ဆူးပန်း(ဧပြီ-၈)။ ။ ဒေါ်အောင်ဆန်းစုကြည်အပါ အဝင် ကိုယ်စားပြုလွှတ်တော်ကော်မီတီများ တိုင်းရင်းသား ခေါင်းဆောင်များမှ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် (၂၁) ရာစု ပင်လုံညီလာခံကြီး တခုပြုလုပ်ကျင်းပရန်ကြိုးပမ်း နေချိန်တွင် ရွေးကောက် ပွဲဝင်ပါတီ(၁ဝ) ပါတီမှ ပြည်ထောင်စုညီလာခံတခုကို ကျင်းပရန်အတွက် တွေ့ဆုံဆွေးနွေးခဲ့ပြီး ယခုတက်လာသည့် အစိုးရ သစ်ကို တောင်းဆိုခဲ့သည်ဟု အမျိုးသားဒီမိုကရေစီ အင် အားစုပါတီ၏ ဒုဥက္ကဌဦးခင်မောင်ဆွေမှ ပြောပါသည်။
ထိုအစည်းအဝေးကို ဧပြီလ(၅)ရက်နေ့ရန်ကုန်မြို့ ဒီမိုကရက်တစ်ပါတီဌာနချုပ်ရုံးတွင်ကျင်းပခဲ့ပြီးအစည်းအဝေး ၏ ဆုံးဖြတ်ချက်ကို အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏ ဒုဥက္ကဌ ဦးခင်မောင်ဆွေမှ ယခုလိုပြောပါသည်။
“လွန်ခဲ့တဲ့နှစ်ရက်လောက်ကပေါ့ဗျာ။ ကျွန်တော်တို့(၁ဝ)ပါတီဆွေးနွေးပြီးဆုံးဖြတ်လိုက်ကြတယ်လေ။ ပြည် ထောင်စုညီလာခံဆိုတာကတော့ ကျွန်တော်တို့တောထဲမှာရှိ နေတဲ့လက်နက်ကိုင်တွေမြေပေါ်မှာရောက် နေတဲ့ ငြိမ်းချမ်း ရေးအဖွဲ့တွေရော မြေပေါ်မှာရှိနေတဲ့ကျွန်တော်တို့တရားဝင် နိုင်ငံရေးပါတီအားလုံးရော နောက်ပြီးတော့ ရွေးကောက်ပွဲ မဝင်ရသေးဘဲ ရှိနေသေးတဲ့ ဒီမိုကရေစီအင်အားစုအားလုံးနဲ့ အာဏာပိုင် အဖွဲ့အစည်းတွေအားလုံး မျက်နှာစုံညီပေ့ါ။ပြည်ထောင်စုညီလာခံကြီးတစ်ခုကို ကျင်းပပေးဖို့အတွက် တိုက်တွန်းထားတဲ့ အကြောင်းတိုက်တွန်းထားတဲ့အထဲမှာ တတ်နိုင် သမျှ စောနိုင်သမျှအစောဆုံးကျင်းပ ပေးပါဆိုပြီးတော့ ဒါတောင်းဆိုထားတာ။”
ဒီမိုကရေစီ မိတ်ဆွေပါတီများဟုခေါ်ဆိုသည့် နိုင်ငံရေးပါတီ(၁ဝ)ပါတီအစုအဖွဲ့မှ နိုင်ငံရေး အကျဉ်းသားများ ကိုလွှတ်ပေးရန် ပြည်တွင်းစစ်ကိုရပ်တန့်ပြီး နိုင်ငံရေးနည်းလမ်းနှင့် တွေ့ဆုံအဖြေရှာ ဖို့ပါဝင်ပါသည်။သို့ရာတွင်လက်တွေ့ အခြေအနေတွင်မူ တိုင်းရင်းသားဒေသတွင် မြန်မာစစ်တပ်မှထိုးစစ်ဆင်နေဆဲဖြစ်နေသည့် အတွက် ဤကဲ့သို့ စက်မက် မဖြစ်ပွါးအောင် ယခုလိုကြိုးပမ်းနေရသည်ဟုအမျိုးသားဒီမိုကရေစီအင်အားစု ပါတီ၏ ဒုဥက္ကဌ ဦးခင်မောင်ဆွေမှပြော ပါသည်။
ယခုတက်လာသည့်အစိုးရသစ်သည် စစ်တပ်၏လွှမ်းမိုးမှုအောက်တွင်ရှိနေသည့်အတွက် “ဒီမိုကရေစီမိတ်ဆွေ ပါတီများ”အဖွဲ့မှ တောင်းဆိုသည့် ပြည်ထောင်စုညီလာခံတစ်ရပ်ဖြစ်နိုင်ခြေမရှိဟု ဖလုံစဝေါ်ဒီမိုကရက်တစ်ပါတီ အထွေ ထွေ အတွင်းရေးမှူး စောစပီ တင်ဦးကယခုလိုမြင်ပါသည်။
“တိုက်တွန်းယုံနဲ့တော့မဖြစ်နိုင်ဘူးထင်ပါတယ်။ ကျွန်တော်ထင်တာကတော့။ ဒါပေမဲ့ ကျွန်တော်တို့လုပ်နိုင်တဲ့ က/ကနေလုပ်သွားတာဘဲလို့ကျွန်တော်ယူဆပါတယ်။ ဒီလောက်အထိဘဲလုပ်နိုင်သေးတာကိုးလောလော ဆယ်။ ရောက် နိုင်မရောက်နိုင်ဆိုတာကတော့ ကျွန်တော်တို့အများကြီးဆက်ပြီး တော့ကြိုးစားရမှာပေါ့။”
“ဒီမိုကရေစီ မိတ်ဆွေပါတီများ”အဖွဲ့တွင် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ဒီမိုကရက်တစ်ပါတီ(မြန်မာ) အမျိုးသားညီညွတ်ရေးအင်အားစုပါတီ၊ ပြည်ထောင်စုဒီမိုကရေစီပါတ၊ီ ဒီမိုရေစီနဲ့ငြိမ်းချမ်းရေးပါတီ ၊ဖလုံစဝေါ်ဒီမို ကရက်တစ်ပါတီ်၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၊ ရခိုင်တိုးတက်ရေးပါတီ၊ ရှမ်းတိုင်း ရင်းသားများဒီမိုကရေစီပါတီ၊ ချင်းတိုးတက်ရေးပါတီ၊အစရှိသည့် ရွေးကောက်ပွဲဝင် တိုင်းရင်းသားနိုင်ငံရေးပါတီ (၁ဝ)ပါတီနှင့်ဖွဲ့စည်းထားသည်ဟု အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ၏ ဒုဥက္ကဌ ဦးခင်မောင်ဆွေမှပြော ပါသည်။



