ကျန်းမာရေးနှင့် အသက်မွေးဝမ်းကျောင်းကဏ္ဍများ မြှင့်တင်ရန် ကုလ ဒု အထွေထွေ အတွင်းရေးမှူးချုပ် တိုက်တွန်း

ကျန်းမာရေးနှင့် အသက်မွေးဝမ်းကျောင်းကဏ္ဍများ မြှင့်တင်ရန် ကုလ ဒု အထွေထွေ အတွင်းရေးမှူးချုပ် တိုက်တွန်း
by -
မဇ္ဈိမ

မန်မာပြည်တွင်းတွင် ကျန်းမာရေး စောင့်ရှောက်မှုများနှင့်  အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဖန်တီးမြှင့်တင်နိုင်ရေး မူဝါဒများ ချမှတ်ရန်  ကုလသမဂ္ဂ ဒုတိယ အထွေထွေ အတွင်းရေးမှူးချုပ်က နေပြည်တော်ရှိ လွှတ်တော်ကိုယ်စားလှယ်များနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တွေ့ဆုံ စဉ် ပြောကြားခဲ့သည်ဟု UNOPS က သတင်းထုတ်ပြန်လိုက်သည်။

ကုလသမဂ္ဂ ဒုတိယ အထွေထွေအတွင်းရေးမှူးချုပ်နှင့် ကုလသမဂ္ဂ စီမံကိန်း ဝန်ဆောင်မှုရုံး (UNOPS) အမှုဆောင် ညွှန်ကြားရေးမှူးဖြစ်သည့် Ms. Grete Faremo သည် မတ်လ ၂၅ရက်တွင် နေပြည်တော်၌ လွှတ်တော် ကိုယ်စားလှယ်များ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

"မြန်မာနိုင်ငံအနေနဲ့ အကူးအပြောင်းကာလမှာ သန်းနဲ့ချီတဲ့ ပြည်သူတွေအထူးသဖြင့် နွမ်းပါးပြီး ထိခိုက်လွယ်တဲ့ လူထူ လူတန်းစားတွေအတွက် ကျန်းမာရေးနဲ့ အသက်မွေးဝမ်းကျောင်း ကဏ္ဍတွေမှာ တိုးတက်ဖို့ အခွင့်အလမ်းများစွာ ရှိပါတယ်" ဟု Ms. Faremo က ပြောကြားခဲ့သည်။

ကုလသမဂ္ဂ  စီမံကိန်းဝန်ဆောင်မှုရုံး (UNOPS) သည် ထောင်စုနှစ် ဖွံ့ဖြိုးရေး ရည်မှန်းချက် သုံးမျိုးရန်ပုံငွေ (3MDG)၊ သက်မွေးဝမ်းကျောင်းနှင့် စားနပ်ရိက္ခာဖူလုံရေး ရန်ပုံငွေ (LIFT) တို့အတွက် ရန်ပုံငွေစီမံခန့်ခွဲသူ အဖြစ် ဆောင်ရွက်လျက်သည်။

ထို့ပြင် TB ၊ AIDS နှင့် ငှက်ဖျားရောဂါ တိုက်ဖျက်ရေးတို့အတွက် ကမ႓ာ့ရန်ပုံငွေမှ မြန်မာနိုင်ငံအတွက် ရန်ပုံငွေ အဓိက လက်ခံရရှိသည့် အဖွဲ့အစည်းလည်း ဖြစ်ပြီး မြန်မာနိုင်ငံတွင် ၁၉၉၆ခုနှစ်က စတင်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

Most read this week