ငွေတောင်ဆည် ခမ်းသောကြောင့် တောင်သူများစိတ်ညစ်

ငွေတောင်ဆည် ခမ်းသောကြောင့် တောင်သူများစိတ်ညစ်
by -
မော်တခဲ
ကရင်နီပြည်နယ်၊ ဒီမောဆိုမြို့မှ ငွေတောင်ဆည် ရေလှောင်ကန်ခမ်းသွား၍ ဆည်ရေဖြင့်စပါးစိုက်ရန် အားထားသော ဒေသအတွင်းရှိ တောင်သူဦးကြီးများ စပါးမစိုက်နိုင် သောကြောင့် စိတ်ပျက်လက်ပျက် ဖြစ်နေကြသည်ဟု ဒေသခံများကပြော ...

ကရင်နီပြည်နယ်၊ ဒီမောဆိုမြို့မှ ငွေတောင်ဆည် ရေလှောင်ကန်ခမ်းသွား၍ ဆည်ရေဖြင့်စပါးစိုက်ရန် အားထားသော ဒေသအတွင်းရှိ တောင်သူဦးကြီးများ စပါးမစိုက်နိုင် သောကြောင့် စိတ်ပျက်လက်ပျက် ဖြစ်နေကြသည်ဟု ဒေသခံများကပြောသည်။

ဒီမောဆိုမြို့ မှဒေသခံတဦးက “ကျနော်တို့ရွာက လယ်သမားတွေကော၊ နေ့စားလိုက်တဲ့သူတွေပါ အခက်ခဲနဲ့ တွေ့နေရတယ်” ဟုပြောပါသည်။

ကရင်နီပြည်နယ်တွင် မိုးခေါင်မှုကြောင့် ယခင်လမှစ၍ ငွေတောင်ဆည်အတွင်းသို့ တောင်ကျရေများ စီးဝင်မှု မရှိသည့်အတွက် ရေများမှာတဖြည်းဖြည်းနှင့် ခမ်းခြောက် လာခြင်းဖြစ်သည်။

ဒီမောဆိုမြို့နယ် ဆိုဘော်သဲရွာမှ တောင်သူဦးကြီးတဦးက “မိုးမရွာလို့ ကန်ထဲကနေ စပါးစိုက်ဖို့ လွတ်စရာ ရေကိုမရှိတော့တာ” ဟုပြောပါသည်။

ကရင်နီပြည်နယ်သည် သစ်တောကြီးများ ပျက်စီးပြုန်းတီးမှုများပြားလာပြီး ယခုလို ရာသီဥတု ပုံမှန်မဟုတ်ပဲ ဖောက်ပြန်ခြင်းကြောင့် တောင်သူလယ်သမားများနှင့် ဒေသခံ ပြည်သူများ ဒုက္ခဆင်းရဲနှင့် ရင်ဆိုင်ရခြင်း ဖြစ်သည်ဟု ဒီမောဆိုမြို့နယ်မှ ဒေသခံ သက်ကြီးရွယ်အို အဘိုးတစ်ဦးက ပြောသည်။

ယခုလို ငွေတောင်ဆည်ရေလှောင်ကန် ခမ်းခြောက်မှုဆက်လက်ဖြစ်ပေါ်မည်ဆိုပါက ဒေသခံတောင်သူများ အတွက် လာမည့်နှစ် စားဝတ်နေရေးအခက်အခဲနှင့် ရင်ဆိုင်ရနိုင်ဖွယ်ရှိသည်ဟု ဒေသခံတို့ကခန့်မှန်းကြသည်။

Most read this week