လူ့အခွင့်အရေးဆိုင်ရာ သတင်းတင်ပြချက်များ ကောင်းမွန်ရန် မီဒီယာနှင့် အရပ်ဘက်အဖွဲ့များ ဆွေးနွေး

လူ့အခွင့်အရေးဆိုင်ရာ သတင်းတင်ပြချက်များ ကောင်းမွန်ရန် မီဒီယာနှင့် အရပ်ဘက်အဖွဲ့များ ဆွေးနွေး
by -
မဇ္ဈိမ

 ပြည်တွင်း မီဒီယာများတွင် လူ့အခွင့်အရေးဆိုင်ရာ သတင်းတင်ပြချက်များ တိုးတက်ကောင်းမွန် စေရေးအတွက် မီဒီယာနှင့် အရပ်ဘက် အဖွဲ့အစည်းများအကြား အပြန်အလှန်ဆွေးနွေးပွဲကို မတ်လ ၂၄ရက်တွင် Park Royal ဟိုတယ်တွင် ပြုလုပ်ခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲကို Internews က ဦးစီးကျင်းပခြင်းဖြစ်ပြီး Internews ၏  ဒါရိုက်တာ ဦးမိုက်ကယ်ပန်က ''အရပ်ဘက်အဖွဲ့အစည်းနဲ့ မီဒီယာကြားထဲမှာ နားလည်မှုရှိအောင် ဆောင်ရွက်တဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။ မီဒီယာနဲ့ အရပ်ဘက်အဖွဲ့အစည်းကြားမှာ အပြန်အလှန် ချိတ်ဆက်မိခြင်း အားဖြင့် သတင်းတင်ပြချက်တွေ ပို်ကောင်းလာအောင် ဘယ်လိုလုပ်ကြမလဲပေါ့'' ဟု ပြောသည်။

NCCT26

အဆိုပါ ဆွေးနွေးပွဲတွင် မြေယာဥပဒေနှင့် မြေယာအခွင့်အရေးအကြောင်း ဆွေးနွေးခြင်း၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် လူအခွင့်အရေး မှတ်တမ်းရုပ်ရှင်ပြသခြင်းနှင့် အလုပ်သမားအခွင့်အရေး စသည်တို့ကို ဆွေးနွေးခဲ့ကြသည်။

လူ့အခွင့်အရေးနှင့်ပတ်သက်ပြီး Human Dignity International Film Festival မှ ဒေါ်မွန်မွန်မြတ်က ''မနှစ်က လွတ်လပ်စွာ ကိုးကွယ်ယုံကြည်မှုနဲ့ ပတ်သက်တဲ့ ရုပ်ရှင်ကားတစ်ကားကို ကြည့်တောင် မကြည့်ရသေးဘဲနဲ့ အမုန်းစကားတွေ ပြန့်ပွားပြီး ပြခွင့်မရခဲ့ဘူး ပိတ်ပင်ခဲ့တယ်။ အစိုးရခွင့်ပြုထားတဲ့ကားကို လူမှုအဖွဲ့အစည်းကနေပြီး ဆင်ဆာလုပ်ခဲ့တယ်။ ကျွန်မတို့နိုင်ငံရဲ့့ လူ့အခွင့်အရေးဆိုတာ အဲဒါကို ကြည့်ခြင်းအားဖြင့် မီဒီယာတွေမှာ ပိုပြီးတာဝန်ရှိလာတယ်'' ဟု ပြောသည်။

အဆိုပါ ဆွေးနွေးပွဲသို့ မီဒီယာများနှင့် အရပ်ဘက်အဖွဲ့အစည်းများ တက်ရောက်ခဲ့ကြပြီး အပြန်အလှန်ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

Most read this week