အကန့် အသတ် အခက်အခဲများနှင့် အိုဘယ့် သုဝဏ္ဏဘူမိ ရှာပုံတော် ခရီးရှည်

အကန့် အသတ် အခက်အခဲများနှင့် အိုဘယ့် သုဝဏ္ဏဘူမိ ရှာပုံတော် ခရီးရှည်
by -
ရွှေဟင်္သာ

သုဝဏ္ဏဘူမိ မြို့ဟောင်းဟု ယူဆ နေသည့် နေရာမှာ သက်တမ်း အားဖြင့် အေဒီ (၁၇) ရာစု သက်တမ်း ရှိမည့် မြို့ဟောင်း ဖြစ်ရန် ယူဆ နေကာ ထိုအထောက် အထားကို ယခု တူးဖော် နေသည့် သထုံမြို့ သုဝဏ္ဏ ဘူမိ တူးဖော်ရေး စီမံချက်မှ ရရှိရန် မွန်သမိုင်း ပညာရှင်များ လိုလား နေကြသည်။

၃၈ နှစ်ကြာ တူးဖော်မှု ရပ်နား ထားပြီး ၂၀၁၃ ခုနှစ် တွင်မှ ပြည်လည် တူးဖော် ဖော်ထုတ် နေသည့် သုဝဏ္ဏဘူမိ မြို့ဟောင်း တူးဖော် မှုမှ အေဒီ (၇) ရာစုဟု အထောက် အထား သက်သေ ပြနိုင်ရန် ကြိုးပမ်း အားထုတ် နေကြ ခြင်းလည်း ဖြစ်သည်။

ပြီးခဲ့သည့် ၁၉၇၄ ခုနှစ်မှ ၁၉၇၈ ခုနှစ် အထိ တကြိမ် တူးဖော် ခဲ့ဖူးကာ ထိုစဉ်က ရရှိ ခဲ့သည့် အိုးခြမ်း ပဲ့အား သာမို လူနစ်စစ် (အပူ ပေးခြင်းနှင့် အရာဝတ္တု၏ သက်တမ်းအား တွက်ချက်ခြင်း) နည်းပညာ ဖြင့် ဆန်းစစ် ခဲ့စဉ် (၁၃) ရာစု အထောက် အထားဟု တွေ့ရှိ ခဲ့ရသည်။

သို့သော်လည်း ထိုဆန်းစစ်မှု၌ နမူနာ ယူခဲ့သည့် အိုးခြမ်းပဲ့မှာ သုဝဏ္ဏ ဘူမိ တည်ရှိရာ နေရာဟု ယူဆ ရသည့် မြို့ရိုး၏ အပြင်ဘက် အပေါ်ယံ အလွှာမှ ရယူ ဆန်းစစ် ခဲ့ခြင်း ဖြစ်သောကြောင့် ယုံကြည်စရာ အထောက် အထား မဟုတ်ကြောင်း သမိုင်း သုသေတီ ဦးစန်းဝင်းနှင့် နိုင်ရဲဇော် တို့က ရွှေဟင်္သာ သတင်းဌာနနှင့် သီးသန့် မေးမြန်းခန်း၌ ရှင်းလင်း ပြောကြား ထားခဲ့သည်။

“မြို့တည်တယ် ဆိုတာ တစ်ခါ တည်ပြီး အမြဲ နေလို့ ရတာမှ မဟုတ်တာ၊ ပြန်လည် မွမ်းမံတယ်၊ ထပ်ပြီး မွမ်းမံတယ်၊ အဲဒီလို အဆင့်ဆင့် ရှိတယ်၊ အထောက်အထား တစ်ခုကို အပေါ်ယံ တူးဖော် မှုကပဲ ရတယ်၊ အဲဒါကို ကြည့်ပြီး ဆုံးဖြတ်မယ် ဆိုရင်တော့ မှားနိုင် ပါတယ်၊ အခု တူးဖော် နေတဲ့ သုဝဏ္ဏ ဘူမိ ဆိုရင် မြိုရိုး ပေါ်ဖို့ (၁၈) ပေလောက် အနက် ကျအောင် တူးပြီးမှ ဒါဟာ မြို့ရိုး ဆိုပြီး ပြောနိုင် တာပါ၊ ဒါ့ပြင်ကို အချို့ နေရာတွေမှာ ဆိုရင် ၁၅ ပေ ၂၀ ပေ လောက် တူးကြည့်ရင် အထပ်ထပ် ဖြစ်နေတဲ့ အလွှာ တွေကို တွေ့ရမယ်၊ ခေတ်တခေတ်နဲ့ တစ်ခေတ်မှာ မွန်းမံပြီး ပြန်တည် ထားတဲ့ အထောက် အထားတွေ ပဲလို့ သုံးသပ်လို့ ရတယ်၊ အပေါ်ဆုံး အလွှာ ကတော့ သက်တမ်း အနုဆုံး ဖြစ်မှာပေါ့” ဟုသမိုင်း သုသေတီ နှစ်ဦးမှ ရွှေဟင်္သာ သတင်းဌာနအား ရှင်းပြ ခဲ့သည်။

သထုံ၌ သုဝဏ္ဏ ဘူမိ မြိ့ဟောင်း တည်ရှိ ကြောင်းကိုလည်း မွန်ဘုရင် ရာမာ ဓိပတိ ဘွဲ့ခံ ဓမ္မစေတီ မင်း၏ အေဒီ (၁၁) ရာစု ခန့်တွင် ရေးထိုး ညွှန်းပြ ထားသည့် ကလျာဏီ ကျောက်စာပါ ဖော်ပြချက် အရ သုဝဏ္ဏ တိုင်းသည် - “ကေလာသ ပေါဝ ဘုရား၏ အနောက် မြောက်ထောင့်၊ မြို့တစ်ဝက် သည်ကာ ေတောင်ပေါ်၊ အခြား တစ်ဝက်က မြေပြင်၊ သမုဒ္ဒရာ နှင့်လည်း နီးလေသည်” ဟု ဆိုလေသည့် အနက်ကိ ထောက်၍ ယခု မွန်ပြည်နယ် ဘီလင်း မြို့နယ်၌ တည်ရှိ မည်ဟု မွန်သမိုင်း ပညာရှင်တို့ အခိုင်အမာ ယူဆ နေကြသည်။

သုဝဏ္ဏ ဘူမိ မြို့ဟောင်းအား မွန်လူမျိုး တို့၏ ရှေးဟောင်း ယဉ်ကျေးမှု မြို့တော် အဖြစ် သတ်မှတ် နိုင်သည် အထိ တူးဖော် သွားရန် မွန်ပြည်နယ် အစိုးရမှ လိုလား နေသော်လည်း ငွေကြေး၊ ပညာရှင်၊ နည်းပညာ အခက်အခဲ များကြောင့် တူးဖော် ရေး၌ ကန့်သတ်မှုဖြင့်သာ တူးဖော် နိုင်ကြောင်း မွန်ပြည်နယ် စီးပွားရေးနှင့် စီမံကိန်း ဝန်ကြီးဌာန ဝန်ကြီးက ပြောသည်။

“ကျနော်တို့ ကတော့ ရှေ့ဟောင်း ယဉ်ကျေးမှု မြို့တော် တစ်ခု ဖြစ်တဲ့ အထိ၊ သုဝဏ္ဏ ဘူမိ ဆိုတာ ခိုင်ခိုင် မာမာ ပြောနိုင်တဲ့ အထိ ဒီလုပ်ငန်းကို ဆက်လုပ် သွားချင်တယ်၊ ဖြစ်နိုင်လို့ ရှိရင် အဲဒီ ဒေသမှာ တကယ်လို့ သတ်မှတ်ချက် တွေနဲ့ ကိုက်ညီတယ် ဆိုရင် ရှေးဟောင်း ယဉ်ကျေးမှု ဇုန်တွေမျိုး ဖြစ်ထွန်း လာစေချင် တာပေါ့” ဟု မွန်ပြည်နယ် စီးပွား / စီမံ ဝန်ကြီး ဌာန ဝန်ကြီး ဒေါက်တာ မင်းနွယ်စိုးက ပြောသည်။

မွန်ပြည်နယ် အစိုးရ အနေဖြင့် ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် လွှတ်တော် အစည်းအဝေး၌ ရှေးဟောင်း ယဉ်ကျေးမှု ထိန်းသိန်းရေး ဥပဒေအား လွှတ်တော်၌ အတည်ပြု ပြဌာန်း ခဲ့ပြီး ဖြစ်၍ လက်ရှိ၌ ထိုဥပေဒအား အကောင် အထည်ဖော် ကျင့်သုံး နိုင်ရေး အတွက် နည်းဥပဒေများ ဆက်လက် ရေးဆွဲလျက် ရှိကြောင်း ၎င်းက ဆိုပါသည်။

ထို့ပြင် ယခု ဆက်လက် တူးဖော်ရန် ရှိသည့် သုဝဏ္ဏဘူမိဟု ယူဆ ရသည့် ကုန်းနေရာ များမှာ လက်ရှိ၌ ပုဂ္ဂလိက ပိုင်ဆိုင်မှုများ အောက်၌ တည်ရှိ နေသည့် အိမ်၊ ခြံ စသည့် ရွာသား များ၏ ပိုင်ဆိုင်ရာ ဌာနများ ဖြစ်၍ သုဝဏ္ဏ ဘူမိ ဟူသည့် မြို့ဟောင်းကို လက်ဆုပ် ခြေဆုပ် တူးဖော် ပြသနိုင်ရန် အခက်အခဲ တစ်ခု ဖြစ်နေကြောင်း ဒေါက်တာ မင်းနွယ်စိုးက ဆက်ပြောသည်။

ထိုသုဝဏ္ဏ ဘူမိ မြို့ဟောင်းအား ရှာဖွေ ဖော်ထုတ် နိုင်ရေး အတွက် ပြီးခဲ့သည့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေး နှစ်၌ ပြည်ထောင်စု အစိုးရမှ ဘတ်ဂျက်ငွေ သိန်း (၂၀၀) ချမှတ် ထားပေး ခဲ့ပြီး သုဝဏ္ဏ ဘူမိဟု ယူဆ ရသည့်ကုန်း (၄၀) ရှိသည့် အနက် ကုန်း (၄) ကုန်း ကိုသာ တူးဖော် နိုင်ခဲ့သည်။

ဤတူးဖော် မှုမှ ရရှိသည့် အထောက် အထား ဒင်္ဂါး၊ အိုးခြမ်းပဲ့၊ မြို့ရိုးဟောင်း ၊ ဘုရား ဆင်းတုတော် စသည့် ပစ္စည်း အမျိုးပေါင်း ၁၀၀ ကျော်အား မွန်ပြည်နယ် ယဉ်ကျေးမှု ပြတိုက်၌ ပြသ ထားကြောင်း ဒေါက်တာ မင်းနွယ်စိုးက ဆက်ပြောသည်။

လာမည့် ပွင့်လင်း ရာသီ၌ အဆိုပါ သုဝဏ္ဏ ဘူမိ မြို့ဟောင်း တူးဖော်ရေး လုပ်ငန်း စဉ်အား ဆက်လက် လုပ်ဆောင် သွားနိုင်ရေး ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေး နှစ်၌ ပြည်ထောင်စု အစိုးရ ထံတွင် ဘတ်ဂျက်ငွေ တောင်းခံ ထားခြင်း ရှိပြီး ပမာဏကို မပြောကြား နိုင်ကြောင်း ရှေးဟောင်း သုသေတနနှင့် အမျိုးသား ပြတိုက် ဦးစီး ဌာန (နေပြည်တော်) မှ လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်းမှ ပြောသည်။

ယဉ်ကျေးမှု အဆင့်အတန်း မြင့်မားသည့် မွန်လူမျိုး များသည်BC 2000 ခန့်မှ စတင်က ေအောက်မြန်မာ နိုင်ငံနှင့် မြစ်ဝ ကျွှန်းပေါ်ဒေသ များတွင် အခြေချ နေထိုင် ခဲ့ပြီး၊ သုဓမ္မဝတီ သထုံမြို့ အပါအဝင် ဝင်းက၊ တိုက်ကလား၊ အရက်သည်မ၊ ကျိုက်ကသာ၊ ဇုတ်သုတ်၊ မုတ္တမ၊ စမ်ပနဂို၊ မုပွန်၊ ဝါခရူ စသည့် မြို့ကြီးများ တည်ထောင်ကာ အခြေချ နေထိုင် ခဲ့ကြကြောင်း သမိုင်း အထောက်အထား များအရ သိရှိ ရသည် ဟုလည်း မွန်ပြည်နယ် အစိုးရ၏ တရားဝင် အင်တာနက် စာမျက်နှာ၌ ဖော်ပြ ထားချက်အရ သိရသည်။

Most read this week