ဒေါ်အောင်ဆန်းစုကြည်အမှု အထူးအယူခံ ပယ်ချခံရ

ဒေါ်အောင်ဆန်းစုကြည်အမှု အထူးအယူခံ ပယ်ချခံရ
by -
ဖနိဒါ

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အထိန်းသိမ်းခံ ပြစ်ဒဏ် အထူးအယူခံကို နေပြည်တော် တရားရုံးချုပ်က ယနေ့ ပယ်ချ ...

ချင်းမိုင် (မဇ္စျိမ) ။        ။ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အထိန်းသိမ်းခံ ပြစ်ဒဏ် အထူးအယူခံကို နေပြည်တော် တရားရုံးချုပ်က ယနေ့ ပယ်ချလိုက်သည်။

 Brennan O’Connor/Nomad Photos)ပြီးခဲ့သည့်လ ၂၉ ရက်နေ့တွင် ကြားနာခဲ့ပြီးနောက် ယနေ့တွင် တရားသူကြီးချုပ် ဦးအောင်တိုး၊ ဒုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် တရားသူကြီး ဦးကျော်ဝင်းတို့၏ ပယ်ချသည့် ဆုံးဖြတ်ချက် ပေါ်ထွက်လာခြင်း ဖြစ်သည်။

“ဥပဒေအရ တကယ့်ကို လုံးဝ အပြစ်မရှိတဲ့ ကိစ္စဗျာ။ အဲဒါကို အခုလို ဆုံးဖြတ်တော့ ဥပဒေ စိုးမိုးရေးအတွက် တော်တော် စိတ်ပျက်ရတာပါ။ ဥပဒေနဲ့အညီ ဘယ်အဆင့်က ဘယ်သူပဲဖြစ်ဖြစ် မှားရင် ပြင်ရမယ်ဆိုတာ နားလည်ထားတယ်။ ဒါပေမဲ့ အမှားကို အမှန် ပြင်မယ်လို့ မျှော်လင့်ခဲ့တာ အခုတော့ မပြင်တော့ စိတ်ပျက်ရတာပါ”  ဟု ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ ဦးဥာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။

သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မည်ဆိုသော မျှော်လင့်ချက်ကြီးမားစွာ ပါတီဝင်များတွင် ရှိနေသည်။ ယနေ့တွင် ဗဟန်းမြို့နယ် NLD ရုံးချုပ်သို့ ကချင်၊ ရခိုင်၊ ရှမ်း၊ ကရင် စသည့် ပြည်နယ်များမှ ပါတီဝင်များ လာရောက်ကာ သူမ၏ ရုံးခန်းကို ပြင်ဆင်ပေးခဲ့ကြသည်။

“ရုံးမှာတော့ တနေ့လုံး ရာနဲ့ချီပြီးတော့ နယ်ကလူတွေ စောင့်နေကြတာ။ သူ့အတွက် ရုံးခန်းမှာ အဆင်သင့် ပြင်ဆင်ထားပါတယ်။ ရုံးကလူတွေတောင် လျံထွက်သွားတယ်ဗျ။ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ချင်လို့ လာနေကြတယ်” ဟု ဦးဝင်းတင်က ပြောသည်။

အကျယ်ချုပ်ကျနေစဉ် နေအိမ်ထဲသို့ ခိုးဝင်လာသော အမေရိကန်နိုင်ငံသား ဂျွန်ယက်တောကို ဧည့်ခံမှုဖြင့် နေအိမ်တွင် ၁၈ လ ပြစ်ဒဏ်ချခဲ့ရာ ယခုလ ၁၃ ရက်နေ့တွင် သက်တမ်းစေ့မည်ဖြစ်သည်။

၁၉၉ဝ ခု ရွေးကောက်ပွဲ အနိုင်ရခဲ့သော NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် လွန်ခဲ့သည့် ၂၁ နှစ် ကာလအတွင်း ၁၅ နှစ်ခန့် နေအိမ်ကျယ်ချုပ် ကျခံခဲ့ရသည်။

Most read this week