တနယ်တခြားနှင့် ဆက်သွယ်ရခက်ခဲသော ကရင်နီပြည်နယ်ဒုတိယမြို့တော် ဒီမောဆိုမြို့သည် အိပ်ချိန်းဖုန်းရုံးမှ တဆင့်ခေါ်ပြီး ဆက်သွယ်ရကာ ယခုအခါ အော်တိုဖုန်းများ ချပေးတော့မည်ဖြစ်၍ ဆက်သွယ်ရေး တိုးတက်လာတော့မည် ဖြစ်သည်ဟု မြို့ခံများကပြောသည်။
“ဒီမှာက ဆက်သွယ်ရေးမကောင်းတော့ တခြားမြို့ကို ဆက်ဖို့ဖြစ်ဖြစ်၊ နိုင်ငံခြားဖုန်းနဲ့ချိန်းချင်တာပဲဖြစ်ဖြစ် လွိုင်ကော်မြို့ထိ သွားဆက်ရတာပါ” ဟု ဒီမောဆိုမြို့ခံ တဦးက ပြောသည်။
ယခုအော်တိုဖုန်းလိုင်းကြိုးများကို မြေအောက်ကြိုးအတွက် မြေမြောင်းတူးဖေါ်နေခြင်း၊ မြေပေါ်ကြိုးအတွက် သံကွန်ဂရင်းတိုင်စိုက်ထူခြင်း စတင်ဆောင်ရွက် နေကြောင်း ဟုဆိုသည်။
ဒီမောဆိုမြို့မှစျေးသည်တစ်ဦးက “အိမ်ရှေ့မှာတော့ တိုင်ထူပြီး ကြိုးတပ်ဆင်တော့မယ်” ဟုပြောသည်။
အော်တိုဖုန်းချရန် စီမံကိန်းအစီအစဉ်များ၌ ၂၀၀၉ ဇွန်လမှ စတင်၍ အော်တိုဖုန်းများ လိုချင်သည့် ပုဂ္ဂိုလ်များ လျှောက်လွှာတင်နိုင်ကြောင်းသိရ၍ ၎င်းလျှောက်လွှာများကို ငွေပိုလျှံသောသူ အနည်းစုများကသာလျှင် လျှောက်လွှာတင်ထားကြောင်းလည်းသိရသည်။
ဒီမောဆိုမှကုန်သည်စီးပွားရေးသမားတစ်ဦးက “ငွေရှားပါးပြီး ခက်ခဲတဲ့ လူတွေကတော့ စိတ်မဝင်စားပါဘူး၊ ဘာဖြစ်လဲဆိုတော့ မြန်မာနိုင်ငံရဲ့ အစိုးရသတ်မှတ်နှုန်းထားက တစ်လုံးကို သိန်း၂၀ အထက်မှာရှိတယ်၊ စျေကြီး နေလို့ပါ” ဟု ပြောသည်။
ဒီမောဆိုမြို့သည် အိပ်ချိန်းရုံးမှ တဆင့်ခေါ်ပြီး မိမိပြောချင်သောအိမ်ကို ပြန်ပြီးချိန်းခိုင်းကာ စကားပြောဆိုနေရ၍ အိပ်ချိန်းဖုန်းသည် အချိန်ပြည့်မအားနိုင်သောကြောင့် ဆက်သွယ်ရေး အလွန်ခက်ခကာ ယခုလိုအော်တိုဖုန်း ချပေးခြင်းသည်လည်း အနယ်နယ်အရပ်ရပ်သို့ ဆက်သွယ်ရေးတိုးတက်လာတော့မည်ဖြစ်သည်ဟု ဒေသခံများက မျော်လင့်နေကြသည်။
မြို့ကြီးပြကြီးဖြစ်သော ရန်ကုန်တွင်မှာတော့ အိမ်ဖုန်းတလုံး တပ်ဆင်ရန် အပြီးအစီး ၂၈ သိန်းကုန်ကျပြီး အစိုးရဆီသို့ လျောက်ရပါသည်။
Published
Tuesday, July 28, 2009 - 21:39
ကရင်နီပြည် ဒုတိယမြို့တော် ဆက်သွယ်ရေး ဖုန်းလိုင်း ရတော့မည်
တနယ်တခြားနှင့် ဆက်သွယ်ရခက်ခဲသော ကရင်နီပြည်နယ်ဒုတိယမြို့တော် ဒီမောဆိုမြို့သည် အိပ်ချိန်းဖုန်းရုံးမှ တဆင့်ခေါ်ပြီး ဆက်သွယ်ရကာ ယခုအခါ အော်တိုဖုန်းများ ချပေးတော့မည်ဖြစ်၍ ဆက်သွယ်ရေး တိုးတက်လာတော့မည် ဖြစ်သည်ဟု မြို့ခံများကပြော ...



