နေပြည်တော်နှင့်နီး၍ စားဝတ်နေရေး ခက်ခဲစွာ ဖြေရှင်းနေကြရ

နေပြည်တော်နှင့်နီး၍ စားဝတ်နေရေး ခက်ခဲစွာ ဖြေရှင်းနေကြရ
by -
မော်တခဲ
နေပြည်တော်နှင့် အနီးတွင် တောင်ယာစပါး စိုက်ပျိုးခွင့် ပိတ်ပင်တားဆီးခံရ၍ ယခုအချိန်တွင် စားဝတ်နေရေးကို ခက်ခဲစွာ ဖြေရှင်းနေကြရသည်ဟု ဒေသခံများကပြော ...

နေပြည်တော်နှင့် အနီးတွင် တောင်ယာစပါး စိုက်ပျိုးခွင့် ပိတ်ပင်တားဆီးခံရ၍ ယခုအချိန်တွင် စားဝတ်နေရေးကို ခက်ခဲစွာ ဖြေရှင်းနေကြရသည်ဟု ဒေသခံများကပြောသည်။

မန္တလေးတိုင်း၊ ပျဉ်းမနားမြို့နယ် အတွင်းရှိ ကယန်းပြည်သစ် အမှတ် ၃ မြို့နယ်တွင် နေထိုင်ကြသော ကယန်းလူမျိုးများသည် နွေရာသီအချိန်ဖြစ်သော မတ်လနှင့် ဧပြီလတွင် ၎င်းနယ်ဘက်၌ ဆန်၊စပါး လုံးဝပြတ်တောက်သွားခြင်း ကြံုတွေ့ခဲ့ရပြီး ထမင်းကိုအနပ်မှန်အောင် မစားနိုင်ခဲ့ကြပဲ ထမင်းမငတ်နိုင်အောင် ကြံဖန်ပြီး လုပ်ကိုင်ရှာဖွေ ကြရသည်ဟုဆိုသည်။

ကယန်းပြည်သစ်နယ်မှ ဒေသခံတဦးက “အရင်နေပြည်တော်မရှိသေးခင်က တောင်ယာတွေပဲ လုပ်စားခဲ့တာ လေး၊  ခုကျတော့ တစ်ရက်လောက်လမ်းလျှောက်ရတဲ့ မြို့ထဲကို ဒညင်းသီးအိတ်၊ ငရုတ်သီးအိတ်ထမ်းရပါတယ်၊ ရွာပြန်မယ်ဆိုရင်လဲ အလုပ်ကမရှိ” ဟုပြောသည်။

စားဝတ်နေရေးအခက်အခဲနှင့် ရင်ဆိုု်င်နေရသော ဒေသခံများကို ယူနီဆက်အဖွဲ့အစည်းမှ ဆန်များကို တစ်အိမ်လျှင် တစ်ပုံးကူညီပံ့ပိုးမှုများပြုလုပ်နေရသည်ဟု ၎င်းဒေသကို ထိန်းချုပ်ထားသည့် ကယန်းပြည်သစ် အဖွဲ့က ပြောပါသည်။

ရှေ့လျှောက်ဒေသခံများ စားဝတ်နေရေးအဆင်ပြေစေရန် အာဏာပိုင်များက နှစ်ရှည်ပင်များ စိုက်ထားခိုင်း သော်လည်း ဒေသခံများက လတ်တလော စားဝတ်နေရေးကိုသာ ဦးစားပေး ရှာဖွေနေရခြင်းကြောင့် မစိုက်ပျိုးနိုင်ပဲ ရှိနေကြသည်ဟု ကယန်းပြည်သစ်အဖွဲ့ဝင်တဦးက ပြောသည်။

ပျဉ်းမနားမြို့နယ် အတွင်းရှိ မောင်ပလော့ရွာမှ ဒေသခံတစ်ဦးက “အလုုပ်ရှင်တွေနားမှာ ထမင်းစားဖို့ ဆန်တွေ ချည်းစားရပါတယ် ထမင်းမစားရတဲ့ နေ့လည်းရှိတာပေါ့” ဟု ပြောသည်။

စစ်အစိုးရမှ ၂၀၀၇ခုနှစ်၌ စတင်ပြီး အိမ်ခြေသုံးထောင်ခန့်ရှိသော အမှတ် ၃ ကယန်းပြည်သစ် ဒေသအတွင်းကို တောင်ယာ စိုက်ပျိုးခြင်းမှ ပိတ်ပင်ရခြင်းမှာ သစ်တောများ ထိန်းသိမ်းရန်နှင့် မီးအန္တာရာယ် ကြိုတင်ကာကွယ်ရန် ဖြစ်သည်ဟု ဒေသခံတို့၏ပြောပြချက်အရသိရသည်။

Most read this week