ဆိုင်ကြီး နှစ်ဆိုင်ဖောက်ထွင်းပြီး ၁ သန်းကျော်ဖိုးပစ္စည်းခိုးသူ မြန်မာ နိုင်ငံသားတဦးဖမ်းဆီး

ဆိုင်ကြီး နှစ်ဆိုင်ဖောက်ထွင်းပြီး ၁ သန်းကျော်ဖိုးပစ္စည်းခိုးသူ မြန်မာ နိုင်ငံသားတဦးဖမ်းဆီး
by -
ခိုနူမ်ထုန် သတင်းဌာန

အိန္ဒိယနိုင်ငံအရှေ့မြောက်ပြည်နယ် မြို့တော် အိုင်ဇောလ်မြို့ ဆိုင်ကြီး ၂ ဆိုင်ကို ဖောက်ထွင်းပြီး ရူပီး  ၁၀ သိန်းကျော်ဖိုးပစ္စည်းခိုးသူ မြန်မာနိုင်ငံ သားတဦးကို ပြီးခဲ့သည့် ၂၅ ရက်နေ့တွင် မီဇိုရမ် ပြည်နယ် ရဲများက ဖမ်းဆီးကြောင်း သိရသည်။

Lalzamlianaတရားခံ ဖြစ်သူ ချင်းပြည်နယ် ဖလမ်းမြို့နေ အဘဦး Ropianga ၏သား Lalzamliana (26) ကို Lunglei ရဲများက Lunglei မြို့နယ် Lunglawn ကျေးရွာတွင် ပြီးခဲ့သည့် ၂၅ရက်နေ့က ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

မေလ ၃၁ ရက်နေ့က P & D Clothing, Zion Street တွင်ရှိသော အထည်ဆိုင်မှ ရှုပီး ၁၆၄၆၀၀ တန်ဖိုးရှိ အထည်အစ နှင့် အဝတ်အစား ပျောက်ဆုံးမှု၊ ဇွန်လ ၁၉ ရက်နေ့က  Zion Street တွင်ရှိသော Zodi Shoe ဖိနပ်ဆိုင်မှ ရှုပီး ၁၀၀၁၃၅၀ တန်ဖိုးရှိ Shoe ဖိနပ် ပျောက်ဆုံးမှုကြောင့် ဆိုင်ပိုင်ရှင်များက တိုင်ချက် ဖွင့်ထား ခြင်းဖြစ်သည်။

အမှုနှစ်ခုကို အာဏာပိုင်များက လိုက်လံစုံစမ်းရာ တရားခံဖြစ်သူ Lalzamliana ကို ဇွန်လ ၂၅ ရက်နေ့က Lunglawn ကျေးရွာ နေအိမ်တွင် ဖမ်းဆီးပြီး ၄င်းလက်ထဲမှ အထည်စ ၁၃ ၊ အဝတ်အစား ၃ ထည်၊ အမျိုး သမီးဝတ်အကျီင်္ ၂၀ နှင့် shoe ဖိနပ် ၆၃ စုံ တို့ကို လက်ပူးလက်ကြပ်မိထားကြကြောင်း ဖော်ပြသည်။

တရားခံ Lalzamliana က ခိုးရာပါ ပစ္စည်းများကို Lunglei မြို့လမ်းဘေးများတွင် စျေးချိုချိုဖြင့် လိုက်လံ ရောင်း နေ သည်ဟု သိရသည်။

တရားခံဖြစ်သူသည် Lalzamliana သည် ၂၀၀၆ ခုနှစ်တုန်းက Lunglei မြို့နယ်၊ Taisi ရပ်ကွက်တွင် နေထိုင်သော အဘိုးကြီးတဦးကို ကြိုးဖြင့်ချီပြီး အခန်းထဲတွင် ပိတ်လှောင် ထားမှူဖြင့် Lunglei District ထောင် တွင် ထောင်ကျပြီး ပြန်လည်လွတ်မြောက်လာ သူဖြစ်ကြောင်း ပြောကြသည်။