ပိုင်ရှင်ခွင့်မပြုဘဲ ၀ါးများခုတ်ယူခြင်းကြောင့် ရွာသားများ စိတ်ပျက်နေ

ပိုင်ရှင်ခွင့်မပြုဘဲ ၀ါးများခုတ်ယူခြင်းကြောင့် ရွာသားများ စိတ်ပျက်နေ
by -
ပါးရယ်
ကရင်နီပြည်နယ် ဒီမောဆိုမြို့၌ အခြေစိုက်ထားသော စစ်အစိုးရတပ်သည် တပ်စခန်းအတွက် ရွာသူရွာသားများ စိုက်ပျိုးထားသော ၀ါးရုံများကို ခွင့်ပြုချက်မယူဘဲ အခမဲ့ခုတ်ယူသွားခြင်းကြောင့် စိတ်ပျက်လက်ပျက်ဖြစ်ရသည်ဟု ဒေသခံများက ပြော ...

ကရင်နီပြည်နယ် ဒီမောဆိုမြို့၌ အခြေစိုက်ထားသော စစ်အစိုးရတပ်သည် တပ်စခန်းအတွက် ရွာသူရွာသားများ စိုက်ပျိုးထားသော ၀ါးရုံများကို ခွင့်ပြုချက်မယူဘဲ အခမဲ့ခုတ်ယူသွားခြင်းကြောင့် စိတ်ပျက်လက်ပျက်ဖြစ်ရသည်ဟု ဒေသခံများက ပြောသည်။

စစ်အစိုးရတပ် (ခလရ) ၁၀၂ က ဒီမောဆိုမြို့နယ် ထီးဖုကလိုး ကျေးရွာအုပ်စုရှိ ရွာသူရွာသားများက မိမိ၏ စိုက်ခင်းခြံအတွင်း အချိန်ကာလ ကြာမြင့်စွာ စိုက်ထားခဲ့သော ၀ါးပင်များကို ခွင့်တောင်းယူမှုမရှိဘဲ ရှိသမျှဝါးရုံများကို ပြောင်နေအောင် လိုက်လံ ခုတ်ယူခဲ့ပြီး တပ်စခန်းထဲသို့ ကားကြီးဖြင့် သယ်ယူသွားကြသည်ဟု ဆိုသည်။

“ရွာသူရွာသားတွေကို ထိခိုက်စေတာပေါ့။ သူတို့ အိမ်နဲ့ ဆောက်ဖို့ ယာတွေနဲ့ လုပ်ဖို့ ၀ါးတွေကို ဟိုး..ငယ်ငယ်ကတည်းက စစိုက်ခဲ့ကြတာလေ။ အခု စစ်တပ်က သူတို့ ၀ါးတွေကို အကုန်လုံး ခုတ်ယူပေးနေတာ” ဟု ထီးဖိုးကလိုးရွာသားတဦးက ပြောသည်။

“သူတို့ ယာတွေနဲ့ ခြံခတ်ဖို့အတွက် အဲမှာ တချို့နဲ့ လုပ်တယ်။ နောက်ပြီး သူတို့ အိမ်ရှေ့မှာ မြေလစ်လပ်တာတွေ နည်းနည်းရှိတော့ စားဖို့ အသီးအနှံတွေ ပန်းပင်တွေလည်း သူတို့ စိုက်ထားတယ်။ ဒီတခု ခတ်ဖို့အတွက်နဲ့ လုပ်တာ တွေ့ရတယ်။ ပြီးတော့ သူတို့ ပုန်းနေဖို့ နေရာလား။ ကျင်းလေးတွေလေ။ အဲဒီအပေါ်မှာ သူတို့ မြေကြီးတွေနဲ့ ဖုံးထားတယ်။ မြေကြီး အပေါ်မှာ ၀ါးတွေနဲ့ ထပ်လုပ်ထားတာ တွေ့ရတယ်” ဟု ဒီမောဆိုမြို့ခံ တဦးက ပြောသည်။

ယင်း(ခလရ) ၁၀၂သည် တပ်စခန်း ဆောက်လုပ်ရေးနှင့် ပြုပြင်မှုများရှိလျှင် အနီးအနားရှိ ရွာသူရွာသာများကို ဆင့်ခေါ်၍ လုပ်အားပေး ခိုင်းစေမှုများ ပြုလုပ်လေ့ရှိသည်ဟု ဒေသခံများက ဆိုသည်။

Most read this week