ကရင်နီပြည်နယ်၊ ဘောလခဲမြို့မှ မူလတန်းကျောင်းဝင်း အတွင်းတွင် ယမန်နှစ််က စိုက်ထားခဲ့သော ကြက်ဆူပင်များကို မြို့နယ်ပညာရေးမှူးမှ ကျောင်းသားမိဘများကို ခေါ်ပြီး အမြစ်ပါမကျန်ပြန်၍ ဆွဲနုတ်ခိုင်းသည်ဟု မျက်မြင် ဒေသခံစျေးသည် တဦးကပြောသည်။
“ကျောင်းဝင်းတွင်းမှာရှိတဲ့ ကြက်ဆူပင်အားလုံးကို တပင်မှမကျန် အော်ငေါက်ပြီး ဆွဲနုတ်ခိုင်းနေတာ” ဟု ဘောလခဲမြို့သို့ စျေးသွားရောင်းခဲ့သော စျေးသည်ကပြောသည်။
ယမန်နှစ်များတွင်မူ ကျောင်းဝင်းတွင်းသို့ နေရာအနှံ့ လုပ်အားပေးခေါ်ခဲ့ကာ အတင်းအဓမ္မစိုက်ခိုင်းစေခဲ့ပြီး ယခုနှစ်မှာတွင်မူ ကျောင်းဝင်းတွင်းတွင် ကြက်ဆူပင်များနှင့် နေရာပြည့်နက်နေပြီး အသီးများကို မည်သို့မျှ အသုံးပြုခြင်းလည်းမရှိ အလာဟသ အချိန်ကုန်လူပင်ပန်းကာ အမျိုးမျိုးခိုင်းစေနေသည်ဟု ဘောလခဲခရိုင် အတွင်းရှိ ရွာတစ်ရွာမှ ဒေသခံတစ်ဦးက ပြောသည်။
၎င်းက “စိုက်တုန်းကစိုက်ခိုင်းပြီး ခုတခါပြန်ပြီးနုတ်ရပြန်တယ်၊ အသီးတွေလည်း ဘာမှလည်းမလုပ်ဖြစ်ပါဘူး” ဟု ဆက်ပြောသည်။
ကြက်ဆူပင်များစိုက်ထားခြင်းသည် ကျောင်းဝင်းကို နေရာကျဉ်းစေလာသောကြောင့် ဘေးပတ်ဝန်းကျင်မှ ရွာသူရွာသားများ၏ အိမ်ခြံမြေများကိုလည်း တဖြည်းဖြည်းနှင့် ချဲ့ထွင်လာသည်ဟု ဒေသခံများ ပြောဆိုနေကြသည်ကို ကြားသိခဲ့ရသော ဒီမောဆိုမြို့မှ ဒေသခံတစ်ဦးက ပြောသည်။
Published
Monday, August 3, 2009 - 21:47
ကျောင်းသားမိဘများကို ကြက်ဆူပင် ပြန်နုတ်ခိုင်း
ကရင်နီပြည်နယ်၊ ဘောလခဲမြို့မှ မူလတန်းကျောင်းဝင်း အတွင်းတွင် ယမန်နှစ််က စိုက်ထားခဲ့သော ကြက်ဆူပင်များကို မြို့နယ်ပညာရေးမှူးမှ ကျောင်းသားမိဘများကို ခေါ်ပြီး အမြစ်ပါမကျန်ပြန်၍ ဆွဲနုတ်ခိုင်းသည်ဟု မျက်မြင် ဒေသခံစျေးသည် တဦးကပြော ...



