ရေခိုးယူမှုကြောင့် တောင်သူချင်း ရန်ပွဲဖြစ်

ရေခိုးယူမှုကြောင့် တောင်သူချင်း ရန်ပွဲဖြစ်
by -
မော်တခဲ
ကရင်နီပြည် ဒီမောဆိုမြို့ရှိ လယ်သမားများသည် မိမိလယ်ခင်းထဲသို့သွင်း ထားသောရေများ အခိုးခံရသောကြောင့် လယ်သမားအချင်းချင်း အငြင်းပွားကြပြီး ရန်ပွဲများ ဖြစ်ကြသည်။ ...

ကရင်နီပြည် ဒီမောဆိုမြို့ရှိ လယ်သမားများသည် မိမိလယ်ခင်းထဲသို့သွင်း ထားသောရေများ အခိုးခံရသောကြောင့် လယ်သမားအချင်းချင်း အငြင်းပွားကြပြီး ရန်ပွဲများ ဖြစ်ကြသည်။

ကရင်နီပြည်တွင် ယခုနှစ်မိုးခေါင်မှုများဖြစ်ပေါ်နေပြီး ရေလှောင်ကန်များ၌ ရေလုံလောက်မှုမရှိသည့်အတွက် လယ်သမားအချင်းချင်း ရေခိုးယူမှုများဖြစ်ပေါ်၍ ရန်ပွဲများ ဖြစ်ကြရသည်။

“ညအချိန်တွေမှာ သူများလယ်ထဲကနေ ရေကိုတားပြီးတော့ တစ်နာရီရလည်း တစ်နာရီစာပေါ့ ရအောင်လုပ်ရတယ်” ဟု တပါးလယ်မြောင်းထဲက ရေများခိုး၍ သွယ်ယူခဲ့သော ဒီမောဆိုနယ် မြောင်းခွလယ်ကွင်းမှ လယ်သမားတဦးက ပြောသည်။

ရေခိုးယူမှုကြောင့် အချင်းချင်းထိုးကြိတ်ကြပြီး “တံစဉ်နဲ့ လိုက်လို့ပြေးခဲ့ရတယ်” ဟု အဆိုပါလယ်သမားက ဆက်ပြောသည်။

မိုးခေါင်မှုများကြောင့် ပြီးခဲ့သည့် ဇူလိုင်လ၌ ကရင်နီပြည်နယ်ဒကစမှူးမှ ငွေတောင်ဆည်ရှိ ရေလွတ်မြောင်းများကို လာရောက်ကြည့်ရှု့ကာ ဆည်မှရေများကို အားကုန်ဖွင့်ထားပေးခဲ့ပြီး “အဆင်မပြေစရာ အကြောင်းမရှိပါ” ဟု ပြောကြားသွားခဲ့ကြောင်း ဒေါငံခါးမှ လယ်သမား တဦးကပြောသည်။

လယ်သမားများအတွက် ရေလုံလောက်မှု ပြဿနာ ဆက်လက်ဖြစ်ပေါ်မည်ဆိုပါက လာမည့်နှစ်တွင် စပါးထွက်နှုန်း လျော့ကျသွားမှာဖြစ်ပြီး စားဝတ်နေရးအခက်အခဲများ ကြံုတွေ့နိုင်သည်ဟု လယ်သမားများက ဆိုသည်။

Most read this week