ဆိုင်ကယ်လိုင်စင်သစ် ပြောင်းလဲမည်ဆို၍ ထိုင်းနိုင်ငံထုတ် ဆိုင်ကယ်များ မြန်မာနိုင်ငံသို့ အများအပြား တင်သွင်း

ဆိုင်ကယ်လိုင်စင်သစ် ပြောင်းလဲမည်ဆို၍ ထိုင်းနိုင်ငံထုတ် ဆိုင်ကယ်များ မြန်မာနိုင်ငံသို့ အများအပြား တင်သွင်း
by -
ကို(၂)
စစ်အစိုးရမှ ၂ဝ၁ဝ ခုနှစ်အတွင်း ဆိုင်ကယ်လိုင်စင်များကို ပြောင်းလဲပြီး အသုံးအနှုန်းသစ်ဖြင့် လက်တွေ့ အသုံးပြုလာတော့မည် ဆိုသောကြောင့် မြန်မာနိုင်ငံတွင် ဆိုင်ကယ်စီးခွင့်ရရန်နှင့် တရားဝင် ...

စစ်အစိုးရမှ ၂ဝ၁ဝ ခုနှစ်အတွင်း ဆိုင်ကယ်လိုင်စင်များကို ပြောင်းလဲပြီး အသုံးအနှုန်းသစ်ဖြင့် လက်တွေ့ အသုံးပြုလာတော့မည် ဆိုသောကြောင့် မြန်မာနိုင်ငံတွင် ဆိုင်ကယ်စီးခွင့်ရရန်နှင့် တရားဝင် လိုင်စင်ရရှိရန် ပြည်ပမှဆိုင်ကယ်များကို ထိုင်း-မြန်မာနယ်စပ်ဂိတ်မှတဆင့် ပြည်းတွင်းသို့ အမြောက်အများ ဝယ်ယူတင်သွင်း နေကြပါသည်။

မြန်မာနိုင်ငံ ပြည်နယ်အသီးသီးမှ ဆိုင်ကယ်လိုင်စင်အမျိုးမျိုးကို (ယ) အဖြစ်သို့ ပြောင်းလဲတပ်ဆင် လိုက်တော့မည်ဟု သတင်းများထွက်ပေါ်ခဲ့ပြီးနောက် ယခုလို ပြည်သူအမြောက်အများ ထိုင်းနိုင်ငံထုတ် ှဆိုင်ကယ်များကို အခွန်ဆောင်ပြီး ဝယ်ယူနေကြရတာ ဖြစ်သည်ဟု ကရင်နီပြည်မှခရီးသွား ပြည်သူတဦးက ပြောသည်။

လွိုင်ကော်မှ ခရီးသွား ပြည်သူတဦးက “စစ်တပ်အရာရှိတယောက်နဲ့တော့ စကားပြောဖြစ်ခဲ့တယ်၊ သူကပြောတယ် ဆိုင်ကယ်တွေကို (ယ) အဖြစ် အကုန်ပြောင်းကုန် မှာပေါ့ အဲ့ဒါမှ ဆိုင်ကယ်စီးခွင့်က မြန်မာတနိုင်ငံကို ကိုယ်စားပြုမှာဖြစ်တယ်။ ဒါပေမယ့် ဘယ်အချိန်စပြောင်းမလဲတော့ မသိသေးဘူးပေါ့” ဟု ပြောသည်။

ဆက်လက်ပြီး ၎င်းက “အခုကယားပြည်နယ်မှာ (လက) တွေပဲရှိသေးတယ်။ နောက်ဆိုရင် (ယ) နဲ့ ပြောင်းလာ တော့မယ်” ဟု ဆိုပါသည်။

ဆိုင်ကယ်ပျက်သည်ဖြစ်စေ အတွင်းမှစက်ပစ္စည်းများ ချို့ယွင်းချက်မရှိပါက ပြည်တွင်းသို့ တင်ယူကြပြီး အခွန်ဆောင် ရသည်မှာလည်း အလွန်အကျွံမဟုတ်သည့်အတွက် စိတ်အားထက်သန်စွာဖြင့် ဝယ်ယူခဲ့ကြသည်ဟု ခရီးသွားပြည်သူ၊ ကုန်သည်များက ဆိုကြပါသည်။

ထိုင်းဆိုင်ကယ်ကို တင်ယူသည့် ကရင်နီပြည်နယ် စီးပွားရေးသမားတဦးက “ဘယ်လိုပဲဖြစ်ဖြစ် ၂ဝ၁ဝ နှစ်ကူးပြီဆိုတော့ အစိုးရက တရားဝင်လိုင်စင် လုပ်ပေးတော့မယ် လေ၊ အခွန်ကောက်တာလည်း နည်းတယ်ဆိုတော့ ကျနော်တို့ အချိန်မှီသာ ဝယ်ယူနိုင်ရင် ကောင်းတာပေါ့” ဟုပြောသည်။

ထိုင်းနိုင်ငံ မယ်ဟောင်ခရိုင် ဟွေပူလောင်းဂိတ် လမ်းကြောင်းအတိုင်း ထိုင်းဂိတ်ကျော်နိုင်ရန် စက်လှေခတို့အတွက် ဘတ်ငွေအနည်းဆုံး ၅ဝဝဝ အခွန်ဆောင်ရပြီး မြန်မာနိုင်ငံဘက်သို့ ဂိတ်အမြောက်အများကို အခွန်ဆောင်နေရသော်လည်း တင်သွင်းရသည်မှာ တန်သည်ဟု သိရသည်။

တရုတ်ပြည်ဘက်တွင်လည်း ယခုကဲ့သို့ တရုတ်ဆိုင်ကယ်အမြောက်အများ တင်သွင်းလာကြသော်လည်း တရုတ်ဆိုင်ကယ်သည် ထိုင်းဆိုင်ကယ်လောက် ဘီး၊ အင်ဂျင် ကအစ ချွတ်ယွင်းချက်ပိုမိုများသည့်အတွက် ထိုင်းဆိုင်ကယ်ကို ပိုအားသန်သည်ဟု ပြည်တွင်းကုန်သည်များက ပြောကြသည်။

ထို့အပြင် ထိုင်း-မြန်မာနယ်စပ် ဂိတ်တခုဖြစ်သည့် မဲဆောက်မြို့တွင် ပြည်ပပို့ကုန်ငွေရှိသူများကို ပြည်ပမှ ခရီးသည်တင်ယာဉ်နှင့် ကုန်တင်ယာဉ်များ တင်သွင်းခွင့် ပြုလိုက်သဖြင့် ထိုင်းနယ်စပ်မှ တဆင့် မြန်မာဘက်သို့ တရားမဝင် ကားတင်သွင်းသူများအတွက် ယခင်ထက် အဆပေါင်းများစွာ အကျိုးအမြတ် ရရှိစေမည်ဟု ကားကုန်သည်တဦးက ပြောသည်။

မယ်ဟောင်ဆောင်ခရိုင်မှ နယ်စပ်ဂိတ်တခုဖြစ်သည့် ဟွေပူလောင်းဂိတ်ကို ယခင်နှစ် စက်တင်ဘာလတုန်းက တရားဝင်ဖွင့်လှစ်လိုက်သည်။ ၂ဝဝ၉ ခုနှစ် ဒီဇင်ဘာ လဆန်းပိုင်းတွင်မှာလည်း ထိုင်း-မြန်မာနယ်စပ်မှ ကုန်သွယ်ရေးဂိတ်သစ် ၄ ခုကို မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ကရင်နီပြည်နယ်တို့မှ မြန်မာနိုင်ငံနှင့် နယ်စပ်ဆက် လမ်းကြောင်းတွေမှာ တရားဝင်ဂိတ်အဖြစ် ထပ်မံဖွင့်လှစ်လိုက်သည်။

Most read this week