ထိုင်း-မြန်မာ ဒုက္ခသည်စခန်းတွင် ကလေးများ A(H1N1) ကူးစက်ခံရ

ထိုင်း-မြန်မာ ဒုက္ခသည်စခန်းတွင် ကလေးများ A(H1N1) ကူးစက်ခံရ
ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည် စခန်း ၉ ခုအနက် အကြီးဆုံးစခန်းဖြစ်သည့် မယ်လဒုက္ခသည်စခန်းတွင် အသက် ၆ နှစ်အောက်ကလေးငယ်များ A(H1N1)ကူးစက်ခံရ သည်ဟု မယ်လဆေးရုံကပြော ...

ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည် စခန်း ၉ ခုအနက် အကြီးဆုံးစခန်းဖြစ်သည့် မယ်လဒုက္ခသည်စခန်းတွင် အသက် ၆ နှစ်အောက်ကလေးငယ်များ A(H1N1)ကူးစက်ခံရ သည်ဟု မယ်လဆေးရုံကပြောသည်။

“၁၀နှစ် အထက်ကလေးတွေက သူတို့ ချောင်းဆိုးရင် နှာခေါင်းပိတ်တယ်  အဲဒီ ၆ နှစ်အောက် ၁၀ နှစ်အောက် ကလေးတွေက သူတို့ ချောင်းဆိုးရင် နှာခေါင်းပိတ်တာတို့ သူတို့မသိတော့ ကူးစက်မှု များတယ်လို့ ကျနော်ယူဆ တယ်” ဟုမယ်လရှိ Aide Medical International(AMI)ဆေးရုံမှ ဆေးရုံအုပ် ဆရာစောနေဆဲကပြောသည်။

များသောအားဖြင့် ခြောက်နှစ်အောက် ကလေးငယ် ၁၉ ဦး ကူးစက်ခံရပြီး ကျန်ကူးစက်မှုခံရသူများမှာ အသက် ၁၃၊ ၁၅၊ ၁၆ နှစ်များဖြစ်ကြသည်။

“မယ်လစခန်းမှာ စမ်းသပ်စစ်ဆေးတာ ၆၃ ယောက်။ ပြီးတော့ Positive က အယောက် ၂၀။ ဒီ MOPH (ထိုင်းလူထုကျန်းမာရေးဆိုင်ရာဌာန)တွေ့ရှိချက်အရ ၄ ယောက်။ ၂၄ ယောက်ရှိပြီပေါ့” ဟု ဆရာစောနေဆဲက ပြောသည်။

သုတေသန၏ စမ်းသပ်တွေ့ရှိချက်အရ A(H1N1) ဖြစ်သူများသည် နှာစေး၊ ချောင်းဆိုး၊ နာရည်ယို၊ ရင်ဘတ်နာ၊ ကိုယ်ပူ၊ လည်ချောင်းနာ စသည့် လက္ခဏာများ တွေ့ရှိရပြီး လာမည့် အောက်တိုဘာ ၁၅ ရက်မှစပြီး AMI အဖွဲ့မှ A(H1N1) နှင့်ပတ်သက်ပြီး ကျောင်းအသီးသီးသို့ သွားရောက် ပညာပေးမည့် အစီစဉ်များပြုလုပ်မည်ဟု မယ်လ စခန်း ကော်မတီဝင်တဦးကပြောသည်။

မယ်လဒုက္ခသည် စခန်းသည် ထိုင်းနိုင်ငံ မဲဆောက်မြို့၏ မြောက်ဘက် (၄၅)ကီလို အကွာအဝေးတွင် ရှိပြီး စုစုပေါင်း လူဦးရေ ၄ သောင်းကျော် နေထိုင်ပါသည်။

Most read this week