ဂျပန်နိုင်ငံသို့ အခြေချမည့် ဒုက္ခသည်များ လူတွေ့စစ်ဆေးနေပြီ

ဂျပန်နိုင်ငံသို့ အခြေချမည့် ဒုက္ခသည်များ လူတွေ့စစ်ဆေးနေပြီ
by -
စောသိန်းမြင့်
ဂျပန်နိုင်ငံသို့ သွားရောက် အခြေချနေထိုင်မည့် ထိုင်းမြန်မာနယ်စပ် မယ်လဒုက္ခသည်စခန်းရှိ ဒုက္ခသည် များအား ဂျပန်နိုင်ငံ တရားရေးဝန်ကြီးဌာနမှ မဲဆောက်မြို့တွင် ယမန်နေ့က အင်တာဗျူး စတင်လုပ် ဆောင်နေပြီဟု.

..
ဂျပန်နိုင်ငံသို့ သွားရောက် အခြေချနေထိုင်မည့် ထိုင်းမြန်မာနယ်စပ် မယ်လဒုက္ခသည်စခန်းရှိ ဒုက္ခသည် များအား ဂျပန်နိုင်ငံ တရားရေးဝန်ကြီးဌာနမှ မဲဆောက်မြို့တွင် ယမန်နေ့က အင်တာဗျူး စတင်လုပ် ဆောင်နေပြီဟု ကေအိုင်စီက စုံစမ်းသိရှိရသည်။

ဂျပန်နိုင်ငံမှ တာဝန်ရှိသူများသည် ယခုလ ၁ရက်နေ့တွင် မယ်လစခန်းကော်မတီများနှင့် လာရောက်တွေ့ ဆုံပြီး ဂျပန်နိုင်ငံသို့ ဒုက္ခသည်အဖြစ် သွားရောက်အခြေချမည့် မိသားစုများနှင့် အကြမ်းဖျင်း ဆွေးနွေးခဲ့ပြီး နောက် ယခုလို လူတွေ့စစ်ဆေးမှုကို လုပ်ဆောင်လာခြင်းဖြစ်သည်ဟု မယ်လဒုက္ခသည်စခန်း ဒုဥက္ကဌ စောထွန်းထွန်းက ပြောသည်။

စောထွန်းထွန်းက “မနေ့ကစပြီးတော့ အင်တာဗျူးလုပ်တယ်။ ဒီနေ့လည်း လုပ်မယ်။ ဒီအပတ် သောကြာ နေ့အထိ အင်တာဗျူးလုပ်သွားမယ်လို့ ကျနော်တို့ သိရတယ်”ဟု ယနေ့မနက်တွင် ကေအိုင်စီကို ပြော သည်။

ဂျပန်နိုင်ငံသည် ၂၀၁၀ခုနှစ်မှစ၍ ၂၀၁၂ခုနှစ်အထိ ၃နှစ်စီမံကိန်းဖြင့် တနှစ်လျှင် ဒုက္ခသည် ၃၀ဦးကို ခေါ် ယူသွားမည်ဖြစ်ပြီး ယခုနှစ်တွင် လျှောက်ထားသည့် မယ်လစခန်းမှ အိမ်ထောင်စု ၁၃စုမှ အချို့ကို သတ် မှတ်ထားသော စံနှုန်းများနှင့် မကိုက်ညီသည့်အတွက် ထုတ်ပယ်လိုက်ရသည်ဟု သိရသည်။  
လက်ရှိအချိန်တွင် အိမ်ထောင်စု ၃စုသာ လူတွေ့မေးမြန်းပြီးစီးခဲ့ရာ ထိုအဆင့် အောင်မြင်သွားပါက စခန်း အတွင်း ၃လခန့် ယဉ်ကျေးမှုဖလှယ်မှုများ လုပ်ရမည်ဖြစ်ပြီး ယခုနှစ် စက်တင်ဘာလအကုန်တွင် ဂျပန် နိုင်ငံ၊ တိုကျိုမြို့သို့အရောက် ပို့ဆောင်သွားမည်ဟု သိရကြောင်း စောထွန်းထွန်းက ပြောသည်။

မယ်လ ဒုက္ခသည်စခန်း

ယမန်နေ့က လူတွေ့စစ်ဆေးပြီးခဲ့သူ စောအယ်လယ်က “ကျနော်တို့ကို စပြီးမေးတာက နာမည်ရယ်၊ အ သက်ရယ်၊ မိဘအမည်ရယ်၊ နေရပ်ရယ်၊ ပြီးတော့ ဘာကြောင့် ဒုက္ခသည်စခန်းထဲကို လာနေရတာလဲ။ နောက်တခုက ဘာဖြစ်လို့ ဂျပန်နိုင်ငံကို သွားချင်တာလဲ။ ဂျပန်ကိုရောက်ရင် ဘာလုပ်ချင်လဲ အဲဒါတွေကို အဓိက မေးတယ််”ဟု ပြောသည်။

ဂျပန်နိုင်ငံ သွားရောက်အခြေချလိုသူ ဒုက္ခသည်များသည် မိသားစုအလိုက်ဖြစ်ရန််၊ ကလေးငယ်များ ပါရှိ ရန်နှင့် မိဘများမှာ အသက် ၄၀နှစ်အောက်ဖြစ်ရမည်ဟု သတ်မှတ်ထားသည့်အတွက် ဒုက္ခသည်အများစု မှာ စိတ်ဝင်စားနည်းပါးကြသည်ဟု သိရသည်။

ဂျပန်နိုင်ငံသည် အာရှတိုက်တွင် ပထမဦးဆုံး ဒုက္ခသည်လက်ခံသည့်နိုင်ငံဖြစ်ပြီး လူဦးရေ ငါးသောင်းဝန်း ကျင်ရှိသည့် မယ်လဒုက္ခသည်စခန်းမှ မိသားစုများကိုသာ စတင်ခေါ်ယူခြင်းဖြစ်သည်။

Most read this week