ဤရွှေကြောသည် ကရင်ပြည်နယ်၊ မယ်ဝိုင်ဒေသ တဝိုက်မှ မွန်ပြည်နယ် ကျိုက်ထီးရိုး ဘုရား တောင်ခြေ၊ ထိုမှတဆင့် ပဲခူးတိုင်းရှိ တောင်ငူ အထိ ကြီးမားကျယ်ပြန့်စွာ ရှိနေကြောင်း၊
ဤရွှေကြောသည် ကရင်ပြည်နယ်၊ မယ်ဝိုင်ဒေသ တဝိုက်မှ မွန်ပြည်နယ် ကျိုက်ထီးရိုး ဘုရားတောင်ခြေ၊ ထိုမှတဆင့် ပဲခူးတိုင်းရှိ တောင်ငူအထိ ကြီးမားကျယ်ပြန့်စွာ ရှိနေကြောင်း၊ ဤပမာဏသည်၊နှစ်ပေါင်း ရာနှင့်ချီပြီး ထုတ်ယူနိုင်ကြောင်း၊ ဒဂုံတက္ကသိုလ်၊ ဘူမိဗေဒဌာန အငြိမ်းစား ပါမောက္ခနှင့် Advanture Mental International Mining Co.,Ltd. မှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးစိုးသိန်းက ပြောကြားခဲ့ပါသည်။
ဤရွှေကြောသည်၊ ကြီးမားလွန်းသဖြင့် နေရာ(၆)ခုခွဲပြီး နာဆာမှ လွှတ်တင်ထားသော Landast 7 ကောင်းကင်ဂြိုလ်တုဖြင့် ရိုက်ယူရသည်ဟုဆိုပါသည်။ ရွှေသား ပါသောကျောက်သားမှာ ကျောက်တ တန်လျှင် ရွှေ(၂၀) ကျပ်သားအထိ ရရှိမည်ဖြစ်ကြောင်း ပြောပါသည်။ မယ်ဝိုင်ရွှေမှော်သည်တော ခေါင်သဖြင့် တူးသူနည်းသော်လည်း၊ တူးသူများသည်၊ ရွှေကိုတန်နဲ့ ချီရ ရှိခဲ့ပြီး၊လက်နက် ကိုင်အဖွဲ့ ့အစည်းများသာ အများအားဖြင့် တူးကြပါသည်။
မြန်မာနိုင်ငံ၌ အကြီးဆုံး ရွှေကြောထွက်ရှိသည့်နေရာများမှာ ရမည်းသင်း၊ စဉ့်ကူ၊ သပိတ်ကျင်းမှ နကထီမယ်ဝိုင်၊ ကျိုက်ထို ၊မြန်မာနိုင်ငံ အထက်ပိုင်းရှိ ကော်လင်း၊ ၀န်သိုနှင့် မြောက်ဖက် ကချင်ဒေသ၊ ပုသိမ်အနောက်ဖက် ဟင်္သာတမှ မကွေးတိုင်းအထိ၊ မြန်မာနိုင်ငံအရှေ ့ဖက်ကုန်းမြေမြင့်မှ တာချီလိတ် တဆင့် တရုပ်ပြည်သို့လည်းကောင်း ထွက်ရှိသည်ဟု ဆိုပါသည်။ ဤမယ်ဝိုင်မှော်မှ ရွှေကြောကြီးကို မတွေ ့ရှိခင် မြန်မာနိုင်ငံ၌ ရွှေကျင်ရွှေကြောသည် အကြီးဆုံးဟု သတ်မှတ်ထားပါသည်။
သတ္တုတွင်း ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်အရ မြန်မာနှိင်ငံ၌ ရွှေထုတ်လုပ်နိုင်သည့်နေရာ (၂၂၇) နေရာရှိကြောင်း၊ ၂၀၁၁ခု နှစ်မှစပြီး ရှာဖွေထုတ်လုပ်နေသော အသေးစားရွှေတူးဖေါ်ရေး လုပ်ငန်းများ ကို လစဉ်ရွှေနှစ်ကျပ်သားစနစ်ဖြင့် ကောက်ခံနေရာမှ တနှစ်စာ ရွှေ (၂၄) ကျပ်သားကို တခါတည်း ပေးသွင်း ရသည့် စနစ်ဖြင့်ပြောင်းလဲကောက်ခံထားပါသည်။



