှူးကြီးမင်းအောင်လှိုင် ၊ KIO ဒုဥက္ကဋ္ဌဟောင်း...
March 30, 2026
တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အဖြစ် ၁၅ နှစ်ကြာ တာဝန်ယူခဲ့သည့် ဗိုလ်ချုပ်မှူးကြီး...