ထိုင်း-မြန်မာနယ်စပ်တွင် နှစ်ပေါင်းများစွာ အခြေချနေထိုင်သော ကရင်နီဒုက္ခသည် အမှတ် ၂ စခန်း(မယ်စူရင်း) မှ အမေရိကန်သို့ အခြေချနေထိုင်ရန် လျောက်ထားသော သူများကို အမှတ် ၁ စခန်းသို့ ၂၁ ရက်နေ့မှ ကား ၆ စီးဖြင့် လူဦးရေ ၂၇ ဦ်း စတင််ပြောင်းရွေ့ နေထိုင်ပြီဖြစ်သည်။
“ဒီစခန်း၂ ကို သူတို့ လာရောက် မခေါ်နိုင်တာ လမ်းအခက်အခဲတွေရှိတယ်။ စခန်း၁ မှာ သူတို့ နေရာချပြီ။ ကုန်ကျစရိတ်ကလည်း များတယ် နောက်ထပ်စရိတ်မကုန်အောင် စခန်း ၁ ကိုနေထိုင်ခိုုင်းတာဖြစ်တယ်။ အဓိက ကတော့ Security (လုံခြံုရေး) ပေါ့” ဟု စခန်း၂ မှ စခန်းကော်မတီဝင် တဦးကပြောသည်။
ထိုင်းအစိုးရနှင့် အမေရိကန်အစိုးရတို့၏ ဆုံးဖြတ်ချက် ပေါ်လစီအရလည်း ဖြစ်သည်ဟု ဆိုပါသည်။
အင်တာဗျူးတွင် မရိုးသားစွာ လိမ်ပြောသည့်လူများနှင့် TB ရောဂါ ရှိသော သူများမှလွဲ၍ အမေရိကန်နိုင်ငံသို့ အကုန်သွားရနိုင်ကာ TBရောဂါရှိသူများမှာတော့ ဆေးသောက်ပြီးမှသာ သွားရမည်။ သို့သော်လည်း စခန်း ၁ သို့ သွားရောက်နေထိုင်ပါက ရေရှားပါးမှု၊ အစားအသောက်ရှားပါးမှုနှင့် ငွေကြေးအကျပ်အတည်းဖြစ်မည်စိုး၍ မသွားချင်သော သူများရှိသည်ဟု စခန်းသား တစ်ဦးကပြောပါသည်။
စခန်းကော်မတီဝင် တဦးက “အဲမှာသွားနေတဲ့ သူတွေက အခက်အခဲတွေတော့ ရှိမှာပဲ ဥပမာ တချို့ သူတို့ သွားနေတဲ့ အိမ်တွေက အိမ်ခေါင်မိုးမကောင်းတော့ဘူးလေ TBBC က သူတို့ကို မိုးကာတို့ ဘာတို့ ထုတ်ပေးတယ် နောက် ကျန်တဲ့ဟာ သူတို့ဟာသူတို့ ဝယ်စားတယ်”ဟုပြောပါသည်။
ထို့အပြင် “တကယ်လို့ အင်တာဗျူး မအောင်ရင် အဲစခန်းမှာပဲနေရမယ် စိတ်အားထက်သန်သူတွေ သွားကြတယ် စိတ်အား မထက်သန်ရင်မသွားဘူး”ဟု မယ်စူရင်း စခန်းသား ဘို်းရယ်က ပြောသည်။
အမေရိကန်နိုင်ငံသို့ အခြေစိုက်ရန် လျှောက်ထားသော အိမ်ထောင် ဦးရေ ၃၂၀ ရှိပြီး လူဦးရေ ၁၂၇၅ ဦးရှိကာ လာမည့်အောက်တိုဘာလနှင့် နိုဝင်ဘာလတွင် ထပ်မံ၍ ခေါ်ယူမည်ဖြစ်သည်။
Published
Thursday, July 23, 2009 - 20:57
အမေရိကန်သို့ အခြေချလိုလျင် အမှတ် ၂ မှ ၁ သို့ ပြောင်းရ
ထိုင်း-မြန်မာနယ်စပ်တွင် နှစ်ပေါင်းများစွာ အခြေချနေထိုင်သော ကရင်နီဒုက္ခသည် အမှတ် ၂ စခန်း(မယ်စူရင်း) မှ အမေရိကန်သို့ အခြေချနေထိုင်ရန် လျောက်ထားသော သူများကို အမှတ် ၁ စခန်းသို့ ၂၁ ရက်နေ့မှ ကား ၆ စီးဖြင့် လူဦးရေ ၂၇ ဦ်း စတင််ပြောင်းရွေ့ နေထိုင်ပြီ ...



